ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းအစိုးရအဖွဲ့ဝင်သုံးဦး မည်သည့်နေရာတွင် ဖမ်းထားသည်ကို မသိရ

diz_admin

February 15, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဋ္ဌ အပါအဝင် NLD တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး သုံးဦးမှာ လက်ရှိ အချိန်ထိ အဖမ်းခံထား ရဆဲဖြစ်ပြီး မည်သည့်နေရာတွင် ဖမ်းထားသည်ကို မသိရသေးကြောင်း မိသားစုဝင်များ အပါအဝင် ပါတီတာဝန်ရှိသူအချို့ ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာ သိမ်းပြီးချိန်မှစ၍ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ လူမှုရေးနှင့် စည်ပင် သာယာရေး ဝန်ကြီး ဦးဟိုပင်၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း၊ စီမံ/ဘဏ္ဍာဝန်ကြီးဒေါ်ရီရီချိုတို့မှာ လက်ရှိအချိန်ထိ အဖမ်းခံထားရဆဲဖြစ်ကြောင်း ပါတီတာဝန်ရှိသူတစ်ဦးက ဆိုသည်။ ၎င်းတို့အနက် လူမှုစည်ပင်ဝန်ကြီး ဦးဟိုပင်အား ဖမ်းဆီးပြီးနောက်တစ်ရက်တွင် အဝတ်အစားအချို့နှင့် သွားတိုက်ဆေး၊ သွားတိုက်တံများကို လိုနေသည် ဟု တာဝန်ရှိသူများက လာတောင်းကြောင်း ဇနီးဖြစ်သူ ဒေါ်မာမာလွင်က ပြောသည်။ ယင်းနောက် ဖေဖော်ဝါရီလ ၅ […]

ပြည်သူ့ဝန်ထမ်းများ ပါဝင်လာည့် ထားဝယ်ဆန္ဒပြပွဲ

diz_admin

February 10, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့တွင် ခြောက်ရက်မြောက်ဆန္ဒပြပွဲတွင် ပြည်သူ့ဝန်ထမ်းများ ပါဝင်လာသည်။ စစ်အာဏာသိမ်းပြီး ၁၀ ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူလူထုအပြင် မြေစာရင်းဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရှေ့နေများ၊ နည်းပညာတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်နှင့် ပုဂ္ဂလိကဘဏ်ဝန်ထမ်း စသည့်ဌာနများမှ ဝန်ထမ်းအချို့ ပူးပေါင်းပါဝင်လာသည်။ ကရင်တိုင်းရင်းသားတို့လည်း ပါဝင်လာသည်။ ထို့အပြင် ပညာရေးဝန်ထမ်းဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်း အစရှိသည့် ပြည်သူ့ဝန်ထမ်းများလည်း ပါဝင်သည်။ ၎င်းတို့သည် ယမန်နေ့ဆန္ဒပြပွဲတွင်လည်း ပါဝင်ခဲ့ပြီးဖြစ်သည်။ ယင်းအပြင် LGBT များ၊ ဂီတအသင်းနှင့် အခြားအသင်းအဖွဲ့များလည်း ပါဝင်သည်။ ယနေ့ဆန္ဒပြရာတွင် ပင်မသပိတ်စစ်ကြောင်းက နံနက် ၈ နာရီခွဲခန့်တွင် ဥတ္တံတားကြီးလမ်းဆုံမှ နိဗ္ဗာန်လမ်းအတိုင်းချီတက်ပြီး ဗဟိုလမ်းဆုံအရောက်တွင် ဆန်းချီလမ်းဆုံဘက်သို့ ချီတက်သွားသည်။ စထွက်ထွက်ချင်းပင် ရဲတပ်ဖွဲ့ကားတစ်စီးက အရှေ့မှကန့်လန့်ခံတားဆီးခဲ့သေးသော်လည်း ဆန္ဒပြသမားတို့က လွတ်နေသည့် လမ်းကြောင်းမှ […]

၂၀၂၀ ခုနှစ်အတွင်း ထားဝယ်ခရိုင်တွင် မီးလောင်မှုနှစ်ဆယ်ကျော်

diz_admin

February 10, 2021

ပြီးခဲ့သည့်နှစ်က ထားဝယ်ခရိုင်အတွင်း မီးလောင်မှု ၂၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီး ဌာနထံမှ သိရသည်။ ၂၀၂၀ ပြည့်နှစ် တစ်နှစ်တာ ကာလအတွင်း လောင်ကျွမ်းသည့်အကြိမ် ရေဖြစ်ပြီး ရှို့မီးကြောင့် လောင်ကျွမ်းမှု အများဆုံးဖြစ်ကြောင်း ယင်းဌာန မှတ်တမ်းအရ သိရသည်။ မီးလောင်မှုကြောင့် ဒုက္ခသည် ၉၃ ဦးရှိခဲ့ပြီး သေဆုံးသူမရှိခဲ့ပေ။ ခရိုင်အတွင်း မြို့နယ်လေးခုရှိသည့်အနက် ထားဝယ်မြို့နယ်တွင် မီးလောင်မှု ၁၂ ကြိမ်ဖြင့် အများဆုံးဖြစ်ကာ ရေဖြူ မြို့နယ်တွင် လောင်ကျွမ်းခဲ့ခြင်းမရှိကြောင်း ယင်းဌာနထံမှ သိရသည်။ ၂၀၁၉ ခုနှစ်တွင် မီးလောင်မှု ၂၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ခရိုင်မီးသတ် စာရင်းအရ သိရသည်။

