ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်မြစ်တွင် အမျိုးသားအလောင်းတွေ့

Dawei Watch

August 13, 2025

ထားဝယ်မြစ်အတွင်း၌ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ ဩဂုတ်လ ၁၃ ရက် နံနက်ပိုင်းက တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ မင်းရပ်ကူးတို့ဆိပ်အနီး ထားဝယ်မြစ်အတွင်း ယနေ့ နံနက် ၉နာရီခန့်တွင် တွေ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အင်္ကျီအနီရောင်ဝတ်ဆင်ထားပြီး ပက်လက်အနေအထားဖြင့် တွေ့ရပြီး အလောင်းမှာ ပုပ်ပွနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အလောင်းက နံနေပြီ။ လက်မှာ လက်ပတ်နာရီတစ်လုံး ပတ်ထားတယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။ အဆိုပါ ရုပ်အလောင်းကို ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ နှင့် ထားဝယ်မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ဆယ်ယူရန် လုပ်ဆောင်နေတေကြာင်း ‌ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ သေဆုံးသူအမျိုးသားမှာ မည်သူမည်ဝါ‌ဖြစ်သည်နှင့် သေဆုံးသည့်အကြောင်းအရင်းတို့ကို Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထားဝယ်တွင် ကောက်ညှင်းဆန် ပြတ်လပ်နေသဖြင့် မုန့်လုပ်သူများအခက်တွေ့

Dawei Watch

August 13, 2025

ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်ကစ၍ စျေးကွက်အတွင်း ကောက်ညှင်းဆန် ပြတ်လပ်နေပြီး မုန့်လုပ်သူများ အခက်အခဲဖြစ်နေကြောင်း မုန့်လုပ်ရောင်းသူများထံမှ သိရသည်။ ထိုးမုန့်၊ မုန့်ကုလားမဲ၊ ကောက်ညှင်းစေ့ စသည့် လက်လုပ်မုန့်အများစု ပြုလုပ်ရာတွင် အသုံးပြုသည့် ကောက်ညှင်းဆန် ပြတ်လပ်နေသဖြင့် မုန့်လုပ်ရောင်းသူအချို့ ရပ်နားထားပြီး အချို့မှာ လက်ကျန်ကောက်ညှင်းဆန်ဖြင့် ဆက်လက် ရောင်းနေကြကြောင်း ၎င်းတို့က ပြောသည်။ ရန်ကုန်ဘက်မှလာသည့် ကောက်ညှင်းဆန် ပြတ်နေခြင်းဖြစ်ပြီး ထားဝယ်ဒေသထွက် ကောက်ညှင်းဆန်မှာမူ စျေးကွက်အတွင်း မပြတ်လပ်သော်လည်း မုန့်လုပ်ရာတွင် အသုံးပြုပါက မုန့်အရည်အသွေးညံ့သဖြင့် အသုံးမပြုကြကြောင်း မုန့်လုပ်ရောင်းသူ ထားဝယ်မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ကောက်ညှင်းပြတ်နေတာက ရက် ၂၀ လောက်ရှိပြီ။ တချို့တွေလည်း မုန့်လုပ်တာ ရပ်ထားကြတယ်။ ကျွန်မတို့တော့ ကြိုဝယ်ထားတဲ့ လက်ကျန် ကောက်ညှင်း ရှိသလောက် လုပ်ရောင်းဦးမယ်။ […]

သရက်ချောင်း ကျေးရွာအချို့တွင် ညဘက် သွားလာခွင့်တားမြစ်

Dawei Watch

August 12, 2025

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းပေါ်က ပြင်းဖြူကြီးရွာအပါအဝင် ကျေးရွာသုံးရွာတွင် ညဘက် သွားလာခွင့်မပြုဟု ရပ်မိရပ်ဖများက တားမြစ်ချက်ထုတ်ထားကြောင်း ဒေသခံအချို့က ပြောသည်။ ည ၈ နာရီမှ မနက် ၅ နာရီအတွင်း ဆိုင်ကယ်ဖြင့်သွားလာခြင်း လုံးဝ လုံးဝ မပြုရဟု စာဖြင့် သတိပေးချက်ကို ဓာတ်တိုင်တွင် ချိတ်ဆွဲကာ တားမြစ်ထားကြောင်း ပြင်းဖြူကြီးရွာက ဒေသခံအချို့က ဆိုသည်။ တားမြစ်ထားသည့်အချိန်တွင် သွားလာပါက မိမိတာဝန်သာဖြစ်သည်ဟု သတိပေးတားမြစ်ချက်တွင် ရေးသားထားသည်ကို တွေ့ရသည်။ သို့သော် အရေးပေါ်ကျန်းမာရေးကြောင့် သွားလာလိုလျှင် ဆက်သွယ်ရန် ရပ်မိရပ်ဖများ၏ ဖုန်းနံပါတ်ဖြင့်တကွ ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။ ယင်းသို့ သတိပေးတားမြစ်ချက် ထုတ်ပြန်ထားသည်မှာ နှစ်ရက်ခန့်သာရှိသေးပြီး မည်သည့်အတွက်ကြောင့် ညမထွက်ရ အမိန့်ထုတ်သည်ကိုမူ ရှင်းရှင်းလင်းလင်းမသိကြောင်း ပြင်းဖြူကြီးရွာ ဒေသခံအချို့က ပြောဆိုသည်။ “ရေတက် ရေကျချိန်မှာ […]

