တောင်ပျောက်တိုက်နယ် လမ်းကြောင်းပိတ်ဆို့ခံထားရသဖြင့် စားနပ်ရိက္ခာခက်ခဲ
diz_admin
October 30, 2021ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် အဝင်အထွက် လမ်းကြောင်းနှစ်ခုစလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းကြောင်းပိတ်ဆို့ ကန့်သတ်ထားသဖြင့် စားနပ်ရိက္ခာအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ တောင်ပျောက်တိုက်နယ်တွင် ဩဂုတ်လမှ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် YTC-PDF တို့ တိုက်ပွဲ ငါးကြိမ်ခန့်ဖြစ်ပွားခဲ့ပြီးနောက် လမ်းကြောင်းပိတ်ဆို့ထားသည်မှာ တစ်လကျော်လာပြီဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ တောင်ပျောက်တိုက်နယ်သည် ထားဝယ်မြို့မှ တောင်ဘက် မိုင် ၅၀ ကျော် အကွာတွင် တည်ရှိပြီး ကျေးရွာဆယ်ရွာ ရှိသည်။ ထားဝယ်-မြိတ်လမ်းမပေါ်ရှိ စုံစင်ကျေးရွာမှ အနောက်ဘက်ကို နာရီဝက်ခန့် ခရီးနှင်ရသည်။ တောင်ပျောက်တိုက်နယ်၊ သဲချောင်းကြီး ကျေးရွာအဝင်၊ အထွက်နှင့် စုံစင်ဖျားရွာအဝင် အထွက်လမ်းပေါက်များတွင် စစ်တပ်က ဂိတ်စခန်းချထားပြီး ဖြတ်သန်းသွားလာသူများကို တားဆီးစစ်ဆေးကာ စားနပ်ရိက္ခာသယ်ယူမှုကိုလည်း ကန့်သတ်ထားကြောင်း သဲချောင်းကြီး ကျေးရွာအုပ်စု၊ ကျွဲခြံရွာမှ […]


