စစ်မှုထမ်းရန် ဖမ်းဆီးခံရသည့် ထားဝယ်မြို့ခံလူငယ်များ တပ်ဆေးရုံတွင် ဆေးစစ်ပြီးဟုဆို
Dawei Watch
August 7, 2025စစ်အာဏာရှင်တပ်က စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁၆ အတွက် ဖမ်းဆီးစုဆောင်းထားသည့် ထားဝယ်မြို့ခံ လူငယ်များ ကို သြဂုတ် ၆ ရက်တွင် ကျန်းမာရေးဆေးစစ်ကြောင်း အဖမ်းခံရသူများနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ သြဂုတ်လ ၄ရက်တွင် စစ်အာဏာရှင်တပ်သားများသည် ထားဝယ်မြို့ပေါ်ရှိ ရှမ္မလည်ဆွဲ၊ တလိုင်းထိန်၊ ဥဿရံရပ်ကွက် တို့တွင် နေထိုင်သည့် လူငယ် ၁၁ ဦးကို စစ်မှုထမ်းအတွက် ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံရရာတွင် ပါဝင်သူနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ “စစ်တပ်ဆေးရုံမှာပဲ (ဆေး) စစ်တာ” ဟု ၎င်းက ပြောသည်။ ၎င်းတို့ကို ထားဝယ်မြို့ အခြေစိုက် အမှတ် ၁၂ ကုတင် ၁၀၀ စစ်ဆေးရုံတွင် ဆေးစစ်ခဲ့ကြောင်း စုံစမ်းသိရသည်။ စစ်မှုထမ်းအတွက် ဖမ်းဆီးစုဆောင်းခံရသည့် စုဆောင်းထားသည့် အဆိုပါလူငယ်များကို […]


