ထားဝယ်အရှေ့တောကို စစ်အာဏာရှင်တပ်က အင်အားရာချီထပ်ဖြည့်ပြီး စစ်ကြောင်းထိုးနေ
Dawei Watch
August 29, 2025ထားဝယ်အရှေ့တောဒေသကို စစ်အာဏာရှင်တပ်က အင်အားရာချီထပ်ဖြည့်ပြီး စစ်ကြောင်းထိုးနေသည်ဟု ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ဩဂုတ်လ ၁၆ ရက်နေ့က ပကာရီစခန်းမှ ကျောက်မဲတောင်စခန်းကို ထားဝယ်-ထီးခီးကားလမ်း အတိုင်းလာသည့် စစ်ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းမှာ သင်္ကန်းတုန်းနှင့် ဝကုန်းရွာများတွင် ဆက်တိုက် တိုက်ခိုက်ခံခဲ့ရသည်။ ယင်းတိုက်ခိုက်မှုတွင် စစ်အာဏာရှင်တပ်များ၏ကားများကို ဖျက်စီးခဲ့သလို စစ်အာဏာရှင်တပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း၊ ယင်းစစ်ကြောင်းမှာ သင်္ကန်းတုံးရွာတွင် ဆက်ရှိနေပြီး ဩဂုတ်လ ၂၀ ရက်နေ့တွင် ထားဝယ်မှ အင်အား ၆၀ ခန့်လာရောက်ပူးပေါင်းခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များကဆိုသည်။ ယင်းကြောင့် စစ်အာဏာရှင်တပ်က ဩဂုတ်လ ၁၉ ရက်နှင့် ၂၁ ရက်နေ့များတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဩဂုတ်လ ၂၇ ရက်နေ့တွင်လည်း ထားဝယ်မြို့မှ မြေသယ်ကား ၄ စီးဖြင့် အင်အား […]