နေအိမ်ဖောက်ထွင်း ခိုးယူသည်ဆိုသူနှစ်ဦးအပါ ဆယ်ကျော်သက်သုံးဦးကို လောင်းလုံး ပလဖ ဖမ်းဆီး

Dawei Watch

August 12, 2025

လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် နေအိမ်များကိုဖောက်ထွင်းပြီး ရွှေထည်၊ ငွေသားအချို့နှင့် လက်ကိုင်ဖုန်းများ ခိုးယူခဲ့သည်ဆိုသူ ယောင်္ကျားလေးနှစ်ဦးနှင့် ခိုးရာပါပစ္စည်းလက်ခံထားသည်ဆိုသူ မိန်းကလေးတစ်ဦးတို့ကို ဖမ်းဆီးထား ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်သည်။ သြဂုတ်လ ၁၀ ရက်တွင် နေအိမ်ဖောက်ထွင်းပြီး ခိုးယူခံရကြောင်း ပိုင်ရှင်ဖြစ်သူများက တိုင်ကြားလာသည့်အတွက် ရပ်ကျေး ပအဖ၊ ပလဖ အဖွဲ့ဝင်များနှင့် ပူးပေါင်းစုံစမ်းဖော်ထုတ် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါကျေးရွာရှိ နေအိမ်လေးဆောင်ကို ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းတွင် ဖောက်ထွင်းခိုးယူခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပလဖ တာဝန်ခံ ကိုရသက ပြောသည်။ “အဲဒီနေ့က ရွာမှာအလှူရှိနေတော့ လူတွေလည်း အလှူကိုသွားကြတာ။ သူတို့က ဘယ်အိမ်တွေက ဘယ်လို အခြေအနေရှိလဲ ဆိုတာ […]

စစ်အာဏာရှင်တပ်စစ်ကြောင်း ဖမ်းသွားသည့် လောင်းလုံးဒေသခံသုံးဦးပြန်လွတ်

Dawei Watch

August 11, 2025

စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် ထိပ်တိုက်တိုးမိပြီးနောက် ဖမ်းဆီးခံလိုက်ရသည့် လောင်းလုံးဒေသခံ အမျိုးသားသုံးဦး ယနေ့ ဩဂုတ်လ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သြဂုတ်လ ၉ ရက် မွန်းလွဲပိုင်းတွင် လောင်းလုံးမြို့မှ ပြင်းထိန်ရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် လောင်းလုံးမြို့ခံ အမျိုးသားတစ်ဦးနှင့် ပြင်းထိန်ရွာသားနှစ်ဦးဖြစ်သည့် ကိုဖြိုးမောင်မောင်နှင့် ကိုမင်းကိုနိုင်တို့ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ရဲစခန်းသို့ လိုက်သွားပြီး အကျိုးအကြောင်းရှင်းပြရာက ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း ပြင်းထိန်ရွာခံတစ်ဦးက ပြောသည်။ “ရဲစခန်းကနေပဲ ပြန်လွှတ်ပေးလိုက်တာ။ လွတ်အောင် ပိုက်ဆံတွေပေးရသေးလားဆိုတာတော့ မသိရဘူး” ဟု ၎င်းက ဆိုသည်။ အထက်ပါ အမျိုးသား သုံးဦးစလုံးမှာ အရပ်သားများဖြစ်ကြပြီး စစ်အာဏာရှင်တပ်စစ်ကြောင်းဝင်လာကြောင်း သတင်းကြားသည့်အတွက် နေအိမ်သို့ ပြန်လာကြချိန် လမ်းတွင် […]

စစ်အာဏာရှင်တပ် စစ်ကြောင်းနှင့် ထိပ်တိုက်တိုးသည့် လောင်းလုံးဒေသခံသုံးဦး ဖမ်းဆီးခံရ

