ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံး ရေဖြူရွာသား လေးဦးအဖမ်းခံရ

diz_admin

July 11, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စုမှ ရွာသားလေးဦး ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းတွင် အဖမ်းခံထားရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဖမ်းခံထားရသူများမှာ ရေဖြူကျေးရွာ နာရေးကူညီမှုအသင်းဝင် အသက် ၄၀ ကျော်အရွယ် ဦးဖိုးဇော်၊ ပိန္နဲတောရွာသား အသက် ၃၀ အရွယ် ကိုစိုးအောင်၊ အသက် ၅၅ နှစ်အရွယ် ဦးညီညီအောင်၊ အသက် ၂၄ နှစ်အရွယ် ကိုသားကြီးတို့ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဦးညီညီအောင်နှင့် ကိုသားကြီးမှာ သားအဖတော်စပ်သည်။ ကိုစိုးအောင်နှင့် ကိုသားကြီးတို့ထံမှ လက်လုပ်လေသေနတ်ဆောင်ထားသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “ဦးညီညီအောင်က ဆီတောခြံနားမှာနေတာ၊ သားအဖနှစ်ယောက်ကတော့ ကြက်ခြံထဲမှာနေကြတယ်။ လေသေနတ်က ရှဉ့်ပစ်ဖို့ ဆောင်ထားကြတာ” ဟု ၎င်းကပြောသည်။ ရေဖြူနာရေးကူညီမှုအသင်းဝင်ဖြစ်သူ ဦးဖိုး‌ဇော်မှာ ရေဖြူအထက်တန်းကျောင်းအနီးတွင်နေထိုင်သူဖြစ်ပြီး ကုန်စုံဆိုင်ဖွင့်ထားသူဖြစ်သည်။ ၎င်းမှာ […]

တနင်္သာရီတိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ငါးသောင်းနီးပါးရှိ ဟုဆို

diz_admin

July 8, 2021

တနင်္သာရီတိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ငါးသောင်းနီးပါးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။အိန္ဒိယနိုင်ငံထုတ် ကိုဗီရှီးကာကွယ်ဆေးကို ပထမအသုတ်တွင် လူဦးရေ ၄၇ဝဝဝ ကျော်အား ထိုးပေးထားပြီး တရုတ်နိုင်ငံထုတ် ဆိုင်နိုဖမ်းကာကွယ်ဆေးကို ဒုတိယအသုတ်တွင် ၂၁၀၀ ကျော်အား ကာကွယ်ဆေးထိုးထားပြီးဖြစ်ကြောင်း အထက်ပါဌာန၏ တိုးချဲ့ကာကွယ်ဆေး/ကူးစက် ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။ “အခု ဒုတိယအသုတ်ရတဲ့ ကာကွယ်ဆေးကို မြို့နယ် ၉ ခုမှာတော့ ထိုးပြီးနေပြီ၊ ထားဝယ်က မနေ့က စထိုးတယ်၊ တရုတ်နိုင်ငံထုတ်ဆေးပေါ့၊ ဆိုင်နိုဖမ်းလို့ခေါ်တယ်၊ ဆေးတစ်လုံးကို တစ်ယောက်ပဲ ထိုးလို့ရတယ်”ဟု လက်ထောက်ညွှန်ကြားရေးမှူးက ဆိုသည်။ အိန္ဒိယနိုင်ငံထုတ် ကိုဗီရှီးကာကွယ်ဆေးတစ်လုံးလျှင် လူ ဆယ်ဦးမှ ၁၁ ဦးခန့်အထိ ထိုးနိုင်ပြီး တရုတ်နိုင်ငံထုတ် ဆိုင်နိုဖမ်းကာကွယ်ဆေးတစ်လုံးလျှင် လူတစ်ဦးသာ ထိုး၍ရသည်ဟု ၎င်းက ဆိုသည်။တနင်္သာရီတိုင်းအတွက် အိန္ဒိယနိုင်ငံထုတ် ကိုဗီရှီးကာကွယ်ဆေး […]

