ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်အရှေ့တောတွင် စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး ယာဉ် ၁၀စီးပျက်စီး၊ တိုက်ပွဲဆက်ဖြစ်နေပြီး အရပ်သားတစ်ဦးဒဏ်ရာရ

Dawei Watch

August 21, 2025

ထားဝယ်အရှေ့တောဒေသသို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်ယာဉ်တန်းကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်များက တိုက်ခိုက်ရာ ယာဉ် ၁၀စင်းလုံးကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က သေဆုံးမှုများကြောင်း ဒူရကစစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းတပ်များက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့ နှစ်ဖက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အရပ်သား အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံအချို့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ထံမှ သိရသည်။ ယာဉ် ၁၀ စီးပါး စစ်အာဏာရှင်တပ် ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းတို့သည် ထားဝယ်-ထီးခီးကားလမ်းအတိုင်း ပကာရီ ရဲစခန်းမှ ကျောက်မဲတောင်စခန်းဘက်သို့ စစ်ကြောင်းထိုးလာစဉ် ဩဂုတ်လ ၁၈ ရက်တွင် သင်္ကန်းတုံးနှင့် ဝကုန်းရွာကြား ဘဲ့မတပ်တောင်အနီးတွင် စတင် တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းတပ်များက သတင်းထုတ်ပြန်ထားသည်။ ဩဂုတ်လ ၁၉ရက်တွင် စစ်ယာဉ်တန်းတစ်ခုလုံးနှင့် ခြေလျင်စစ်ကြောင်းတို့ကို […]

ကလိန်အောင် – မလွှဲတောင်လမ်းပိုင်း မရမ်းချောင်းရွာတွင် တိုက်ပွဲဖြစ်

Dawei Watch

August 21, 2025

ရေဖြူမြို့နယ် ကလိန်အောင်မြို့ နှင့် မလွှဲတောင်အကြားရှိ မရမ်းချောင်းရွာတွင် သြဂုတ်လ ၂၀ ရက် ညနေက စစ်အာဏာရှင် တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှ သိရသည်။ ညနေ ၄ နာရီဝန်းကျင်တွင် ပစ်ခတ်သံများ စတင်ထွက်ပေါ်ခဲ့ပြီး ညနေ ၅ နာရီခွဲ ဝန်းကျင်အထိ ပစ်ခတ်သံများ ကြားရကြောင်း တိမ်းရှောင်နေရသည့် ဒေသခံရွာသားများက ပြောသည်။ အဆိုပါထိတွေ့တိုက်ပွဲတွင် နှစ်ဖက်စလုံးက ထိခိုက်မှုရှိကြောင်း မွန်၊ ကရင်၊ ထားဝယ် ပူးပေါင်းမဟာမိတ်တော်လှန်ရေး အင်အားစုတွင်ပါဝင်သည့် တပ်ဖွဲ့တစ်ခု၏ ခေါင်းဆောင်တစ်ဦးက ဆိုသည်။ “တိုက်ပွဲထဲမှာ မဟာမိတ်ဘက်ကတော့ တစ်ယောက်ဒဏ်ရာရတယ်။ စစ်ကောင်စီဘက်ကတော့ ထိခိုက်သေဆုံးတာတွေ ရှိတာကို မျက်မြင်တွေ့ရတယ်။ အရေအတွက်က စာရင်းအတည်ပြုနေတုန်းပါ” ၎င်းက ပြောဆိုသည်။ တိုက်ပွဲဖြစ်နေစဥ်အတွင်း လမ်းပိုင်းကို ခေတ္တကန့်သတ်ခဲ့ပြီး […]

ထားဝယ်မြို့တွင် သေနတ်ဆော့ကစားရာမှ ကျည်ဆန်ထိမှန် ဒဏ်ရာရသွားသည့်ကိုရင် ပျံလွန်

Dawei Watch

August 21, 2025

ထားဝယ်မြို့ရှိ အိမ်ရှေ့ပြင်ရပ်ကွက် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင် တပ်သား၏ သေနတ်ကိုယူဆော့ရာမှ သေနတ်ကျည်ဆန်ထွက်ပြီး ဒဏ်ရာရှိသည့်ကိုရင်မှာ ပျံလွန်တော်မူသွားပြီ ဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများနှင့် ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။ ကိုရင်မှာ ပျံလွန်တော်မူချိန် သက်တော် ၁၅ နှစ်၊ ဝါတော် ၇ ဝါရပြီဖြစ်ပြီး ရှင်သာမဏေ ဘွဲ့အမည် အရှင်ဝါယမ ဖြစ်ကြောင်းသိရသည်။ ကိုရင်သည် ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သား ဈေးဝယ်ထွက်ချိန် ၎င်း၏သေနတ်ကိုယူဆော့ရာမှ ကျည်ဆန်ထွက်သွားပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးကပြောသည်။ “ကျောင်းဝင်းထဲက ဘုရားရင်ပြင်မှာ ဖြစ်သွားတာ ၊ည‌ နေ ၃ နာရီ လောက်ရှိပြီ သေနတ်ပိုင်ရှင်က ရပ်ကွက်ထဲ ဈေးဝယ်ထွက်သွားတယ်လို့သိရတယ်၊ အဲဒီမှာကိုရင်က သူ့ […]

