ထားဝယ်တွင် ဖမ်းဆီးစစ်မှုထမ်းစုဆောင်းခံရသူတစ်ဦး ညတွင်းချင်းသေဆုံး
Dawei Watch
October 14, 2025ထားဝယ်မြို့၊ သင်္ဘောဆိပ်ရပ်ကွက်တွင် အောက်တိုဘာလ ဒုတိယအပတ်အတွင်း စစ်မှုထမ်းရန် နေအိမ်၌ ညဘက် ဖမ်းဆီးစုဆောင်းခံရသူ အမျိုးသားတစ်ဦး သေဆုံးသွားကာ အလောင်းလာရောက် ယူဆောင်ရန် မိသားစုထံ အကြောင်းကြားလာကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။ သေဆုံးသူသည် အသက် ၃၀ ဝန်းကျင်အရွယ် ကိုရန်နိုင်ဦးဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ညဘက် ဖမ်းဆီးသွားပြီး နောက်တစ်ရက် နံနက်ပိုင်းတွင် အလောင်းကို လာရောက်သယ်ဆောင်ရန် မိသားစုထံ အကြောင်းကြားလာခြင်းဖြစ်ကြောင်း ဖြစ်စဥ်အားသိရှိသည့် ရပ်ကွက်နေသူများက ဆိုသည်။ “သေသွားတဲ့ကောင်လေးက တက်တဲ့ရောဂါပုံစံလိုမျိုး ရောဂါအခံတစ်ခုရှိတယ်လို့ သိတယ်။ သေတာကတော့ ဘာကြောင့် သေတယ် မသိဘူး။ တချို့ကလည်း ရောဂါကြောင့်၊ တချို့ကလည်း ရိုက်တာရှိလို့ ပြောကြတယ်။ တိတိကျကျ မပြောနိုင်ကြဘူး” ဟု အဆိုပါရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ သေဆုံးရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ […]


