တနင်္သာရီတိုင်းက အကျဉ်းသားတစ်ထောင်ကျော်ကို ပြန်လွှတ်
diz_admin
February 16, 2021တပ်ကအာဏာသိမ်းပြီး ၁၂ ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၂ ရက်က တနင်္သာရီတိုင်းမှ အကျဉ်းထောင်အသီးသီးက အကျဉ်းသားတစ် ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးလိုက်သည်။ ထားဝယ်အကျဉ်းထောင်မှ ၁၄၅ ဦး၊ မြိတ်အကျဉ်းထောင်မှ ၃၆၂ ဦး၊ ကျောက်ဖြူကျောက်ထုတ်စခန်းမှ ၁၇၂ ဦး၊ ပုလောမြို့နယ် နတ်စင်ကုန်းအကျဉ်း စခန်းမှ ၄၈ ဦး၊ တနင်္သာရီမြို့နယ် ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးအသက်ကယ်စခန်းမှ ၁၅၉ ဦး၊ ကော့သောင်း အကျဉ်းထောင်မှ ၂၄၀ ဦးကို လွှတ် ပေးလိုက်ခြင်းဖြစ်သည်။ ယင်းလွှတ်ပေးလိုက်သူများတွင် ထိုင်းနိုင်ငံသား ခြောက်ဦး၊ ဘင်္ဂလီ နှစ်ဦး၊ ဂျပန်နိုင်ငံသားတစ်ဦး စုစုပေါင်း နိုင်ငံခြားသား ကိုးဦးပါဝင်ပြီး အမျိုးသား ၁၀၆၈ ဦး၊ အမျိုးသမီး ၅၈ ဦးပါဝင်သည်။ ထားဝယ်အကျဉ်းထောင်မှ လွတ်မြောက်လာသူများအထဲတွင် မူယစ်ဆေးအမှုဖြစ်ထောင်ကျနေသူများ၊ […]


