ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

မြို့သစ် ၇ လမ်းတွင် အဖမ်းခံရသည့် ကိုဝေယံကျော်အား ဖမ်းထားသည့်နေရာ မိသားစု မသိရသေး

diz_admin

June 12, 2021

ထားဝယ်မြို့၊ မြို့သစ် ၇ လမ်းတွင် ဖမ်းခံရသည့် ကိုဝေယံကျော်အား မည်သည့်နေရာတွင် ဖမ်းထားသည်ကို မသိရသေးကြောင်း ၎င်း၏ မိခင်ဖြစ်သူက ပြောကြားသည်။ ထားဝယ်မြို့သစ်ရှိ ကိုဝေယံကျော်ပိုင်သည့် စားသောက်ဆိုင်အတွင်းသို့ အရပ်ဝတ်နှင့် လူလေးဦးဝင်လာပြီး ခေါ်ဆောင်သွားသည်ဟု မိခင်ဖြစ်သူက ပြောသည်။ သားဖြစ်သူကို မည်သူတို့က မည်သည့်နေရာသို့ မည်သည့်အကြောင်းကြောင့် လာရောက်ဖမ်းဆီးသွားသည်ကို မသိရကြောင်း မိခင်ဖြစ်သူက ဆိုသည်။ “အရင်တုန်းက ဆန္ဒပြပွဲတွေရှိတုန်းကတော့ သူငယ်ချင်းအပေါင်းအသင်းနဲ့ဆိုတော့ တစ်ခါတစ်လေလည်း လိုက်ဖြစ်တယ်ပေါ့၊ နောက်ပိုင်းကတော့ မလိုက်ဖြစ်ပါဘူး”ဟု မိခင်ဖြစ်သူက ဆိုသည်။ မနေ့ ညနေပိုင်းက ထားဝယ်မြို့မရဲစခန်းတွင်သွားရောက် မေးမြန်းခဲ့သော်လည်း ဖမ်းဆီးလာသူမရှိဟု ပြန်လည်ပြောဆိုသဖြင့် မိသားစုဝင်များက ကိုဝေယံကျော်အတွက် စိုးရိမ်ပူပန်နေကြသည်ဟု ပြောသည်။ ကိုဝေယံကျော်မှာ အသက် ၂၅ နှစ်ခန့်ရှိပြီဖြစ်ပြီး မိခင်ဖြစ်သူနှင့်အတူ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်နေသူဖြစ်သည်။

ရာသီပေါ်စထက် ဒညင်းသီးဈေး ကျ

diz_admin

June 12, 2021

ရာသီစပေါ်ချိန်နှင့် နှိုင်းယှဉ်ပါက ဒညင်းသီးဈေး တစ်ပုံးလျင် နှစ်ထောင်ကျပ်ခန့်ဈေးကျနေကြောင်း ထားဝယ်မြို့ရှိ ပွဲရုံအချို့ထံမှ သိရသည်။ ဒညင်းသီးစပေါ်ချိန် သင်္ကြန်မတိုင်မီက အခွံပါဒညင်းသီး တစ်ပုံး (၉ ပိသာခွဲပါ) လျှင် ၇၀၀၀ ကျပ်ခန့်ရှိပြီး ယခု ဇွန်လတွင်မူ ၅၀၀၀ ကျပ် ဝန်းကျင်သာရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ “အဲဒီလိုပဲ ပေါလာတယ်ဆို ဈေးကျလာတယ်၊ များလာတယ်ဆို ဈေးကကျလာတာပဲ၊ ရခိုင်ဘက်ကလည်း မယူတော့ဘူးဆိုတော့ ဈေးကျလာတယ်” ဟု ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်ရှိ ဦးမြင့်လွင်ပွဲရုံ ပိုင်ရှင်က ဆိုသည်။ ၂၀၁၉ ခုနှစ်က ထားဝယ်ဒေသထွက် ဒညှင်းသီးတစ်ပုံးလျှင် ၁၂၀၀၀ ကျပ်ခန့်အထိ ဈေးကောင်းရခဲ့သော်လည်း ကိုဗစ်ကာလတွင် တစ်ပုံးလျှင် ကျပ် ၄၀၀၀ ခန့်သာ ရခဲ့သည်။ ထားဝယ်ဒေသထွက် ဒညှင်းသီးကို ရန်ကုန် သီရိမင်္ဂလာဈေးသို့ […]

