မော်ဒန်ပန့်ခေါင်းဆောင် ကိုကြက်ဥကို ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်းက ဖမ်းဆီးထိန်းသိမ်းထားဟုဆို
Dawei Watch
October 9, 2025လောင်းလုံးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် မော်ဒန်ပန့်(Modern Punk) အဖွဲ့ခေါင်းဆောင် ကိုကြက်ဥကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း တပ်ရင်းမှူး C1 က အတည်ပြုပြောဆိုသည်။ ကိုကြက်ဥကို အောက်တိုဘာလ ၇ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဆက်လက်ထိန်းသိမ်းထားကြောင်း တပ်ရင်းမှူး C1 က ဆိုသည်။ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ) စခန်းတစ်ခုသို့ ကိုကြက်ဥ သွားရောက်သည့် ရုပ်သံမှတ်တမ်းတစ်ခု အောက်တိုဘာလ ၈ ရက်တွင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာသည်။ အဆိုပါရုပ်သံမှတ်တမ်းတွင် ပလဖ စခန်းအရှေ့ကို ကိုကြက်ဥက ပစ္စတိုသေနတ်တစ်လက်ကိုင်ဆောင်ကာ လက်မြှောက်ဝင်လာပြီး စကားပြောနေချိန် ပစ်ခတ်သံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ ထိုကြောင့် ဒေသခံအချို့က ကိုကြက်ဥကို ပစ်သတ်လိုက်ကြောင်း သတင်းများပျံ့နှံ့ခဲ့သလို ကိုကြက်ဥ၏ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများက ပြောဆိုသည်။ […]


