BREAKING
November 3, 2025

ထားဝယ်

သရုပ်ဖော် ဆန္ဒပြ

diz_admin

February 15, 2021

အခြား မြန်မာနိုင်ငံတစ်ဝန်းနည်းတူ အာဏာသိမ်းအစိုးရအား ဆန္ဒပြပွဲတွင် လူအများစိတ်အာရုံကို ဖမ်းစားနိုင်ရန်အတွက် သရုပ်ဖော်ချက်များဖြင့် ထုတ်ဖော်ပြလာပြသည်။ထားဝယ်မြို့တွင် ငါးရက်မြောက်ဆန္ဒထုတ်ဖော်သည့်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် သရုပ်ဖော်ဆန္ဒပြမှုတစ်ခုစ၊ နှစ်ခုစကို စတင်တွေ့လာရသည်။ မျက်လုံးနေရာတွင်သာ အပေါက်ဖောက်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကိုပိတ်စဖြင့် ခေါင်းမြီးခြုံထားသည့် လူငယ်သုံးဦး ငါးရက်မြောက်အဓိက သပိတ်စစ်ကြောင်းနှင့်အတူ ပါလာ သည်။ မျက်လုံးအပေါက်နေရာတွင် မျက်မှန်အနက်တပ်ထားသည်။ လူငယ် တစ်ဦးမှာ နို့ဘူးစို့နေပြီး ကျန်တစ်ဦး မှာသေနတ်မသုံးရ သင်္ကေတကိုင် စာရွက်ကိုကိုင်ထားသည်။ ယင်းသရုပ်ဖော်ချက်မှာ ကလေးများကို သေနတ်ဖြင့်ခြိမ်းခြောက်ခြင်း၊ ပစ်ခတ်ခြင်းမပြုရဆိုသည်ကို ထုတ်ဖော်ပြသခြင်းဖြစ်ကြောင်း လူငယ် တစ်ဦးက ပြောသည်။ “ဒီလို Performance (သရုပ်ဖော်) တွေလုပ်ပြီးပြတာက နိုင်ငံတကာကို ဒီနိုင်ငံမှာဘာတွေဖြစ်နေတယ်ဆိုတာကို သိစေချင်လို့ပါ” ဟု ၎င်းက ဆို သည်။ ‌ခြောက်ရက်မြောက် ဆန္ဒပြပွဲတွင်မူ သရုပ်ဖော် […]

အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ထိုင်းလူမှုအဖွဲ့များ သဘောထားထုတ်ပြန်

diz_admin

February 15, 2021

ထိုင်းနိုင်ငံမှ လူမှုရေးနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ ရှေ့နေများ၊ ပညာရှင်များပါဝင်သည့် လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး မိတ်ဆွေများအဖွဲ့က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်က သဘောထား ထုတ်ပြန်လိုက်သည်။ ဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ထောက်ခံပြီး ခေတ်နောက်ပြန်ဆွဲနေသည့် လက်မခံနိုင်စရာ အဖြေဖြစ်သည့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်အာဏာရှင် ဆန့်ကျင်ရေး မိတ်ဆွေများအဖွဲ့က ဒီမိုကရေစီအရေး လိုလားသည့် ဆန္ဒပြသူများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်နေမှုများကို ရပ်တန့်ရန်နှင့် ဖမ်းဆီးထိန်းသိမ်းထား သူများကို ပြန်လွှတ်ပေးရန် တောင်းဆို လိုက်သည်။ ၂၀၂၀ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ရလဒ်များကို လက်ခံပေးရန်နှင့် အရေးပေါ်အခြေအနေ ကြေညာထားခြင်းကို ပြန်လည်ရုတ်သိမ်း ပေးရန်လည်း တောင်းဆိုလိုက်သည်။ […]

ညမထွက်ရအမိန့်ကြောင့် အခြေခံလူတန်းစားများ အခက်တွေ့

diz_admin

February 15, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် ညမထွက်ရအမိန့်ထုတ်ပြီး ကန့်သတ်လိုက်သဖြင့် အခက်တွေ့နေရကြောင်း ညဘက်ရောင်းသည့် မိုးမလင်း လက်ဖက်ရည်ဆိုင်များနှင့် ဈေးဆိုင်ရောင်းချသူ အချို့က ပြောဆိုကြသည်။ တပ်အာဏာသိမ်းပြီး ဖေဖော်ဝါရီ လ ၉ ရက်နေ့တွင် ည ၈ နာရီမှ နံနက် ၄ နာရီ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားသည်။ ယခင်က ကိုဗစ်ကပ်ဘေးကြောင့် ကန့်သတ်ထားသည့် ညမထွက်ရအမိန့် မှာ ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားသည်။ ထိုသို့ အချိန်စောပြီး ကန့်သတ် လိုက်သဖြင့် မိုးမလင်းလက်ဖက်ရည် ဆိုင်တွင် ရောင်းအားသုံးပုံတစ်ပုံ ကျဆင်းသွားကြောင်း မြို့ပတ်လမ်းရှိ မိုးမလင်း လက်ဖက်ရည်ဆိုင်ရောင်းချနေသည့် အသက်၄၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး က ဆိုသည်။ “ရောင်းအားနည်းတော့ အလုပ်သမားတွေ အဓိက အခက်အခဲဖြစ်တာပေါ့။ […]

