ကိုဗစ်ကပ်ဘေးကာလ မုဆိုးလန်ရွက် ဈေးကွက်ဝင် ၊ တစ်စည်း နှစ်ရာကျပ်
diz_admin
July 29, 2021ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားမှုပြင်းထန်လာချိန်တွင် ထားဝယ်ဒေသအခေါ် မုဆိုးလန်ရွက် (လောက်သေရွက်) အရောင်းအဝယ်ဖြစ်လာပြီး ဈေးကွက်ဝင်လာသည်ကို တွေ့ရသည်။ မုဆိုးလန်အရွက်မှာ နီးစပ်ရာတောတောင်ချုံများတွင် အလွယ်တကူ ပေါက်ရောက်နေသဖြင့် အရောင်းအဝယ်မရှိသလောက် အခြေအနေဖြစ်သည်။ လက်ရှိအချိန်တွင်မူ ထားဝယ်ဒေသရှိ ကျေးရွာအချို့တွင် မုဆိုးလန်အရွက် တစ်စည်းလျှင် ငွေကျပ်နှစ်ရာဖြင့် ရောင်းချလာကြသည်။ ကိုဗစ်ရောဂါ ကူးစက်မှု ပြင်းထန်လာချိန်တွင် အဆိုပါ မုဆိုးလန်ရွက်ကို ကျိုချက်သောက်ပါက ကိုဗစ်ရောဂါပျောက်ကင်းသည်ဟု ဖေ့ဘုတ်ပေါ် မျှဝေသူများလာပြီးနောက် အရောင်းအဝယ်ဖြစ်လာခြင်းဖြစ်သည်။ လောင်းလုံးမြို့နယ် ညင်းမော်ရွာတွင်တွင်လည်း မုဆိုးလန်ရွက်တစ်စည်းလျှင် ကျပ်နှစ်ရာဖြင့် ရောင်းနေကြောင်း ယင်းကျေးရွာနေ ကိုဇော်က ပြောသည်။ “အခုတောင်ရှားသွားပြီ ခူးတဲ့သူကလည်း များလာတယ်။ အခုအိမ်မှာလည်း အဲဒါပဲ သောက်တော့တယ်”ကိုဇော်က ဆိုသည်။ လောင်းလုံးမြို့နယ်အပြင် ရေဖြူမြို့နယ်တွင်လည်း မုဆိုးလန်ရွက် ရောင်းဝယ်သူများ ရှိနေသည်။ သို့သော် ရေဖြူမြို့နယ်ရှိ နဘုလယ်ဒေသတွင် မုဆိုးလန်ရွက်အား […]


