ဆိုင်ကယ်သွားထုတ်သည့် ကျောင်းဆရာမတစ်ဦးနှင့် သားဖွားဆရာမတစ်ဦး အဖမ်းခံရ
diz_admin
April 13, 2021ဆိုင်ကယ်သွားထုတ်သည့် ကျောင်းဆရာမတစ်ဦးနှင့် သားဖွားဆရာမတစ်ဦး ဧပြီလ ၁၀ ရက်နေ့လယ်ပိုင်းက အဖမ်းခံခဲ့ရကြောင်း ထားဝယ်ကုသိုလ်ဖြစ်ဆေးအဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာ မတ်လ ၂၇ ရက်က ကျည်ဆန်ထိမှန်ခဲ့သည့် လူနာအမျိုးသားတစ်ဦးကို သွားရောက်ကုသပေးစဉ် ကုသိုလ်ဖြစ်ဆေးခန်းမှ ဆိုင်ကယ်သုံးစီးကို ရဲတပ်ဖွဲ့နှင့် စစ်သားများက သိမ်းယူသွားပြီး ဧပြီလ ၁၀ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ဆိုင်ကယ်လာထုတ်ရန် တိုင်းရဲရုံးသို့ ခေါ်ယူသဖြင့် သွားရောက်ထုတ်ယူစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု အထက်ပါဆေးအဖွဲ့မှ အမျိုးသားတစ်ဦးက ပြောသည်။ တိုင်းရဲရုံးတွင် ဆိုင်ကယ်သွားထုတ်ရန် ကျောင်းဆရာမက ဦးစွာရောက်ရှိခဲ့ခြင်းဖြစ်ပြီး ညီမဖြစ်သူ သားဖွားဆရာမအား တိုင်းရဲရုံးကိုလာခဲ့ရန် ခေါ်သဖြင့် ညီမဖြစ်သူနှင့် ကုသိုလ်ဖြစ်ဆေးခန်းမှ ဆေးဝါးအကူ သူနာပြုဆရာတစ်ဦး ရောက်ရှိစဉ် ဖုန်းများကို စစ်ဆေးပြီး သုံးဦးစလုံးကို တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားလိုက်ခြင်းဖြစ်သည်။ သူနာပြု အမျိုးသားကိုမူ ညနေပိုင်းတွင် ခံဝန်ဖြင့် […]