စီးပွားရေးဖွံ့ဖြိုးစေရန် အရှိန်မြှင့် လုပ်ဆောင်မည်ဟု တိုင်းကောင်စီဥက္ကဋ္ဌပြော

diz_admin

February 15, 2021

စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းလိုက်သည့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စီးပွားရေးဖွံ့ဖြိုးရန် အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း ကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က ပြောသည်။ လက်ရှိတွင် ရပ်တန့်ထားသည့် စီးပွားရေးလုပ်ငန်းများ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ တပ်မတော်အာဏာသိမ်းခေါင်းဆောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပထမဆုံး ပြောကြားသည့် မိန့်ခွန်းတွင်လည်း ပြည်တွင်း ပြည်ပရင်း နှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်ထားပြီး အမြန်ဆုံးခွင့်ပြုပေးမည် ဖြစ်ကြောင်း ပြောဆိုထားသည်။ တနင်္သာရီတိုင်းတွင်လည်း စီးပွား ရေးဖွံ့ဖြိုးမှုအရှိန်မြှင့်ရန် ဦးစားပေးလုပ် ဆောင်မည်ဖြစ်ကြောင်း ကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က ဆိုသည်။ “ရပ်တန့်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်တိုက်မြန်မြန်ဆန်ဆန် လုပ်နိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်ပေးရမှာ ပါခင်ဗျာ” ဟု ဦးတင်အောင်က ပြောသည်။. ပြည်ထောင်စု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးကလည်း စီးပွားရေးလုပ်ငန်းများပိုမိုဝင် […]

အလုပ်မဆင်း ဆန္ဒထုတ်ဖော်သည့် ဝန်ထမ်းအချို့ ဖိအားပေးခံနေရ

diz_admin

February 15, 2021

အလုပ်မဆင်းဆန္ဒထုတ်ဖော်နေသည့် ဝန်ထမ်းတို့အား အကြီးကဲအချို့က ဖိအားပေးခံနေရကြောင်း ဝန်ထမ်းအချို့ က ဖွင့်ဟကြသည်။ ဝန်ထမ်းအိမ်ရာတွင်နေထိုင်ပြီး အလုပ်မဆင်းဆန္ဒထုတ်ဖော်နေသည့် ဝန်ထမ်းများကို စာရင်းကောက်နေကြောင်း ထားဝယ်သပိတ်တွင် ပါဝင်ဆန္ဒ ထုတ်ဖော်နေသည့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဌာနမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။ တိုင်းစီမံအုပ်ချုပ်ရေးကောင်စီမှ စာရင်းကောက်ခံနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ လတ်တလောတွင် ဝန်ထမ်းအိမ်ရာ မှာထွက်ခွာစေခြင်း မရှိသေးသော်လည်း စာရင်းကောက်နေသည်ကို ထောက်ရှခြင်းအားဖြင့် မကြာမီထွက်ပေးရတော့ မည်ဟုထင်ကြောင်း ၎င်းက ဆိုသည်။ ဖေဖော်ဝါရီလ ၁၁ ရက်က ထားဝယ် သပိတ်စစ်ကြောင်းတွင် လာရောက်ပူး ပေါင်းဆန္ဒထုတ်ဖော်ပြီး ဟောပြောခဲ့ သည့် ထွေအုပ်ဝန်ထမ်းဖြစ်သူ ဦးကျော်ဆန်းလွင် ကိုလည်း အလုပ်မှယာယီရပ် နားခြင်းခံလိုက်ရသည်။ ဦးကျော်ဆန်းလွင်သည် ထားဝယ်မြို့နယ် တောင်သုံးလုံးကျေးရွာ စာရေး (ထွေ/အုပ် အငယ်တန်းစာရေး) တစ်ဦး ဖြစ်သည်။ အာဏာရှင်အုပ်ချုပ်မှုအောက်တွင် […]

လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းအစိုးရအဖွဲ့ဝင်သုံးဦး မည်သည့်နေရာတွင် ဖမ်းထားသည်ကို မသိရ

diz_admin

February 15, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဋ္ဌ အပါအဝင် NLD တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး သုံးဦးမှာ လက်ရှိ အချိန်ထိ အဖမ်းခံထား ရဆဲဖြစ်ပြီး မည်သည့်နေရာတွင် ဖမ်းထားသည်ကို မသိရသေးကြောင်း မိသားစုဝင်များ အပါအဝင် ပါတီတာဝန်ရှိသူအချို့ ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာ သိမ်းပြီးချိန်မှစ၍ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ လူမှုရေးနှင့် စည်ပင် သာယာရေး ဝန်ကြီး ဦးဟိုပင်၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း၊ စီမံ/ဘဏ္ဍာဝန်ကြီးဒေါ်ရီရီချိုတို့မှာ လက်ရှိအချိန်ထိ အဖမ်းခံထားရဆဲဖြစ်ကြောင်း ပါတီတာဝန်ရှိသူတစ်ဦးက ဆိုသည်။ ၎င်းတို့အနက် လူမှုစည်ပင်ဝန်ကြီး ဦးဟိုပင်အား ဖမ်းဆီးပြီးနောက်တစ်ရက်တွင် အဝတ်အစားအချို့နှင့် သွားတိုက်ဆေး၊ သွားတိုက်တံများကို လိုနေသည် ဟု တာဝန်ရှိသူများက လာတောင်းကြောင်း ဇနီးဖြစ်သူ ဒေါ်မာမာလွင်က ပြောသည်။ ယင်းနောက် ဖေဖော်ဝါရီလ ၅ […]

ပြည်သူ့ဝန်ထမ်းများ ပါဝင်လာည့် ထားဝယ်ဆန္ဒပြပွဲ

diz_admin

February 10, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့တွင် ခြောက်ရက်မြောက်ဆန္ဒပြပွဲတွင် ပြည်သူ့ဝန်ထမ်းများ ပါဝင်လာသည်။ စစ်အာဏာသိမ်းပြီး ၁၀ ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူလူထုအပြင် မြေစာရင်းဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရှေ့နေများ၊ နည်းပညာတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်နှင့် ပုဂ္ဂလိကဘဏ်ဝန်ထမ်း စသည့်ဌာနများမှ ဝန်ထမ်းအချို့ ပူးပေါင်းပါဝင်လာသည်။ ကရင်တိုင်းရင်းသားတို့လည်း ပါဝင်လာသည်။ ထို့အပြင် ပညာရေးဝန်ထမ်းဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်း အစရှိသည့် ပြည်သူ့ဝန်ထမ်းများလည်း ပါဝင်သည်။ ၎င်းတို့သည် ယမန်နေ့ဆန္ဒပြပွဲတွင်လည်း ပါဝင်ခဲ့ပြီးဖြစ်သည်။ ယင်းအပြင် LGBT များ၊ ဂီတအသင်းနှင့် အခြားအသင်းအဖွဲ့များလည်း ပါဝင်သည်။ ယနေ့ဆန္ဒပြရာတွင် ပင်မသပိတ်စစ်ကြောင်းက နံနက် ၈ နာရီခွဲခန့်တွင် ဥတ္တံတားကြီးလမ်းဆုံမှ နိဗ္ဗာန်လမ်းအတိုင်းချီတက်ပြီး ဗဟိုလမ်းဆုံအရောက်တွင် ဆန်းချီလမ်းဆုံဘက်သို့ ချီတက်သွားသည်။ စထွက်ထွက်ချင်းပင် ရဲတပ်ဖွဲ့ကားတစ်စီးက အရှေ့မှကန့်လန့်ခံတားဆီးခဲ့သေးသော်လည်း ဆန္ဒပြသမားတို့က လွတ်နေသည့် လမ်းကြောင်းမှ […]

၂၀၂၀ ခုနှစ်အတွင်း ထားဝယ်ခရိုင်တွင် မီးလောင်မှုနှစ်ဆယ်ကျော်

diz_admin

February 10, 2021

ပြီးခဲ့သည့်နှစ်က ထားဝယ်ခရိုင်အတွင်း မီးလောင်မှု ၂၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီး ဌာနထံမှ သိရသည်။ ၂၀၂၀ ပြည့်နှစ် တစ်နှစ်တာ ကာလအတွင်း လောင်ကျွမ်းသည့်အကြိမ် ရေဖြစ်ပြီး ရှို့မီးကြောင့် လောင်ကျွမ်းမှု အများဆုံးဖြစ်ကြောင်း ယင်းဌာန မှတ်တမ်းအရ သိရသည်။ မီးလောင်မှုကြောင့် ဒုက္ခသည် ၉၃ ဦးရှိခဲ့ပြီး သေဆုံးသူမရှိခဲ့ပေ။ ခရိုင်အတွင်း မြို့နယ်လေးခုရှိသည့်အနက် ထားဝယ်မြို့နယ်တွင် မီးလောင်မှု ၁၂ ကြိမ်ဖြင့် အများဆုံးဖြစ်ကာ ရေဖြူ မြို့နယ်တွင် လောင်ကျွမ်းခဲ့ခြင်းမရှိကြောင်း ယင်းဌာနထံမှ သိရသည်။ ၂၀၁၉ ခုနှစ်တွင် မီးလောင်မှု ၂၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ခရိုင်မီးသတ် စာရင်းအရ သိရသည်။