လောင်းလုံးဆေးရုံတွင် ကိုဗစ်လူနာထားမည့်နေရာ မလောက်တော့သည့်အတွက် ထိတွေ့သူအချို့ ရွာပြန်ပြီး ကုသနေရ
diz_admin
July 20, 2021လောင်းလုံးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်လူနာများထားမည့်နေရာ မလုံလောက်တော့သဖြင့် ကိုဗစ်လူနာအချို့ကို ရွာပြန်လာပြီး ကုသနေရကြောင်း ယင်းဆေးရုံနှင့် ဒေသခံအချို့ထံမှ သိရသည်။ အနံ့ပျောက်ခြင်း၊ နေမကောင်းဖြစ်ခြင်း စသည့် ကိုဗစ်သံသယလက္ခဏာရှိသူနှင့် ထိတွေ့မှုရှိသူအချို့ကိုလည်း ရောဂါရှာဖွေ စစ်ဆေးပေးခြင်းမရှိတော့ကြောင်း လောင်းလုံးဒေသခံအချို့က ပြောသည်။ ကိုဗစ်လူနာနှင့် ထိတွေ့မှုရှိပြီး သံသယ လက္ခဏာရှိသဖြင့် လောင်းလုံးဆေးရုံသို့ သွားရောက်ပြသခဲ့သည့် စမ်းလှမ်းကျေးရွာနှင့် စစ်ပြဲကျေးရွာသားအချို့ကို ရောဂါစစ်ဆေးပေးခြင်းမရှိဘဲ ပြန်လွှတ်လိုက်ကြောင်း အဆိုပါကျေးရွာနေ ဒေသခံအချို့ကပြောသည်။ “မနေ့ကစပြီး မစစ်ပေးတော့ဘူးဗျ။ ကျွန်တော်တို့က ကိုဗစ်လူနာနဲ့ ထိတွေ့မှုရှိလို့သွားပြတာ။ အိမ်မှာပဲနေပြီးကုဖို့ပြောလိုက်တယ်” ဟု စစ်ပြဲကျေးရွာသားတစ်ဦးက ဆိုသည်။ စစ်းလှမ်းကျေးရွာမှ ကိုဗစ်လူနာသုံးဦးမှာလည်း လူနာရှင်များ၏ ဆန္ဒအရ ရွာပြန်ခေါ်လာပြီး ကုသနေကြောင်း ယင်းကျေးရွာမှ ကိုဗစ်ကာကွယ်တားဆီးရေး စေတနာ့ဝန်ထမ်းတစ်ဦးက ဆိုသည်။ “ဆေးရုံမှာကလဲ နေရာအခက်အခဲရှိတယ်ဗျ။ အဲဒါကြောင့်လည်း ပါမယ်။ ကျွန်တော်တို့ […]


