သပိတ်ဦးဆောင်သူ အပါအဝင် ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံရသူအချို့ ထောင်ဒဏ်လေးနှစ်အထိ ချမှတ်ခံရ ဟုဆို
diz_admin
June 23, 2021ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံရသည့် ဆန္ဒပြဦးဆောင်သူ ကိုအောင်ဝေယံကျော်အပါအဝင် အဖမ်းခံရသူ ကိုးဦးအနက် အချို့ကို ထောင်ဒဏ်လေးနှစ်အထိ ချမှတ်ခဲ့ကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။ ၎င်းတို့ကို မတ်လ ၁၈ ရက်နေ့က ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အမှုအား အချိန်ခြောက်လအတွင်း အပြီးစစ်ဆေးရန် ဆုံးဖြတ်ထားသည်။ အဖမ်းခံရသူကိုးဦးကို ဇွန်လ ၂၁ ရက်နေ့က အမိန့်ချလိုက်ခြင်းဖြစ်ပြီး သပိတ်ဦးဆောင်သူအပါအဝင် အဖမ်းခံရသူအချို့ကို ထောင်ဒဏ် ၄ နှစ်အထိ အမိန့်ချလိုက်သည်ဟု ရှေ့နေမှတစ်ဆင့်သိရကြောင်း ကိုအောင်ဝေယံကျော်၏ မိသားစုဝင်တစ်ဦးက ဆိုသည်။ အချို့ကိုမူ ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့သည်ဟု သိရကြောင်း ၎င်းကပြောသည်.၎င်းတို့ကို ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး မည်သူ့ကို မည်သည့်ပုဒ်မ ဖြင့် တရားစွဲဆိုခဲ့ပြီး ချမှတ်ခံရသည့် ထောင်ဒဏ်အတိအကျကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ […]


