ထားဝယ်ကမ်းနားဈေး ယာယီပိတ်
diz_admin
July 11, 2021ကိုဗစ်ဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် ထားဝယ်မြို့၊ ကမ်းနားဈေးအား ဇူလိုင်လ ၁၀ ရက်မှ စတင်ကာ ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဈေးသူ၊ ဈေးသားများထံမှ သိရသည်။ မျိုးဗီဇ အသွင်ပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့ ဖြစ်ပွားမှု များလာသဖြင့် ကမ်းနားပျံကျဈေးကို ယာယီပိတ်ထားရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားထားကြောင်း ကမ်းနားဈေးတွင် ဈေးရောင်းနေသူ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။ ကမ်းနားဈေးရှိ ကုန်စိမ်း၊ ကုန်ခြောက်၊ ကုန်စိုအရောင်းဆိုင်များအားလုံးကို ယာယီပိတ်ထားခိုင်းပြီး အပြင်ဘက်တွင် ရောင်းချနေသည့် ကမ်းနားပျံကျဈေးနှင့် ဈေးဆိုင်တန်းကိုမူ ပုံမှန်အတိုင်း ရောင်းချခွင့်ပြုထားသည်။ထားဝယ်စည်ပင်သာယာဈေးကြီးတွင် နေ့စဉ် မရှိမဖြစ် မသုံးလိုသော ဟင်းသီးဟင်းရွက်၊ အသား၊ ငါးနှင့် ငါးခြောက်၊ ငရုတ်၊ ကြက်သွန် ကုန်စုံဆိုင်များမှ လွဲ၍ အခြားသော လူသုံးကုန်ပစ္စည်းအရောင်းဆိုင်နှင့် အထည်ဆိုင်များကို […]


