လောင်းလုံးရှိ လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း ဝင်စီးခံရ
diz_admin
June 25, 2021ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ရေဖြူကျေးရွာရှိ လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း (Youth Development Institute) ဝင်းအတွင်းသို့ ယနေ့ ဇွန်လ ၂၅ ရက်တွင် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတို့ထံမှ သိရသည်။ ယင်းသင်တန်းကျောင်းနေရာတွင် လူငယ် ၃၀ ဦးခန့်အား ဆေးဖက်ဆိုင်ရာ ပြုစုကုသနည်းအကြောင်း သင်တန်းပေးရန် လုပ်ဆောင်နေစဉ် ရဲနှင့် စစ်သားများက သေနတ်ပစ်ဖောက် ဝင်ရောက်လာခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးကပြောသည်။ “သင်တန်းတောင်မစရသေးဘူး။ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်စကားပြောနေတဲ့အချိန်မှာ သူတို့က ဝင်လာကြတာ” ဟု ယင်းသင်တန်းတွင် ပါဝင်သူ အမျိုးသမီးတစ်ဦးက နေ့လယ် ၁၁ နာရီကျော်ခန့်ကပြောသည်။ အဆိုပါလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှာ ရေဖြူရွာအတွင်းပိုင်းရှိ တောရကျောင်း တစ်ကျောင်းအနီးတွင် တည်ရှိပြီး ဥယျာဉ်ခြံများရှိရာနေရာတွင် တည်ရှိသည်။ စစ်သားနှင့်ရဲ အင်အားငါးဆယ်ခန့်ဝင်ရောက်လာနေကြောင်း ကြိုတင်သတင်းရသဖြင့် သင်တန်းတက်ရောက်နေသူများမှာ […]


