ထားဝယ်နှင့် မြိတ် လေယာဉ်ခရီးစဉ်များ ပြန်ပြေးဆွဲရန် ယခုလကုန်အထိ မသေချာသေး
diz_admin
November 2, 2021လပေါင်းများစွာ ရပ်နားထားသည့် ထားဝယ်နှင့် မြိတ် လေယာဉ်ခရီးစဉ်များ ပြန်ပြေးဆွဲရန် နိုဝင်ဘာလကုန်အထိ မသေချာသေးကြောင်း လေကြောင်းလိုင်းနှင့် လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်အချို့ထံမှ သိရသည်။ ကိုဗစ်ကူးစက်မှုမြင့်တက်လာသည်ဟုဆိုကာ တနင်္သာရီတိုင်းအတွင်းရှိ ထား၀ယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်းများလိုင်းများကို ယခုနှစ် မေလနှောင်းပိုင်းတွင် စတင်ရပ်နားခဲ့ပြီး အချိန်ကာလအလိုက် သက်တမ်းတိုးလာခဲ့သည်။ ထိုနောက် ရန်ကုန်-ကော့သောင်း ခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) နှင့် Air KBZ လေကြောင်းလိုင်းတို့က အောက်တိုဘာလ တတိယအပတ်တွင်မှ ပြန်လည်ပြေးဆွဲခဲ့သည်။ ထားဝယ်နှင့် မြိတ်ခရီးစဉ်အား ယခုလတွင်လည်း ပြန်လည်ပြေးဆွဲရန် မရှိသေးကြောင်း အထက်ပါလေကြောင်းလိုင်းများ၏ call center တာ၀န်ကျ၀န်ထမ်းများက ပြောသည်။ “လောလောဆယ်တော့ ပြန်ဖွင့်ဖို့ မပြောသေးဘူး၊ ကော့သောင်းပဲ ဖွင့်သေးတယ်”ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း call center တာ၀န်ကျ၀န်ထမ်းက ဆိုသည်။ လတ်တလောတွင် […]