ဒီရေတောအား ခွင့်ပြုချက်မဲ့ ရှင်းလင်းမြေဖို့နေမှု အမြန်ဆုံးတားဆီးပေးရန် တိုင်ကြား

diz_admin

February 10, 2021

လောင်းလုံးမြို့နယ်အတွင်းရှိ ဒီရေတောအား ခွင့်ပြုချက်မရှိဘဲ မြေဖို့ရှင်းလင်း နေခြင်းအား အမြန်ဆုံးတားဆီးပေးရန် ဒေသခံများက တိုင်ကြားလိုက်သည်။ အောက်ကျောက်ဝပ်ကျေးရွာအုပ်စု၊ ထောင့်နန်းကျေးရွာရှိ ဒီရေတောအား အခြားဒေသခံ လေးဦးက ခွင့်ပြုချက်မရှိဘဲ မြေဖို့ရှင်းလင်းနေသည့်အတွက် ဒေသခံတစ်ရာနီးပါး လက်မှတ်ထိုးကာ လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးထံ ဇန်နဝါရီလ ၂၈ ရက်က တိုင်ကြား လိုက်ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ရှင်းလင်းမြေဖို့နေမှုကြောင့် ဒီရေတောပျက်စီးကာ ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းအပေါ် ထိခိုက်လာနိုင်ခြင်း၊ ရေကြီးမှုကဲ့သို့သော သဘာဝဘေးဖြစ်လာနိုင်ခြင်းနှင့် ဒီရေတောရှိ ဇီဝမျိုးစုံမျိုးကွဲများ လျော့ပါးလာနိုင်ခြင်းတို့အပေါ် ဒေသခံများက စိုးရိမ်နေကြကြောင်း တိုင်ကြားစာတွင် ဖော်ပြသည်။ ယင်းဒီရေတောမှာ ဒေသခံများ၏ စားဝတ်နေရေးနှင့် သဘာဝဘေးကို ကာကွယ်ပေးနေသည့် အဓိကအသက် သွေးကြောဖြစ်နေသည့်အတွက် ကန့်ကွက်တိုင်ကြားရခြင်းဖြစ်ကြောင်း တိုင်ကြားရာတွင် ပါဝင်သည့် ကိုဝိုင်းချို က ဆိုသည်။ “မိုး‌တွင်းဆို ပင်လယ်ထွက် မရတော့ဘူး။ […]

ထားဝယ်တွင် ကိုဗစ်ကာကွယ်ဆေး အလှူငွေ သိန်း ၇၀ဝ ကျော်ရ

diz_admin

February 10, 2021

ထားဝယ်ခရိုင်တွင် ကိုဗစ်ကာကွယ် ဆေးဝယ်ရန် လာရောက်လှူဒါန်းထားသည့် အလှူငွေ ကျပ်သိန်း ၇၅၀ ရရှိ ထားပြီဖြစ်ကြောင်း COVID-19 ထိန်းချုပ် ကာကွယ်ရေးလူထုအခြေပြုအထောက်အကူပြုအဖွဲ့(ထားဝယ်ဒေသ) ထံမှ သိရသည်။ ထားဝယ်ဒေသခံများနှင့် စီးပွားရေး လုပ်ငန်းရှင်များမှ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရန် လာရောက်လှူဒါန်းသည့်ငွေ အနည်းဆုံး ကျပ်ထောင်ဂဏန်းမှ အများဆုံး ကျပ်သိန်း ၅၀ ခန့်အထိ လှူဒါန်းကြသည် ဟု အထက်ပါအဖွဲ့မှ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။ “လာလှူသူတွေကိုတော့ လိုက်ပြီး တော့ယူပေးလိုက်တယ်ပေါ့။ သက်သက်မဲ့တော့ သွားပြီးတော့ လာလှူကြ ဘာကြဆိုတော့ သွားပြီးတော့ မတိုက်တွန်းချင်ဘူး။ အခုလည်း စီးပွားရေးအရလည်း အားလုံးကို အကျပ်အတည်းတွေလည်း ရှိနေတယ်ပေါ့နော်။ အဲဒီလိုမျိုးဆိုတော့ ဆန္ဒရှိသူ လာလှူကြပေါ့နော်” ဟု ဦးကျော်ကျော်ဦးက ဆိုသည်။ နိုင်ငံတော်မှ ကိုဗစ်-၁၉ ကာကွယ် […]

ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းများ ဆိုင်းငံ့

diz_admin

February 9, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းမည့် လုပ်ငန်းများကို ဆိုင်းငံ့ထားရန် ညွှန်ကြားလာကြောင်း ထားဝယ်ခရိုင် အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ထံမှ သိရသည်။ ရပ်ကွက်အလိုက် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို ဆိုင်းငံ့ထားရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဖုန်းဖြင့် ညွှန်ကြားလာကြောင်း ထားဝယ်မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။ ယခင်က ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ရန် နေ့ရက်သတ်မှတ်ပြင်ဆင်ထားရာမှ ဖုန်းဖြင့်ညွှန်ကြားလာသည့်အတွက် ရွေးချယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ကြောင်း အထက်ပါအုပ်ချုပ်ရေးမှူးက ပြောသည်။ ယင်းကဲ့သို့ ရပ်ဆိုင်းထားရန်သာ ပြောပြီး မည်ကဲ့သို့ ဆက်လုပ်မည်ကိုမူ ညွှန်ကြားခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။ “ဘယ်လိုစီမံခန့်ခွဲမလဲတော့ မသိဘူး၊ ပြန်ပြီးပဲ ခန့်မလား အခြားလူကို ဆွဲခန့်မလားဆိုတာ အတိအကျမသိ ရသေးဘူးခင်ဗျား” ဟု အထက်ပါ အုပ်ချုပ်ရေးမှူးက ပြောသည်။ ထားဝယ်မြို့နယ်အပြင် သရက် ချောင်းမြို့နယ်တွင်လည်း ယင်းကဲ့သို့ ရပ်ဆိုင်းထားရန် […]

သောင်းကျန်းဆဲ မြေသယ်ကားများ

diz_admin

February 9, 2021

လောင်းလုံးမြို့နယ် သောကြာပြင် ကျေးရွာတစ်ဝိုက်တွင် မြေသယ်ကားများ ကို အချိန်ကန့်သတ်ကာ ပြေးဆွဲရန် မြို့နယ်တာဝန်ရှိသူများက စည်းကမ်း သတ်မှတ်ထားသည်။ မြေသယ်ကားသွားလာချိန်ကို နံနက် လေးနာရီမှ နံနက် ခုနစ်နာရီခွဲအထိ တစ်ကြိမ်နှင့် နေ့လယ် နှစ်နာရီခွဲမှ ညကိုးနာရီခွဲအထိ တစ်ကြိမ် တစ်ရက် လျှင် နှစ်ကြိမ်သွားလာရန် ကန့်သတ် ထားသည်။ ယင်းနေရာတစ်ဝိုက်တွင် မြေသယ်ကားများ သောင်းကျန်းနေသည့်အတွက် ဇန်နဝါရီလအတွင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ဒေသခံလေးဆယ်ကျော် လက်မှတ်ထိုး တိုင်ကြားခဲ့ပြီးနောက် ယင်းကဲ့သို့ အချိန်ကန့်သတ်ခဲ့ခြင်းဖြစ်သည်။ သောင်းကျန်းမြေသယ်ကား ပြေးဆွဲခွင့်အချိန်ကန့်သတ် လက်ရှိတွင်မူ အဆိုပါကန့်သတ်ချက်များကို လိုက်နာမှုမရှိတော့ဘဲ ယခင် အတိုင်းပင် အချိန်ပြည့်နီးပါး သွားလာနေကြသည်ဟု သောကြာပြင်ရွာနေ ဒေသခံ အချို့က ဆိုသည်။ တပ်မတော်မှ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်ကာ ယခင်ပုံစံအတိုင်း […]

ညမထွက်ရအချိန် အပြောင်းအလဲမရှိ

diz_admin

February 9, 2021

ညမထွက်ရအဖြစ် သတ်မှတ်ထားသည့် အချိန်ကာလ အပြောင်းအလဲ မရှိကြောင်း ထားဝယ်မြို့နယ်အုပ်ချုပ်ရေး ဦးအောင်ဆန်းဝင်းက ပြောသည်။ ကိုဗစ်ကပ်ဘေးစတင် ဖြစ်ပွားချိန် က ထုတ်ပြန်ထားသည့်အတိုင်း ည ၁၂ နာရီမှ နံနက် ၄ နာရီအထိသာဖြစ်ပြီး အချိန်ပြောင်းလဲခြင်းမရှိကြောင်း ၎င်းက ဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်မှအာဏာသိမ်းပြီးနောက် ညမထွက်ရအမိန့်ကို အချိန်စော သတ်မှတ်လိုက်သည်ဟု ကောလာဟလသတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ သည်။ ညမထွက်ရအချိန်မှာ ယခင် အတိုင်းပင်သတ်မှတ်ထားပြီး နှစ်လ တစ်ကြိမ် သက်တမ်းတိုးနေကြောင်း ဦးအောင်ဆန်းဝင်းက ဆိုသည်။ “ညမထွက်ရအမိန့်ကတော့ နဂို အချိန်ပဲ။ လောလောဆယ် ပြင်မထားဘူးလေ” ဟု ၎င်းက ပြောသည်။ တပ်မတော်မှ အာဏာသိမ်းပြီးနောက် အသစ်ဖွဲ့စည်းမည့် ဖွဲ့စည်းပုံအရ မြို့နယ်အုပ်ချုပ်ရေးမှူးသည် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ […]