လောင်းလုံးမြို့ပေါ် နှစ်ဖက်ပစ်ခတ်မှုဖြစ်၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကျည်ထိမှန်သဖြင့် အချိန်ယူ ပြင်ရမည်ဟုဆို
Dawei Watch
September 30, 2025လောင်းလုံးမြို့ပေါ်တွင် စက်တင်ဘာလ ၃၀ ရက် ယနေ့ နံနက် ၆ နာရီခွဲခန့်မှစ၍ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များကြား နှစ်ဘက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွါးကြောင်း မြို့ခံများထံမှသိရသည်။ စစ်အာဏာရှင်တပ် တပ်စွဲသော လောင်းလုံးမြို့ပေါ်ရှိ လဝကရုံးနှင့် လောင်းလုံးရဲစခန်းများဘက်မှ ပစ်ခတ်သံကြားရကြောင်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ “လက်နက်ကြီးရော၊ လက်နက်ငယ်ရောပဲ၊ အခုတော့ ငြိမ်သွားပြီ။ လမ်းမှာလူတွေလည်းတိတ်ဆိတ်နေတယ်၊ မထွက်ရဲကြသေးဘူး”ဟု ယင်းအမျိုးသမီးက ပြောဆိုသည်။ မည်သည့်အဖွဲ့တို့က ဝင်ရောက်ပစ်ခတ်သည်ကိုမူ လတ်တလောမသိရသေးပေ။ အဆိုပါနှစ်ဘက်ပစ်ခတ်မှုမှာ ယနေ့ နံနက် ၆နာရီခွဲခန့်မှ ၇ နာရီခွဲခန့်အထိ တစ်နာရီနီးပါးကြာမြင့်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုအတွင်း ထိခိုက်မှု ရှိမရှိ အခြေအနေများကိုမူစုံစမ်းနေဆဲဖြစ်သည်။ ပစ်ခတ်မှုတွင် ထားဝယ်ခွဲရုံမှ ပို့လွှတ်သော ၃၃ ကေဗွီဓာတ်အားအဝင် 5 MVA Transformer အား ကျည်ထိမှန်ပေါက်ထွက်သွားခြင်း ကြောင့် လောင်းလုံးမြို့လျှပ်စစ်ဓာတ်အားပြတ်တောက်သွားကြောင်း ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေး Petro […]


