ဒက္ခိဏသတင်းထောက် ပုဒ်မနှစ်ခုဖြင့် တရားစွဲခံရ၊ မနက်ဖြန် ရုံးထုတ်မည်
diz_admin
May 5, 2021ထားဝယ်အခြေစိုက် ဒက္ခိဏသတင်းဌာန သတင်းထောက် ကိုနိုင်လင်းထွန်းအား ပုဒ်မနှစ်ခုဖြင့် တရားစွဲခံထားရပြီးမေလ ၆ ရက်နေ့တွင် အမှုစစ်ဆေးမည့် ရုံးချိန်းရှိကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။ Dakkhina Insight (ဒက္ခိဏ) သတင်းဌာန သတင်းထောက် ကိုနိုင်လင်းထွန်းသည် ဧပြီလ ၂၁ ရက်နေ့ နံနက်က ဆန္ဒပြပွဲသတင်းယူနေစဉ် ရဲနှင့် စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့သည်။ ထိုနေ့ ညနေတွင်ပင် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ခဲ့ကြောင်း အထက်ပါရှေ့နေက ဆိုသည်။ ကိုနိုင်လင်းထွန်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ – ၁၄၅ ၊ ၅၀၅ – က တို့ဖြင့် တရားစွဲတင်ခဲ့ကြောင်း ၎င်းက ပြောသည်။ မေလ ၆ ရက်နေ့ ရုံးချိန်းကို ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း ယင်းရှေ့နေက ဆိုသည်။ “မနက်ဖြန်ရုံးချိန်းမှာဆိုရင် […]