လောင်းလုံးမြို့နယ်တွင် လူငါးဦးထက် ပိုမစုရ၊ ညမထွက်ရ အမိန့်ထုတ်

diz_admin

June 12, 2021

လောင်းလုံးမြို့နယ်တွင် လူငါးဦးထက်ပိုမစုရ၊ ညမထွက်ရအမိန့်ဖြစ်သည့် ပုဒ်မ ၁၄၄ ကို ဇွန်လ ၁၁ ရက်က ထုတ်ပြန်လိုက်သည်။ ညမထွက်ရသည့် အချိန်မှာ ည ၈ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ မြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် ပြီးခဲ့သည့် မေလက ပြောင်းရွှေ့လာသည့် ဦးအောင်ထိုက် လက်မှတ်ရေးထိုးကာ ယင်းအမိန့်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။ “ဟုတ်ပါတယ် မနေ့က ကျွန်တော်တို့ ( ပုဒ်မ) ၁၄၄ ထုတ်ထားပါတယ်” ဟု ဦးအောင်ထိုက်က ပြောသည်။ တနင်္သာရီတိုင်း၏ မြို့တော်ဖြစ်သည့် ထားဝယ်မြို့နယ် အပါအဝင် မြို့နယ်အများစုတွင် ပုဒ်မ-၁၄၄ ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ထုတ်ပြန်ထားပြီး လောင်းလုံးမြို့နယ်တွင်မူ ယခုမှထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လောင်းလုံးမြို့နယ်အတွင်း စုဝေးခြင်း၊ […]

တနင်္သာရီတိုင်းအတွင်း ကျောင်းအပ်သူ နှစ်ဆယ်ရာခိုင်နှုန်းခန့်သာရှိ ဟုဆို

diz_admin

June 11, 2021

လက်ရှိ ပညာသင်နှစ်တွင် တနင်္သာရီတိုင်းအတွင်း ကျောင်းအပ်သူဦးရေ ၂၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ဇွန်လ ၁၀ ရက်နေ့အထိ စာရင်းအရ ကျောင်းအပ်သူ ခြောက်သောင်းနီးပါးသာရှိသည်။ ပြီးခဲ့သည့် ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ကျောင်းအပ်သူ သုံးသိန်းတစ်သောင်းကျော် ရှိကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။ လက်ရှိပညာသင်နှစ်တွင် ကျောင်းအပ်သူနည်းနေသဖြင့် ပညာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တို့က ကျေးရွာများအထိကွင်းဆင်းကာ ကျောင်းအပ်နှံရေးအတွက် စည်းရုံးနေသည်ဟု အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “မနေ့က လေးထောင်လောက် ထပ်ပြီးလာအပ်ကြတာဆိုတော့ အခုဆို ခြောက်သောင်းလောက် ရှိလာပြီ” ဟု ယင်းတာဝန်ရှိသူက ပြောသည်။ ထားဝယ်မြို့နယ်အတွင်းရှိ တောင်သုံးလုံးကျေးရွာတွင်လည်း ကျောင်းအပ်နှံရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ကျောင်းသားမိဘများကို အစည်းအဝေးခေါ်ယူကာ စည်းရုံးနေသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက Dawei Watch […]

HIV ဆေးထောက်ပံ့နေသည့် နယ်စည်းမထားအဖွဲ့၏ လုပ်ငန်းရပ်နားရန် ညွှန်ကြားချက်အား ပြန်သုံးသပ်ပေးရန် တောင်းဆို

diz_admin

June 10, 2021

တနင်္သာရီတိုင်းအတွင်း HIV ရောဂါပိုးရှိသူများအား ART (HIV ပိုးပြန့်ပွားခြင်းအား ဟန့်တားသည့်ဆေး) ထောက်ပံ့ပေးနေသည့် နယ်စည်းမထား ဆရာဝန်များအဖွဲ့၏ လုပ်ငန်းများ ရပ်ဆိုင်းရန် ညွှန်ကြားချက်ကို ပြန်လည်သုံးသပ်ပေးရန် အနာဂတ် အလင်းရောင် ဘဝတူကူညီပံ့ပိုးရေးအဖွဲ့က ဇွန်လ ၁၀ ရက်နေ့တွင် တောင်းဆိုလိုက်သည်။ အနာဂတ် အလင်းရောင် ဘဝတူကူညီပံ့ပိုးရေးအဖွဲ့သည် ထားဝယ်မြို့တွင် အခြေစိုက်ပြီး HIV ရောဂါပိုးရှိသူများ သောက်သုံးရသည့် ART ဆေးရရှိစေရန် နယ်စည်းမထားဆရာဝန်များအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်သည်။ HIV ရောဂါပိုးရှိသူများအား ကုသပေးနေသည့် နယ်စည်းမထားဆရာဝန်များအဖွဲ့၏ လုပ်ငန်းများ ရပ်ဆိုင်းထားရန် သက်ဆိုင်ရာဌာနက ဇွန်လ ၈ ရက်နေ့တွင် အကြောင်းကြားစာပေးပို့ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် နယ်စည်းမထားဆရာဝန်များအဖွဲ့၏ ART ဆေးပေးဝေမှု ရပ်နားလိုက်သည့်အတွက် နေ့စဉ်သောက်သုံးရန် လိုအပ်သည့်ဆေးဝါးပြတ်သွားနိုင်ပြီး အသက်အန္တရယ်ဖြစ်လာမည်ကို HIV ပိုးရှိသူများက […]

