ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းအစိုးရအဖွဲ့ဝင်သုံးဦး မလွတ်သေး

diz_admin

February 9, 2021

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးသုံးဦး မလွတ်သေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်၊ လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဦးကျော်မင်း၊ စီမံ/ဘဏ္ဍာ ဝန်ကြီး ဒေါ်ရီရီချိုတို့ဖြစ်သည်။ ၎င်းတို့ကို ဖေဖော်ဝါရီလ ၁ ရက် နေ့ နံနက် ၄နာရီခွဲခန့်တွင် တပ်မတော်မှ ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ မလွတ်သေးကြောင်း ဖေဖော်ဝါရီ ၅ ရက် နေ့ ညနေပိုင်းတွင် ပြောသည်။ “အခုထိ ဘယ်မှာချုပ်ထားတယ် ဆိုလည်း မသိဘူးခင်ဗျား”ဟု NLD ပါတီ၏ အထက်ပါတာဝန်ရှိသူက ဆို သည်။ အထက်ပါလေးဦးမှာ မည်သည့် နေရာတွင် ချုပ်နှောင်ထားမှန်း မသိရသည့်အတွက် စိတ်ပူနေကြကြောင်း ၎င်းက ပြောသည်။ […]

ကန့်ကွက်ထားသည့် ဒယ်လ်ကိုက သတ္တုစမ်းသပ်တိုင်းတာရန် လျှောက်ထားသည့်ကိစ္စ ငါးလကျော်သည်အထိ အဖြေမသိရသေး

diz_admin

February 9, 2021

ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် သတ္တုစမ်းသပ်တိုင်းတာရန် လျှောက်ထားသည့် ဒယ်လ်ကိုကုမ္ပဏီ၏ လျှောက်ထားမှုကို ဒေသခံများက တရားဝင်ကန့် ကွက်လွှာပို့ပြီး ကန့်ကွက်ထားသော်လည်း ငါးလကျော်ကြာသည်အထိ အစိုးရက မည်ကဲ့သို့ ဆုံးဖြတ်လိုက် သည်ကို အဖြေမသိရသေးကြောင်း သိရသည်။ ဒယ်လ်ကိုကုမ္ပဏီသည် လက်ရှိ ကံပေါက်ရှိ မြေဧက နှစ်ထောင်ကျော်ပေါ်တွင် သတ္တုထုတ်လုပ်ခွင့်ကို ၂၀၂၅ ခုနှစ်အထိ လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ထပ်မံ၍မြေဧက နှစ်ထောင် ကျော်ပေါ်တွင် သတ္တုစမ်းသပ်တိုင်းတာရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။ ယင်းသို့လျှောက်ထားမှုအပေါ်ကို ဒေသခံများကကန့်ကွက်ကြောင်း အကြောင်းကြားစာကို ရေဖြူမြို့နယ်မြေ စာရင်းဦးစီးဌာနထံ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ပထမအပတ်က တရား ဝင်ပေးပို့ခဲ့သည်။ “ရွာသားတွေကတော့ သူတို့ လက်မခံနိုင်လို့ တင်ထားတာပေါ့။ ကျန်တာကတော့ ထွေထွေထူးထူး အခုထိ အဖြေတစ်ခုမရသေးဘဲဖြစ်နေတာပေါ့” ဟု ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး […]

ဇမ္ဗူသီရိဆေးခန်း အချိန်တိုးဖွင့်

diz_admin

February 9, 2021

ဇမ္ဗူသီရိ အခမဲ့ဆေးခန်းကို တနင်္လာနေ့ မှ သောကြာနေ့အထိ နံနက် ၉ နာရီမှ ည ၉ နာရီအထိ အချိန်တိုးမြှင့်ဖွင့်လှစ်ထားကြောင်း ဇမ္ဗူသီရိအရေးအပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဦးနိုင်မျိုးသွင်က ပြောကြားသည်။ ယခင်က ဇမ္ဗူသီရိဆေးခန်းကို နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ သာဖွင့်လှစ်ခဲ့သော်လည်း ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်ကာ အချိန်တိုးမြှင့်ဖွင့် လှစ်ခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့မှာ အခုက လူနာတွေက ကြားနေရတာက ဆေးရုံမှာ ဆရာဝန်တွေလည်း မရှိတော့ဘူးလို့ သိနေရတယ်။ နေမကောင်းတဲ့လူတွေ နည်းနည်းခက်ခဲမှုတွေဖြစ်လာရင် လာပြလို့ရအောင်ဆိုပြီး အချိန် ထပ်တိုး လိုက်တယ်။ ဆရာဝန်တွေဘက်ကလည်း ကူညီပေးလာတော့ တိုးပြီးဖွင့်လိုက် တာပေါ့” ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။ ယင်းအပြင် တနင်္လာနေ့မှ သောကြာ […]

