အုပ်ချုပ်ရေးမှူးနေအိမ်အရှေ့ပေါက်ကွဲမှုဖြစ်ပြီးနောက် အိမ်နီးချင်းအမျိုးသားတစ်ဦး အဖမ်းခံရ
diz_admin
September 23, 2021လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နေအိမ်အရှေ့ပေါက်ကွဲမှုဖြစ်ပြီးနောက် စက်တင်ဘာလ ၂၁ ရက် ညတွင် အိမ်နီးချင်းအမျိုးသားတစ်ဦး အဖမ်းခံထားရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါဖမ်းဆီးခံရသူမှာ ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေအိမ်နှင့် မျက်နှာချင်းဆိုင်အိမ်တွင်နေထိုင်သည့် အသက် ၃၈ နှစ်ဝန်းကျင်ရှိ ဦးစိုးမင်းထွေးဆိုသူဖြစ်သည်။ ကမြောကင်းကျေးရွာအုပ်စု သောကြာပြင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဦးထွန်းမင်း၏ နေအိမ်အရှေ့တွင် စက်တင်ဘာလ ၂၁ ရက် နံနက်က ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၁၃ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးကာ ဇနီးဖြစ်သူ ဒဏ်ရာရရှိခဲ့သည်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် ညရှစ်နာရီခန့်တွင် တပ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာပြီး မေးမြန်ရန်ရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားကြောင်း အဖမ်းခံရသူနှင့်ရင်းနှီးသည့် ဒေသခံအမျိုးသား တစ်ဦးကဆိုသည်။ “သူက ဧရာဝတီတိုင်းဘက်ကပါ။ ဒီမှာအိမ်ထောင်ကျတာပေါ့။ ဖုန်းတောင် ကောင်းကောင်း ကိုင်တက်သူ မဟုတ်ဘူး”ဟု အထက်ပါအမျိုးသား ကပြောသည်။ ဦးစိုးမင်းထွေးအား မောင်းမကန်နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟုသိရပြီး […]


