စစ်တပ်ကားဖြင့် တိုက်မိသဖြင့် ထားဝယ်တွင် တစ်ဦးသေဆုံး
diz_admin
March 24, 2021ထားဝယ်မြို့ ထောင်လမ်းဆုံတွင် စစ်တပ်ကားတစ်စီးနှင့် ဆိုင်ကယ် တိုက်မှုဖြစ်ပွားခဲ့သဖြင့် ဆိုင်ကယ်ပေါ်ပါလာသူအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း မျက်မြင်တွေ့သူအချို့ကပြောသည်။ ယနေ့ မတ်လ ၂၃ ရက် နံနက် ၁၁ နာရီကျော်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်မှာ ထားဝယ်အကျဉ်းထောင်ရှေ့ ရန်ကြီးအောင်လမ်းဘက်မှ မောင်းလာသော စစ်တပ်ကားတစ်စီး သည် ထောင်လမ်းဆုံအနီး အကျဉ်ထောင်ဘက်ခြမ်းကပ်လျှက်ရပ်နားထားသော အခြားစစ်ကားတစ်စီးကို ရုတ်တရက်တိမ်းရှောင်စဉ် ဗိုလ်ချုပ်ကြေးရုပ်ဘက်မှနေပြီး အာဇာနည်လမ်းအတိုင်းမောင်းလာသော ဆိုင်ကယ်ကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူတစ်ဦးကပြောသည်။ ယာဉ်တိုက်မှုဖြစ်ပွားစဉ် ဆိုင်ကယ်မောင်းနှင်လာသူမှာ အရှိန်ဖြင့် လွင့်စင်သွားပြီး မြောင်းထဲထိုးကျသွားပြီး ထွက်ပြေးသွားကြောင်း ၎င်းမျက်မြင်ကဆိုသည်။ အနောက်ကစီးလိုက်လာသူမှာမှု ဦးခေါင်းကို ကားတက်ကြိတ်သွားသဖြင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း ၎င်းကဆိုသည်။ “တိုက်သွားတဲ့စစ်ကားက ဘရိတ်မမိဘူးထင်တယ်။ ဆိုင်ကယ်က သူ့လမ်းကြောင်းအတိုင်းလာနေတာ။ လမ်းဆုံမှာကလည်း စစ်ကားတစ်စီးရပ်ထားတယ်။ အဲဒီကားကို လမ်းကြားထဲကထွက်လာတဲ့ စစ်ကားကရှောင်ရင်းနဲ့ တက်ကြိတ်မိသွားတာ” ဟု ၎င်းမျက်မြင်တွေ့သူကဆိုသည်။ […]


