ရော်ဘာအစေးရည် ဈေးပြန်တက်
diz_admin
January 14, 2022Dawei Watch၊ ထားဝယ်၊ ဇန်နဝါရီ ၁၄ ဒေါ်လာငွေလဲနှုန်း မြင့်တက်နေသည့်အတွက် ထားဝယ်ဒေသ၏ ရော်ဘာအစေးရည်ဈေးလည်း မြင့်တက် နေကြောင်း ရော်ဘာအစေးရည် ဝယ်ယူနေသည့် ကုမ္ပဏီအချို့ထံမှ သိရသည်။ ၂၀၂၁ နှစ်ကုန်က ရော်ဘာအစေးရည် (Dry Rubber Content) တစ်ပေါင်လျှင် ငွေကျပ် ၉၀၀ ဝန်းကျင် သာရှိရာမှ ယခုနှစ် ဇန်နဝါရီလ ပထမအပတ်မှစတင်ကာ ကျပ် တစ်ထောင်ကျော်အထိ ဈေးတက်လာ သည်။ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တစ်ပေါင်လျှင် ၁၀၂၀ ကျပ်ဖြင့် ဝယ်နေသည့် စက်ရုံရှိသကဲ့သို့ ၁၀၅၀ ကျပ်ဖြင့် ဝယ်နေသည့် စက်ရုံလည်းရှိကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။ ထားဝယ်မြို့နယ်ရှိ ရော်ဘာအစေးဝယ်နေသည့် ထားဝယ်နဂါးကုမ္ပဏီနှင့် ထားဝယ်ရွှေပြည် အဆင့်မြင့် မှိုင်းခံစက်ရုံ တာဝန်ရှိသူများကလည်း ဒေါ်လာငွေလဲနှုန်းမြင့်နေခြင်းကြောင့် […]


