တနင်္သာရီတိုင်းအတွင်း ကျောင်းအပ်သူ နှစ်ဆယ်ရာခိုင်နှုန်းခန့်သာရှိ ဟုဆို
diz_admin
June 11, 2021လက်ရှိ ပညာသင်နှစ်တွင် တနင်္သာရီတိုင်းအတွင်း ကျောင်းအပ်သူဦးရေ ၂၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ဇွန်လ ၁၀ ရက်နေ့အထိ စာရင်းအရ ကျောင်းအပ်သူ ခြောက်သောင်းနီးပါးသာရှိသည်။ ပြီးခဲ့သည့် ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ကျောင်းအပ်သူ သုံးသိန်းတစ်သောင်းကျော် ရှိကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။ လက်ရှိပညာသင်နှစ်တွင် ကျောင်းအပ်သူနည်းနေသဖြင့် ပညာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တို့က ကျေးရွာများအထိကွင်းဆင်းကာ ကျောင်းအပ်နှံရေးအတွက် စည်းရုံးနေသည်ဟု အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “မနေ့က လေးထောင်လောက် ထပ်ပြီးလာအပ်ကြတာဆိုတော့ အခုဆို ခြောက်သောင်းလောက် ရှိလာပြီ” ဟု ယင်းတာဝန်ရှိသူက ပြောသည်။ ထားဝယ်မြို့နယ်အတွင်းရှိ တောင်သုံးလုံးကျေးရွာတွင်လည်း ကျောင်းအပ်နှံရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ကျောင်းသားမိဘများကို အစည်းအဝေးခေါ်ယူကာ စည်းရုံးနေသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက Dawei Watch […]


