ထားဝယ်တွင် နှာခေါင်းစည်းတစ်ထုပ်လျှင် ၁၈၀၀ကျပ်ဖြင့် စရောင်း
diz_admin
July 13, 2021ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးလူထုအခြေပြု အထောက်အကူပြု အဖွဲ့ (ထားဝယ်ဒေသ) က နှာခေါင်းစည်းတစ်ထုပ်လျှင် ၁၈၀၀ ကျပ်ဖြင့် စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အခုရေ ငါးဆယ်ပါနှာခေါင်းစည်းအထုပ်များကို ရောင်းချပေးနေခြင်းဖြစ်ပြီး ထားဝယ်မြို့ စာတိုက်လမ်းဆုံအနီးရှိ (ပုလဲဆေးခန်းအရှေ့) အထောက်အကူပြုရုံးတည်ရှိသည့်နေရာတွင် နံနက်ပိုင်းတွင် ရောင်းချပေးနေကြောင်း ယင်းအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင် တစ်ဦးက ဆိုသည်။ ယခင်က နှာခေါင်းစည်းကို လိုသလောက်ရောင်းချပေးရန် ရည်ရွယ်ခဲ့သည့် လက်ရှိတွင် မှာထားသည့် ပစ္စည်းအားလုံး မရောက်သေးသည့်အတွက် တစ်ဦးလျှင် ငါးထုပ်အထိသာ ရောင်းပေးနေကြောင်း ၎င်းက ပြောသည်။ “ပစ္စည်းကလည်း အားလုံးမရောက်သေးဘူး၊ ပစ္စည်းအားလုံးရောက်ရင်တော့ လိုသလောက်ရောင်းပေးမယ်ပေါ့နော်” ဟု အထက်ပါအတွင်းရေးမှူးအဖွဲ့ဝင်က ဆိုသည်။ လက်ရှိရောင်းချနေသည့် နှာခေါင်းစည်းတစ်ထုပ်၏ ဝယ်ရင်းဈေးမှာ ၁၇၅၀ ကျပ် ကျသင့်နေကြောင်း ၎င်းက ရှင်းပြသည်။ ပြင်ပဈေးကွက်တွင် နှာခေါင်းစည်းတစ်ထုပ်လျှင် […]


