တရားမဝင်မြေဖို့ထားသည့် လယ်ယာမြေများ ၇ ရက်အတွင်း ပြန်ဖယ်ပြီး စပါးစိုက်ရမည်
diz_admin
April 24, 2021လောင်းလုံးမြို့နယ်အတွင်း လယ်ယာမြေပေါ် တရားမဝင်မြေဖို့ထားပါက ၇ ရက်အတွင်း ပြန်လည်ဖယ်ရှားရမည်ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဧပြီလ ၂၂ ရက်နေ့တွင် အမိန့်ထုတ်ထားသည်။ အဆိုပါမြို့နယ်အတွင်းရှိ သာယာကုန်းကျေးရွာ လယ်ယာမြေပေါ်တွင် တရားမဝင် မြေဖို့ ၊မြေညှိ၊ မြေပြင်ထားည်ကို စစ်ဆေးတွေ့ရသဖြင့် ၇ ရက်အတွင်း ပြန်လည်ဖယ်ရှားရန် စာထုတ်ထားခြင်းဖြစ်သည်။ ထို့အပြင် ဖို့ထားသည့်မြေကို ဖယ်ရှားပြီး မူလစိုက်ပျိုးခဲ့သည့်စပါးကို ပြန်လည်စိုက်ပျိုးရန်ဟုလည်း အမိန့်တွင်ဖော်ပြထားသည်။ ယင်းကဲ့သို့ လယ်မြေပေါ်မြေဖို့ထားသည့်အတွက် ပြန်လည်ဖယ်ရှားရန် အမိန့်ထုတ်ထားသည့် အခြားနေရာများလည်းရှိကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။ နေရာအရေအတွက်ကိုမူ အသေးစိတ်ပြန်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အမိန့်ထုတ်ထားသည့်အတိုင်း ၇ ရက်အတွင်း ဖယ်ရှားခြင်းမရှိပါက လယ်ယာမြေဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။ လယ်ယာမြေဥပဒေအရ မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရပြီး မြေစာရင်းဦးစီးမှူးက […]