ထားဝယ်တွင် ဆိုင်ကယ်ဖြင့် ကျောင်းလာကြိုချိန် ဦးထုပ်မဆောင်းသူများ ဖမ်းဆီးအရေးယူခံရ

Dawei Watch

August 20, 2025

ထားဝယ်မြို့ပေါ် မြောင်းပုလဲရပ်ကွက်ရှိ အထက (၆) စာသင်ကျောင်းရှေ့တွင် မော်တော်ဆိုင်ကယ်ဖြင့် ကျောင်းလာကြိုသူများနှင့် ကျောင်းသား၊ ကျောင်းသူများ ဆိုင်ကယ်ဦးထုပ်မဆောင်းလျှင် ယနေ့ ဖမ်းဆီးအရေးယူကြောင်း ကျောင်းသားမိဘများက ပြောသည်။ စစ်အာဏာရှင်တပ် လက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့သည် ယနေ့ ဩဂုတ်လ ၂၀ရက် ညနေ ကျောင်းဆင်းချိန်တွင် အထက မြောင်းပုလဲ စာသင်ကျောင်းရှေ့၌ မော်တော်ဆိုင်ကယ်များကိုစစ်ဆေးပြီး ဆိုင်ကယ်ဦးထုပ် မပါလျှင် အရေးယူခြင်း ဖြစ်ကြောင်း ကျောင်းသားမိဘတစ်ဦးက ဆိုသည်။ “အရင် ကျောင်းကြိုဖို့သွားတိုင်း ဒီလိုမရှိဘူး။ အခု ဒီနေ့မှ ကျောင်းရှေ့မှာ ကျောင်းသားလာကြိုတဲ့ ဆိုင်ကယ်ပေါ် ကျောင်းသားက ဆိုင်ကယ်ဦးထုပ် မပါဘဲတက်တာနဲ့ ဖမ်းတာပဲ” ဟု ၎င်းက ပြောဆိုသည်။ ဖမ်းဆီးသည့်အဖွဲ့တွင် စစ်အာဏာရှင်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က တာဝန်ရှိသူများ ပါဝင်ကြောင်း ယနေ့ […]

သရက်ချောင်း စော်ဖျားနှင့် မိုးရွှေကုန်းရွာကြားကို လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲပြီး စက်သေနတ်ဖြင့်ပါပစ်ခတ်

Dawei Watch

August 20, 2025

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာနှင့် မိုးရွှေကုန်းရွာကြားကို စစ်အာဏာရှင်တပ်က ယနေ့ ဩဂုတ်လ ၂၀ရက် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲပြီး စစ်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့သလို ညနေ ၅ နာရီခွဲခန့်တွင်လည်း စော်ဖျားရွာဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးတစ်လုံး ထပ်မံကြဲချခဲ့ကြောင်း သရက်ချောင်းမြို့နယ်အခြေစိုက် PDF တပ်ရင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဥတ္တူ၊ သရက်နှစ်ခွ၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကား၊ ကင်းရှေ့၊ စော်ဖျား၊ မိုးရွှေကုန်းစသည့် ကျေးရွာများကို စစ်အာဏာရှင်တပ်က ဩဂုတ်လ ၁၅ရက်က စတင်ကာ စစ်ကြောင်းနှစ်ကြောင်း ဖြန့်ကျက်ထိုးနေပြီး နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည်။ ဩဂုတ်လ ၁၉ ရက် နံနက် […]

ထားဝယ်တွင် ကိုရင်တစ်ပါး သေနတ်ယူဆော့မိရာမှ မတော်တဆကျည်ထွက်ပြီး ဒဏ်ရာရ

Dawei Watch

August 20, 2025

ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတွင် ဩဂုတ်လ ၁၉ရက် မွန်းလွဲပိုင်းက ကိုရင်တစ်ပါး သေနတ် ယူဆော့မိရာမှ မတော်တဆ ကျည်ထွက် ထိမှန်ဒဏ်ရာရကြောင်း မြို့ခံ အချို့က ပြောသည်။ အိမ်ရှေ့ ပြင်ရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က တပ်သားတစ်ဦး၏ သေနတ်ကိုယူပြီး ဆော့မိခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။ မတော်တဆ သေနတ်ကျည်ဆံ ထွက်ပြီး ကိုရင်၏ ဝမ်းဗိုက်တွင် ထိမှန်ဒဏ်ရာရကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ “ဗိုက်မှာ ထိတယ်။ ညကမှ ခွဲစိတ်ခန်းဝင်ရတယ်ပြောတယ်” ဟု ၎င်းက ပြောသည်။ အသက် ၁၂နှစ်အရွယ် ကိုရင်သည် လက်ရှိတွင် ထားဝယ်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ထားဝယ်မြို့အတွင်း ကင်းလှည့်ထွက်လာသည် စစ်အာဏာရှင်တပ်သည် ဆင်ဆိပ်ရပ်ကွက်နှင့် အိမ်ရှေပြင်ရပ်ကွက်ကြားတွင် […]

