ကမြောကင်းရွာ အုပ်ချုပ်ရေးမှူး၏ဇနီးဖြစ်သူ ဗုံးပေါက်စဉ်က ရရှိခဲ့သည့်ဒဏ်ရာဖြင့် သေဆုံး
diz_admin
October 16, 2021လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းမင်း၏ ဇနီးဖြစ်သူမှာ နေအိမ်အရှေ့တွင် ဗုံးပေါက်ကွဲရာမှ ရရှိသည့်ဒဏ်ရာဖြင့် အောက်တိုဘာလ ၁၄ ရက်နေ့က သေဆုံးသွားကြောင်း ယင်းကျေးရွာ၏ နာရေးကူညီမှုအသင်းထံမှ သိရသည်။ ကမြောကင်းကျေးရွာအုပ်စု သောကြာပြင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဦးထွန်းမင်း၏ နေအိမ်အရှေ့တွင် စက်တင်ဘာလ ၂၁ ရက် နံနက်က ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးကာ ဇနီးဖြစ်သူ ဒေါ်ကြည်ဌေး ခေါ် ဒေါ်မိစုမှာ ဒဏ်ရာရရှိခဲ့သည်။ ဒေါ်ကြည်ဌေးမှာ ဗုံးပေါက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့်အတွက် ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရာမှ သေဆုံးသွားခဲ့ကြောင်း နာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ပေါက်ကွဲမှုဖြစ်တဲ့နေ့က ဒဏ်ရာရသူ ဆုံးပြီလို့သိရတယ်။ ကျွန်တော်တို့ မီးသင်္ဂြိုဟ်ပေးဖို့စောင့်နေပါတယ်”ဟု ၎င်းက အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြောသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကို အုပ်ချုပ်ရေးမှူးနေအိမ်နှင့် […]


