တနင်္သာရီတိုင်းတွင် ဆယ်ရက်အတွင်း ကိုဗစ်လူနာ ၁၃၀ ကျော်တိုး
diz_admin
July 3, 2021တနင်္သာရီတိုင်းတွင် ဆယ်ရက်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃၈ ဦးတိုးလာကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ဇွန်လ ၂၃ ရက်မှ ဇူလိုင် ၂ ရက်နေ့အထိ ကိုဗစ်လူနာသစ် တစ်ရာ့သုံးဆယ်ကျော် တိုးလာခြင်းဖြစ်သည်။ ထားဝယ်တွင် ဆယ်ရက်အတွင်း ကိုဗစ်ပို့တွေ့လူနာသစ် ၃၅ ဦး၊ သရက်ချောင်းတွင် ၁၅ ဦး၊ ရေဖြူတွင် ၁ ဦး၊ မြိတ်တွင် ၄၂ ဦး၊ ဘုတ်ပြင်းတွင် ၁၁ ဦး၊ ကော့သောင်းတွင် ၁၉ ဦး၊ ပုလောတွင် ၁၂ ဦး၊ ကျွန်းစုတွင် ၃ ဦးရှိပြီး တနင်္သာရီမြို့နယ်နှင့် လောင်းလုံးမြို့နယ်တွင် ကိုဗစ် ဓာတ်ခွဲအတည်ပြု လူနာသစ် မရှိကြောင်း အထက်ပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇူလိုင်လ ၂ […]