ကလိန်အောင် မရမ်းချောင်းရွာသို့ စစ်အာဏာရှင်တပ်စစ်ကြောင်းဝင်၊ ရွာသားများစစ်ဆေးခံရ

Dawei Watch

August 20, 2025

ရေဖြူမြို့နယ် ၊ ရာဖူးကျေးရွာအုပ်စု၊ မရမ်းချောင်းရွာသို့ သြဂုတ်လ ၁၉ ရက် ညနေပိုင်းတွင် စစ်အာဏာရှင်တပ် စစ်ကြောင်း ဝင်ရောက်လာပြီး ရွာအတွင်း ရှိနေသည့် ရွာသားများကို ခေါ်ယူစစ်ဆေးကြောင်း ရွာသားများထံမှ သိရသည်။ သြဂုတ်လ ၁၄ရက်က ကလိန်အောင်မြို့မှ မလွှဲတောင်ဘက်သို့ လာသည့် အင်အားသုံးရာခန့်ပါ စစ်ကြောင်းက စစ်အာဏာရှင်တပ်သား တစ်ရာခန့်သည် မရမ်းချောင်းရွာသို့ ယမန်နေ့က ရောက်ရှိလာကြောင်း ရွာသားများက ဆိုသည်။ အဆိုပါစစ်ကြောင်းမှာ ယနေ့ သြဂုတ်လ ၂၀ရက်တွင် မရမ်းချောင်းရွာလယ် စာသင်ကျောင်း၌ ဆက်ရှိနေဆဲကြောင်း ၎င်းတို့က ပြောဆိုသည်။ “နောက်ကလည်း စစ်ကြောင်း နှစ်ကြောင်းထပ်ထိုးနေသေးတယ်။ ရွာမှာ ကျန်ခဲ့တဲ့ ပိတ်မိနေတဲ့ ရွာသားတွေတော့ ညနေက ခေါ်ပြီး စစ်ဆေးခံရတယ်။ PDF နဲ့ အဆက်အသွယ်ရှိလား ဘာညာပေါ့။ အခုမနက် […]

လောင်းလုံးတွင် စပါးစျေးအနည်းငယ်တက်လာပြီး အရောင်းအဝယ်ပြန်သွက်

Dawei Watch

August 20, 2025

စပါးစျေး ထိုးကျခဲ့သည့် လောင်းလုံးမြို့နယ်အတွင်း သြဂုတ်လ အစောပိုင်းကစကာ စျေးအနည်းငယ် ပြန်တက်လာပြီး အရောင်းအဝယ်လည်း ပြန်သွက်လာကြောင်း လယ်သမားများနှင့် ဆန်စပါးကုန်သည်အချို့ထံမှ သိရသည်။ လက်ရှိတွင် ကျော်ဇေယျ၊ ရန်ကုန်နှင့် ရွှေပန်းခိုင်(ဒေသအခေါ်)စသည့် စပါးကြမ်း တစ်တင်းလျှင် ငွေကျပ် တစ်သောင်းသုံးထောင်ခန့်၊ စပါးချောအမျိုးအစားများဖြစ်သည့် ကမာကြည် တစ်တင်းလျှင် တစ်သောင်းခုနစ်ထောင်ကျပ်ခန့်နှင့် ထားဝယ်ပေါ်ဆန်းမွှေး တစ်တင်းလျှင် ကျပ်သုံးသောင်းခန့် စျေးပေါက်နေသည်။ ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ထားဝယ်ဒေသထွက် စပါးကြမ်းတစ်တင်းလျှင် ငွေကျပ်ကိုးထောင်အထိ စျေးကျသွားရာက လက်ရှိတွင် ဈေးပြန်တက်လာခြင်းဖြစ်သည်။ ထို့အတူ ကမာကြည်တစ်တင်းလျှင် တစ်သောင်းသုံးထောင်ကျပ်ခန့်နှင့် နှစ်သောင်းခွဲခန့်အထိ စျေးကျခဲ့သည်။ ရန်ကုန်ဘက်မှ ဆန်တင်သွင်းမှုရပ်ဆိုင်းသွားပြီးနောက်ပိုင်း ဒေသထွက်ဆန်ကို စားသုံးသူရှိလာသည့်အတွက် ယင်းကဲ့သို့ စပါးစျေးတက်လာခြင်းဖြစ်ကြောင်း ဆန်စပါးကုန်သည်တစ်ဦးက ဆိုသည်။ “စပါးစျေးက ရှစ်လပိုင်းထဲမှာ ပြန်လှုပ်(တက်)လာတယ်။ ရန်ကုန်ဆန်က လုံးဝမဆင်းတော့ ထားဝယ်မှာ […]