ထားဝယ် ကြက်စားပြင်တွင် ကျဆုံးသွားသူအား နာရေးအခမ်းအနားမဲ့ သင်္ဂြိုဟ်
diz_admin
March 29, 2021မတ်လ ၂၅ ရက် မနက်ပိုင်းက သေနတ်ဖြင့် အပစ်ခံရခြင်းကြောင့် ကျဆုံးသွားသည့် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်မှ အသက် ၃၆ နှစ်အရွယ် ဦးကျော်သူ၏ ရုပ်အလောင်းကို ယနေ့ မတ်လ ၂၈ ရက်မှာ သဂြိုလ်ခဲ့သည်။ ဦးကျော်သူသည် ဧရာဝတီတိုင်းဘက်ကနေ ထားဝယ်တွင် လာရောက်အခြေချပြီး ကုန်တင်ကုန်ချအလုပ်ကို လုပ်ကိုင်နေသူ ဖြစ်သည်။ ဦးကျော်သူသည် သေနတ်အပစ်ခံရသည့်နေ့ မနက်ပိုင်းအလုပ်သွားရန် ထွက်သွားပြီး မကြာမီ ကြက်စားပြင်ရပ်ကွက်တွင် ပစ်ခတ်မှုများ ဖြစ်ပွားနေစဉ် သေနတ်မှန်ခဲ့ခြင်း ဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်စန်းစန်းထွေးကပြောသည်။ ထိုသို့ ပစ်ခတ်နေစဉ် ရပ်ကွက်အတွင်းမှ လူအချို့မှာ လယ်ကွင်း အတွင်း ထွက်ပြေးကြကြောင်း ကာယကံရှင် အချို့ထံမှ သိရသည်။ ဦးကျော်သူမှာ ထိုသို့ လယ်ကွင်းအတွင်း ထွက်ပြေးစဉ် အပစ်ခံရခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။ […]


