ထားဝယ်မြို့ပေါ် ဒရမ်သမားနှင့် ဇနီး အဖမ်းခံရ
diz_admin
April 2, 2021ထားဝယ်သပိတ်စစ်ကြောင်းတွင်ပါဝင်လေ့ရှိသူ အသက် ၃၅ နှစ်အရွယ် ကိုဇေလင်းဦး နှင့် ဇနီး မနှင်းစုလှိုင် နှစ်ဦးအား ကျောက်မော်ရပ်၊ ကျန်းမာရေးလမ်းတွင် ထားဝယ်မြို့တွင် မတ်လ ၃၁ ရက် နေ့လယ်ပိုင်းက အဖမ်းခံရကြောင်း သိရသည်။ ကိုဇေလင်းဦးမှာ တေးဂီတအဖွဲ့တစ်ခုတွင် ဒရမ်တီးသူတစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူမှာ ကိုဗစ်ကာလတွင် စင်ကာပူမှ ပြန်လာသူဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။ အဆိုပါလင်မယားနှစ်ဦးမှာ အိုးလုပ်ပြင်ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး စစ်အာဏာရှင်တော်လှန်ရေး ဆန္ဒပြပွဲများတွင် ပါဝင်နေသူဖြစ်သည်ဟု သိရသည်။ ၎င်းတို့နှစ်ဦးကို မဖမ်းဆီးမီ ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်စစ်ဆေးရေးဂိတ်တွင် အသက် ၃၆ နှစ်အရွယ်ရှိ ကိုမောင်မောင်ဝင်း ဖမ်းမိခဲ့ပြီး ကွင်းဆက်တရားခံအဖြစ် ကိုဇေလင်းဦးတို့ လင်မယားကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း မြဝတီရုပ်မြင်သံကြားက မတ်လ ၃၁ ရက် ည ၈ နာရီသတင်းတွင် […]