မြန်မာ့ အာဏာသိမ်းမှု နယ်စပ် ကုန်သွယ်ရေးနှင့် ထားဝယ်စီမံကိန်းအပေါ် ထိခိုက်နိုင်ခြေ

diz_admin

February 9, 2021

အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ ၏အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံများအနက် တစ်ခုဖြစ်သော ထိုင်းနိုင်ငံ နယ်စပ်ကုန်သွယ်ရေး မည်မျှအထိ ထိခိုက်နိုင်ကြောင်း မှန်းဆချက်များရှိသည်။ အများအားဖြင့် စားသောက်ကုန်နှင့် လူသုံးကုန်များဖြစ်သော ထိုင်းနှင့် မြန်မာ တစ်ရက် ကုန်သွယ်မှု ပမာဏသည် တစ်ရက်လျှင် ဘတ်သန်း ၅၀ နီးပါးမျှ ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံတောင် ပိုင်းအတွက် ဈေးဆိုင်ကြီးဟုပင်ဆိုနိုင်သော ထိုင်းဈေးကွက်သည် တစ်လလျှင် ဘတ် သန်း ၁၅၀ဝ မှ ၂၀ဝ၀ အထိ ထိခိုက်နိုင်ကြောင်း ထိုင်းကုန်သွယ်ရေး တက္ကသိုလ်မှ ပညာရှင် အတ်က ခန့်မှန်း တွက်ချက်ထားသည်။ မူလကပင် ကိုဗစ်ကပ်ဘေးကြောင့် မြန်မာနိုင်ငံဘက်မှ ဝယ်လိုအားကျဆင်းခဲ့ပြီးဖြစ်သည်။ ယခု အာဏာသိမ်းမှု ဂယက်မည်မျှ ကြီးမားမည်ကို ခန့်မှန်းရန် ခက်ခဲနေသေးပြီး အမေရိကန်ပြည် ထောင်စု၊ ဥရောပသမဂ္ဂ၊ […]

၀ယ်လိုအားများသော်လည်း ဆန်မပြတ်နိုင်ဟုဆို

diz_admin

February 9, 2021

တပ်မတော်မှအာဏာသိမ်းသည့် နေ့မှစ၍ ပြည်သူများက ဆန်ဝယ်လိုအား မြင့်တက်ခဲ့ပြီး ဆန်ဆိုင်များတွင် လူအုပ်ကြီးဖြစ်သွားသည်အထိ ဝယ်ယူသူ များခဲ့သည်။ ထိုသို့ ဝယ်လိုအား မြင့်တက်နေသော်လည်း ထားဝယ်ဒေသဈေးကွက်အတွင်း ဆန်မပြတ်နိုင်ကြောင်း ခရိုင်ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ က ဆိုသည်။ လက်ရှိအခြေအနေကဲ့သို့ လမ်းပန်း ဆက်သွယ်ရေးမပြတ် တောက်ပါက ဆန်ပြတ်လပ်မည့် အနေအထားမရှိဘဲ ပုံမှန်လည်ပတ်နေမည်ဖြစ်ကြောင်း အထက်ပါအသင်းဥက္ကဋ္ဌ ဦးနိုင်လွင်လတ် က ပြောသည်။ “ပြည်သူတွေက စိုးရိမ်ပြီးဝယ်နေကြတာ ရာသီဥတုကလဲ မဆိုးဘူး။ သယ်ယူပို့ဆောင်ရေး အခက်အခဲလဲမရှိသေးဘူး။ လက်ရှိအာဏာရှိတဲ့ အဖွဲ့ အစည်းတွေကသာ ပိတ်ဆို့မှုမရှိခဲ့ဘူး ဆိုရင် ဆန်မပြတ်နိုင်ဘူး” ဟု ဦးနိုင်လွင်လတ်က ဆိုသည်။ ထားဝယ်တွင် ဆန်ဝယ်လိုအား မြင့်တက်ခဲ့သော်လည်း ဈေးနှုန်းပြောင်း လဲမှုအနည်းငယ်သာရှိကြောင်း လက်လီ ဆိုင်အချို့ထံမှ သိရသည်။ လက်ရှိကာလတွင် ဆန်ဝယ်လိုအား များနေဆဲဖြစ်သော်လည်း ဆန်တစ်အိတ်လျှင် […]

ရွှေဈေး ငါးရက်အတွင်း ကျပ်ရှစ်သောင်းကျော် ခုန်တက်

diz_admin

February 9, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် ငါးရက်တာကာလအတွင်း ရွှေတစ်ကျပ် သားလျှင် ကျပ်ရှစ်သောင်းကျော် ခုန်တက်သွားကြောင်း ထားဝယ် ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ ရွှေဝယ်လိုအားများလာပြီး စံချိန်တင်ဈေးတက်သွားခြင်းဖြစ်ကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့က ဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်မီ က အခေါက်ရွှေ တစ်ကျပ်သားလျှင် တစ်ဆယ့်သုံးသိန်းနှစ်သောင်းကျပ် ဝန်းကျင်သာ ပေါက်ဈေးရှိရာမှ လက်ရှိတွင် တစ်ဆယ့်လေးသိန်းကျော်အထိ မြင့်တက်သွားခဲ့သည်။ ရွှေလာဝယ်သူများပြားလွန်းသဖြင့် ဆိုင်ကိုပင် ပိတ်လိုက်ရကြောင်း စည်ပင်သာယာဈေးကြီး မြောက်ဘက်တွင် ဖွင့်လှစ်ထားသည့် ရွှေဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။ “မဝယ်နဲ့ဦး၊ ထိန်းထားကြပါဦး ဆိုပြီး ပြောယူရတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်မူ ရွှေဝယ်သူ နည်းပါးသွားခဲ့ပြီး ပုံမှန် အနေအထားအတိုင်းပင် အရောင်းအဝယ် ဖြစ်နေကြောင်း […]

အာဏာသိမ်း ဆန့်ကျင်ရေး ထားဝယ်တွင် ပထမဆုံးအကြိမ်ဆန္ဒပြ

diz_admin

February 8, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့အတွင်း စစ်အာဏာရှင် စနစ်အား ဆန့်ကျင်သည့် ပထမဆုံး အကြိမ်ဆန္ဒပြပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။ ထားဝယ်ဒေသခံလူငယ်ငါးဆယ် ဦးခန့်ပါဝင်ပြီး ရှမ္မလည်ဆွဲလမ်းဆုံမှ အထက ၃ ကျောင်းရှေ့အထိ အသွားအပြန် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။ အဆိုပါ ပထမဆုံးဆန္ဒပြပွဲတွင် ဒေါင်းအလံများကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ နိုင်ငံ တော်သမ္မတ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံနိုင်ငံရေးသမားများအား အမြန်ဆုံးပြန်လွှတ်ပေးရေး အစရှိသည့် အချက်များကို ကြွေးကြော်ခဲ့ကြသည်။ လမ်းလျှောက်ဆန္ဒပြချိန် ၁၅ မိနစ် ခန့် ကြာမြင့်ပြီးနောက် ရှမ္မလည်ဆွဲ လမ်းဆုံသို့ ပြန်ရောက်ချိန်တွင်မူ လူစု ခွဲခဲ့ကြသည်။ မကြာမီ ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ ဝင်များရောက်ရှိလာခဲ့သော်လည်း ယင်းနေရာတွင် ဖမ်းဆီးထိန်းသိမ်းမှု မရှိခဲ့ပေ။ ထားဝယ်မြို့အပြင် ဘုတ်ပြင်းမြို့တွင်လည်း ဆိုင်းဘုတ်များကိုင်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

တနင်္သာရီတိုင်းတွင် ပညာရေး ဝန်ထမ်း ၇ ဦး ကားပါမစ်လျှောက်

diz_admin

February 8, 2021

တနင်္သာရီတိုင်းတွင် ကားပါမစ် လျှောက်ထားသူ ပညာရေးဝန်ထမ်း ခုနစ်ဦးရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ကားပါမစ်လျှောက်သူသည် နိုင်ငံတော်မှ ချီးမြှင့်သည့် ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ်ရရှိထားသူဖြစ်ရမည်ဖြစ်ပြီး အသက် ၅၇ နှစ် နှင့်အထက် ပင်စင်နီး ဝန်ထမ်းများ လျှောက်ထားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ၂၀၂၀ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန် ထားသည်။ ကားပါမစ်လျှောက်ထားခွင့်ကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက တင်ထားသော်လည်း ယခု ဇန်နဝါရီနောက်ဆုံးအပတ်ထိ ပါမစ်ကျမလာသေးကြောင်း အထက်ပါ ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (စီမံ) ဦးဌေးအောင်က ပြောသည်။ ကားပါမစ်လျှောက်ထားသူများမှာ တိုင်းပညာရေးမှူးရုံးမှ လေးဦး၊ မြိတ် တစ်ဦး၊ ထားဝယ် တစ်ဦး၊ ပုလောမြို့ နယ်တွင် တစ်ဦးတို့ ဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။