မှတ်ပုံတင်မဲ့ဆိုင်ကယ်များ လိုင်စင် စလုပ်ပေး

diz_admin

July 7, 2021

တိုင်းအတွင်းရှိ မှတ်ပုံတင်မဲ့ ဆိုင်ကယ်များကို ဇူလိုင်လ ၇ ရက်နေ့မှစကာ လိုင်စင်လုပ်ပေးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန) ထံမှ သိရသည်။ တိုင်းအတွင်းရှိ သက်ဆိုင်ရာ ကညနရုံးများတွင် ဇူလိုင်လ ၇ ရက်မှ သြဂုတ်လ ၁၉ ရက်နေ့အထိ လုပ်ဆောင်နိုင်ပြီး ‘ယ’ နံပါတ် ထွက်မည်ဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။ဒေသခံ ဆိုင်ကယ်ပိုင်ရှင်များ နှစ်သက်ခြင်းမရှိသည့် နံပါတ်အားလုံးပေါင်းခြင်း၏ရလဒ် ဆယ်ပြည့်ဂဏန်းနှင့် ၁၃ ဂဏန်းပါဝင်ခြင်းမရှိကြောင်း သိရသည်။ ဆိုင်ကယ်လိုင်စင်လုပ်ဆောင်ရာတွင် ထုတ်လုပ်သည့်ခုနှစ်၊ အင်ဂျင်ပါဝါ၊ ထုတ်လုပ်သည့်နိုင်ငံအလိုက် သတ်မှတ်ထားသည့် အခွန်နှုန်းထားအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။အကောက်ခွန်ဌာနမှ ကောက်ခံမည့် အခွန်အပြင် ကညန၊ သူတစ်ပါးထိခိုက်မှုအာမခံကြေး အစရှိသည့် အခွန်အခများလည်း ပေးသွင်းရမည်ဖြစ်သည်။ ကောက်ခံမည့်နှုန်းထားများကို ဓာတ်ပုံတွင် ဖော်ပြထားသည်။ဆိုင်ကယ်လိုင်စင်အား ရုံးဖွင့်ရက်အတွင်း နံနက် ကိုးနာရီမှ ညနေ […]

ပျောက်ဆုံး သရက်နှစ်ခွ ရွာသားနှစ်ဦး ရဲစခန်းတွင် ပြန်တွေ့

diz_admin

July 7, 2021

ဇွန်လ ၂၇ ရက်နေ့ကတည်းက နေအိမ်မှ ထွက်ခွာသွားပြီးနောက် တစ်ပတ်အကြာ အဆက်အသွယ်မရ ဖြစ်နေသော သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာသားနှစ်ဦးကို သရက်ချောင်းမြို့မ ရဲစခန်းတွင် ပြန်တွေ့ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။ သရက်ချောင်းမြို့မှ ရဲစခန်းမှ ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းက ၎င်းတို့၏မိသားစုထံ ဖုန်းဆက်သွယ်အကြောင်းကြားလာပြီး ယင်းတို့နှစ်ဦးကို အချုပ်အတွင်း တွေ့ရှိခဲ့ရကြောင်း မိသားစုဝင်က ပြောသည်။ “အဝတ်အစားတွေလာပေးရင်ပေးပါ။ သရက်ချောင်းရဲစခန်းထဲ ရောက်နေတယ်”ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူက အကြောင်းကြားလာကြောင်း ဆွေမျိုးတော်စပ်သူအမျိုးသမီးတစ်ဦးက ပြောသည်။ မောင်ကျော်လင်းကိုနှင့် မောင်ကျော်ပိုင်စိုး တို့ လူငယ်နှစ်ဦးသည် ဇွန်လ ၂၇ ရက်နေ့က ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားတွင် ၎င်းတို့၏တယ်လီဖုန်းကို စစ်ဆေးရာမှ ဖမ်းဆီးခံလိုက်ရပြီး အမှတ် ၄၀၁ ထားဝယ်တပ်နယ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းနောက်တွင်မှ ရဲစခန်းတွင် တွေ့ခွင့်ရကြောင်း အထက်ပါ […]

တနင်္သာရီတိုင်းတွင် လေးရက်အတွင်း ကိုဗစ်လူနာ ၁၃၀ ကျော်၊ ထားဝယ် ခုန်တက်

diz_admin

July 7, 2021

တနင်္သာရီတိုင်းတွင် လေးရက်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃၆ ဦး ထပ်တိုးလာပြီး ထားဝယ်က မြိတ်ကို ကျော်တက်သွားခဲ့ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။ ဇူလိုင်လ ၃ ရက်မှ ၆ ရက်နေ့အထိ လေးရက်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၃၆ ဦးထပ်တိုးလာခြင်းဖြစ်သည်။ထားဝယ်တွင် လေးရက်အတွင်း ကိုဗစ်လူနာသစ် ၄၆ ဦးထပ်တိုးကာ အများဆုံး မြိတ်တွင် လေးရက်အတွင်း ကိုဗစ်လူနာသစ် ၄၃ ဦးဖြင့် ဒုတိယဖြစ်နေသည်။ ထို့အပြင် ကော့သောင်းတွင် လေးရက်အတွင်း ကိုဗစ်လူနာသစ် ၁၈ ဦး၊ ဘုတ်ပြင်းတွင် ၄ ဦး၊ ပုလောတွင် ၁၀ ဦး၊ တနင်္သာရီတွင် ၁ ဦး၊ သရက်ချောင်းတွင် ၈ ဦး၊ လောင်းလုံးတွင် […]

ကိုဗစ်အန္တရာယ်ကြားတွင် လူစု၊ လူဝေးဖြင့် ကလေးများ ကာကွယ်ဆေးထိုးနေရ

diz_admin

July 7, 2021

ကလေးကို လက်ဆွဲသူကဆွဲ၊ ချီထားသူကချီကာ ကာကွယ်ဆေးထိုးခွင့်ရရန် စောင့်ဆိုင်းနေကြသည့် ရာချီသော လူစု၊ လူဝေး တစ်ခု ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး၏ အရှေ့ မြေကွက်လပ်ပေါ်တွင် တိုးဝှေ့တန်းစီနေကြသည်။မနက် ၇ နာရီတွင် ထုတ်ပေးသည့် တိုကင်ရရှိရန် လာရောက် တန်းစီနေခြင်းဖြစ်သည်။ ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်း မြို့နယ်စုံမှ ဒေသခံများထိုနေရာတွင် တန်းစီနေကြသည်။ဇူလိုင်လ ၅ ရက်မှ ၇ ရက်အထိသာ ကလေးများကို ပုံမှန်ကာကွယ်ဆေးထိုးပေးမည်ဆိုသည့် သတင်းကြောင့် ယင်းကဲ့သို့ လူအများအပြား လာရောက်စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ကလေးမိဘအချို့က ပြောဆိုကြသည်။ “ကာကွယ်ဆေးလာထိုးတာ ဒုက္ခသည်စခန်းကို ရောက်သွားသလိုပဲ။ ကားကြီး၊ ကားငယ်နဲ့ ဝက်ဝက်ကွဲပဲ လူတွေတိုးနေကြတာ။ အနည်းဆုံးမရှိဘူးဆိုရင် လူထောင်နဲ့ချီရှိတယ်” ဟု လောင်းလုံးမြို့နယ်မှ ဆေးလာထိုးသည့် ကလေးမိခင်တစ်ဦးက ဆိုသည်။ကလေးငယ်များ ထိုးနှံရသည့် […]

သရက်ချောင်းမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခံရ

diz_admin

July 6, 2021

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသက်စိုး ယနေ့နံနက် ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ယင်းကျေးရွာသားအချို့ထံမှ သိရသည်။ နံနက် ၉ နာရီခန့်တွင် မျက်နှာဖုံးစွပ်ထားသူ လူခြောက်ဦးက ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရွာသားအချို့က ပြောသည်။ ဦးသက်စိုး၏ အစ်မဖြစ်သူ ဒေါ်ရှိန်တွင်လည်း ဒဏ်ရာရရှိခဲ့ပြီး ကားတစ်စီးဖြင့် ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း ယင်းကျေးရွာသားတစ်ဦးက ပြောသည်။ “ပစ်သတ်ခံရတာက စစ်တပ်က တင်ထားတဲ့အုပ်ချုပ်ရေးမှူး” ဟု ၎င်းကဆိုသည်။ ဦးသက်စိုးသည် သူ့အိမ်၏အနောက်ဘက် သွေးအိုင်ထဲတွင် လဲကျသေဆုံးနေခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူ အမျိုးသားတစ်ဦးက ဆိုသည်။ “သူကအိမ်အနောက်ဘက်မှာလဲနေတာ။ သွေးအိုင်ထဲမှာ။ အိမ်အရှေ့ဘက်ကို ခေါင်းထိုးပြီးလဲနေတာ” ဟု မျက်မြင်တွေ့သူက ဆိုသည်။ ဦးသက်စိုးတွင် တစ်အိမ်တည်းနေ မောင်နှမသုံးဦးရှိပြီး အစ်မဖြစ်သူမှာ ဒေါ်ရှိန်ဖြစ်သည်။ အစ်ကိုအကြီးဆုံးမှာ […]

ထားဝယ်မြို့ပေါ်တွင် ပစ်ခတ်သတ်ဖြတ်မှု နှစ်ရက်ဆက်ဖြစ်

diz_admin

July 6, 2021

ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင် ပစ်ခတ်သတ်ဖြတ်မှု နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇူလိုင်လ ၄ ရက်နှင့် ၅ ရက်တွင် ထားဝယ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဆန်းချီရပ်ကွက်နှင့် ဒေါင်းငူတံငါရက်ကွက်တို့တွင် အမျိုးသားနှစ်ဦးကို လာရောက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ ဇူလိုင်လ ၄ ရက်ညတွင် ဆန်းချီရပ်ကွက်နေ အသက် ၄၅ နှစ်ခန့်ရှိ ဦးအောင်မြင့်ကို နေအိမ်တွင် လာရောက် ပစ်ခတ်ခဲ့ရာ ညာဘက်မျက်ခုံးတွင် ဖောက်ဝင်ဒဏ်ရာရခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့သူတစ်ဦးက ပြောသည်။ ထိုနောက် ဆေးရုံသို့ အရေးပေါ်ကားဖြင့် တင်ဆောင်သွားကြောင်း ၎င်းက ဆိုသည်။ ဇူလိုင်လ ၅ ရက်ညတွင်မူ ဒေါင်းငူတံငါရပ်ကွက်နေ အသက် ၆၅ နှစ်ခန့်ရှိ ဦးမောင်မြင့်ကိုလည်း ၎င်းနေအိမ်တွင်ပင် လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရကြောင်း အဆိုပါရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ […]