အိမ်အရောက်ပို့ဈေးကား ထားဝယ်တွင် စတင်
diz_admin
July 23, 2021ထားဝယ်မြို့အတွင်း အိမ်အရောက်ပို့ဆောင်သည့် ဈေးကား ဝန်ဆောင်မှုကို ဇူလိုင်လ ၁၈ ရက်နေ့က စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ D-Mark အမည်ရှိ အဆိုပါဈေးကားကို လက်ရှိတွင် ဟိုက်ဂျက်ကား ၃ စီးဖြင့် စတင်ခဲ့ပြီး နောက်ပိုင်းတွင် ၆ စီးအထိ တိုးချဲ့လုပ်ကိုင်ရန် စီစဉ်နေကြောင်း ယင်းလုပ်ငန်း တည်ထောင်သူက ဆိုသည်။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ဘုရားပန်း စသည့် ပစ္စည်းမျိုးစုံကို ဖုန်းဆက်ဝယ်ယူနိုင်ပြီး ဈေးအတွင်းရောင်းချနေသည့် ဈေးနှုန်းထက် ပိုသက်သာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယင်း အိမ်တိုင်ရာရောက် ဈေးကားကို နံနက် ၆ နာရီခွဲမှ ၁၀ နာရီခွဲအထိနှင့် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီ အထိ အချိန်နှစ်ပိုင်းခွဲကာ ဖုန်းဆက်ခေါ်ယူနိုင်ကြောင်း ယင်းလုပ်ငန်းထံမှ […]