Dawei Watch

August 10, 2025

စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်နှင့် ထိပ်တိုက်တိုးသည့် လောင်းလုံးဒေသခံ အမျိုးသားသုံးဦး ဖမ်းဆီးခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သြဂုတ်လ ၉ရက် မွန်းလွဲ ၂ နာရီခန့်တွင် အင်အား ၃၀ ခန့်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် လောင်းလုံးမြို့မှ ပြင်းထိန်ရွာသို့ စစ်ကြောင်းထိုးလာကြောင်း ပြင်းထိန်ရွာခံတစ်ဦးက ပြောသည်။ “စစ်တပ် ဝင်လာနေတယ်ကြားလို့ အိမ်ကို ပြေးတာ။ အဲဒါကို လမ်းမှာသွားတိုးမိပြီး အဖမ်းခံလိုက်ရတာ” ဟု ၎င်းက ဆိုသည်။ အဖမ်းခံရသူသုံးဦးမှာ အသက် ၃၀နှင့် ၄၀ ကြားအရွယ်များဖြစ်ကြပြီး ပြင်းထိန်ရွာခံနှစ်ဦးနှင့် လောင်းလုံးမြို့ခံတစ်ဦးဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပန်းရံလုပ်နေရာက ဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်သည့် ပြင်းထိန်ရွာသား ကိုဖြိုးမောင်မောင်သည် လောင်းလုံးမြို့နှင့် ပြင်းထိန်ရွာကြားတွင် ဖမ်းဆီးခံရပြီး ပြင်းထိန်ရွာသား ကိုမင်းကိုနိုင်သည် နေအိမ်အနီးတွင် ဖမ်းဆီးခံရကြောင်း ဒေသခံအချို့က […]

လောင်းလုံးတွင် ပျူစောထီး ဒုခေါင်းဆောင်တစ်ဦး လက်နက်နှင့်အတူဘက်ပြောင်း

Dawei Watch

August 8, 2025

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ ပျူစောထီးအဖွဲ့က ဒုတိယခေါင်းဆောင်တစ်ဦး လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံသို့ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာကြောင်း လောင်းလုံးမြို့နယ် ပကဖထံမှ သိရသည်။ လောင်းလုံးမြို့နယ် ပကဖ အဖွဲ့ထံ ကနဦးဆက်သွယ်ပြီး ဇူလိုင်လ ၁၀ရက်တွင် ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်ပြီး MA2 သေနတ်တစ်လက်၊ ဗုံးသီး သုံးလုံး၊ အီနာဂါ တစ်လုံး၊ စကားပြောစက်တစ်ခု၊ ကျည်ဆံအတောင့် ၂၀၀ နှင့် ကျည်ဘောက်နှစ်ခု ယူဆောင်လာကြောင်း လောင်းလုံး ပကဖထံမှ သိရသည်။ “သူထွက်လာတဲ့နေ့က ဆိုင်ကယ်နဲ့ ထွက်လာ။ သူ့စခန်းက ကားကို ဘီးဖြုတ် အင်ဂျင်တွေကိုလည်း ဖျက်ဆီးထားခဲ့တယ် ပြောတယ်။ သူ့နောက်ကို လိုက်လာလို့ မရအောင်ပေါ့” ဟု လောင်းလုံးမြို့နယ် ပကဖ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ကိုရှဲဒိုးက ပြောသည်။ ကျော်နီမော်ရွာတွင် စစ်အာဏာရှင်တပ်နှင့် […]

စစ်အာဏာရှင်တပ် ပစ်သည့်လက်နက်ကြီးကျည် လောင်းလုံးမြို့ပေါ် ကျရောက်ပေါက်ကွဲ

Dawei Watch

August 7, 2025

လောင်းလုံးမြို့ပေါ် လူနေရပ်ကွက်အတွင်း ယနေ့ သြဂုတ်လ ၇ရက် ညနေ ၅ နာရီခွဲခန့်တွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲကြောင်း မြို့ခံအချို့က ပြောသည်။ လောင်းလုံးမြို့မရဲစခန်းရှိ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် သုံးလုံးသည် (ဃ) ရပ်ကွက်ရှိ နေအိမ်တစ်လုံးအရှေ့ ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း လောင်းလုံးမြို့ခံတစ်ဦးက ဆိုသည်။ “ဆိုင်ရှေ့ကိုကျတာ။ တံခါးတွေ ပျက်(စီး)သွားတယ်။ အဲဒီချိန် လူတွေလည်း အပြင်မှာရှိနေကြတာ၊ လူတွေမထိတာ တော်တော်ကံကောင်းတယ်” ဟု ၎င်းက ပြောဆိုသည်။ Dawei Watch က ကြည့်ရှုခဲ့ရသည့် ဓာတ်ပုံများတွင် လက်နက်ကြီးကျည်ထိမှန်သည့်အတွက် အိမ်ရှေ့မျက်နှာစာရှိ အုတ်နံရံနှင့် သံတံခါး၏ အောက်ခြေ ကြေမွသွားသည်ကို တွေ့ရသည်။ ကျန်သည့် လက်နက်ကြီးကျည် နှစ်လုံးသည်လည်း ယင်းနေရာအနီးအနားတွင်ပင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ လောင်းလုံးမြို့နှင့် […]