ကိုဗစ်ဆေးစစ်ချက်ပါမှသာ တနင်္သာရီတိုင်းပြင်ပသို့ ခရီးသွားခွင့်ပြုမည်ဟု ထုတ်ပြန်

diz_admin

June 9, 2021

တနင်္သာရီတိုင်းအတွင်းမှ တိုင်းပြင်ပသို့ ခရီးသွားမည်ဆိုပါက ကိုဗစ်ရောဂါရှိ/ မရှိ ဆေးစစ်ချက်ပါမှသာ သွားခွင့်ပြုတော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ တိုင်းပြင်ပသို့သွားလာမည့် ခရီးသည်များအနေဖြင့် ၄၈ နာရီအတွင်း ကိုဗစ်ရောဂါမရှိကြောင်း ဆေးစစ်ထားသည့် အထောက်အထားရှိမှသာ သွားခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ တနင်္သာရီတိုင်းအတွင်း ကိုဗစ်ကူးစက်မှု မြင့်တက်နေသည့်အတွက် ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ခရီးသည်များကို ကလိန်အောင်တံတားတွင် စစ်ဆေးမည်ဖြစ်ပြီး ကိုဗစ်စစ်ဆေးချက် အထောက်အထားရှိမှသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ကိုဗစ်ရောဂါစစ်ဆေးပြီးကြောင်း အထောက်အထားကို ခရီးသည်များအပြင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့လည်း ရှိရမည်ဖြစ်သကဲ့သို့ ကားဂိတ်များကလည်း ၄၈ နာရီအတွင်း ကိုဗစ်စစ်ဆေးထားသည့်အထောက်အထားရှိမှသာ ခရီးသည်တင်ဆောင်ရမည်ဟု ညွှန်ကြားထားသည်။ မြိတ်ခရိုင်တွင်မူ တိုင်းပြင်ပသို့ သွားမည့်သူများကို ကျွဲကူး-ကျောက်ဖျာတံတားဂိတ်တွင် စစ်ဆေးမည်ဖြစ်ပြီး […]

ဖမ်းဆီးခံထားရသည့် ကောင်းမှုနှင့် မော်ငန်းရွာသားနှစ်ဦး ပြန်မလွတ်သေး

diz_admin

June 9, 2021

ဖမ်းဆီးခံထားရသည့် ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကောင်းမှုကျေးရွာသား အသက် ၂၈ နှစ်အရွယ် ကိုမောင်မောင်နှင့် မော်ငန်းကျေးရွာသား အသက် ၂၇ ခန့်အရွယ် ကိုသားကြီးတို့နှစ်ဦး ပြန်လွတ်လာခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ၎င်းတို့နှစ်ဦးအား ဇွန်လ ၈ ရက် နံနက် ၄ နာရီခန့်တွင် စစ်သားဆယ်ဦးခန့်က ဧည့်စာရင်းစစ်မည်ဟုဆိုကာ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကိုမောင်မောင်၏ ဆွေမျိုးတော်စပ်သူတစ်ဦးကပြောသည်။ “သတင်းပေးတဲ့သူက လက်နက်တွေရှိနေတယ်ဆိုပြီးသတင်းပေးလိုက်လို့ ဖမ်းတယ်လို့ပြောတယ်” ဟု ၎င်းကဆိုသည်။ လက်ရှိတွင် ဖမ်းဆီးခံထားရသူနှစ်ဦးအား မောရဝတီရေတပ်တွင် ထိန်းသိမ်းထားပြီး ၎င်းတို့နှစ်ဦး၏ လက်ကိုင်ဖုန်းများကို စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဇွန်လ ၉ ရက် ညနေ ၂ နာရီခန့်တွင်ပြောသည်။ ပုံစာ- ဖမ်းဆီးခံထားရသည့် ကောင်းမှုရွာသား ကိုမောင်‌‌မောင်