ရေအခက်အခဲဖြစ်လျှင် အကူအညီတောင်းခံနိုင်သည်ဟု ဇမ္ဗူသီရိအဖွဲ့ပြော
diz_admin
March 31, 2022ထားဝယ်ခရိုင်အတွင်း နွေရာသီ သောက်သုံးရေပြတ်လပ်လျှင် ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီ သယ်ဆောင်ရေးအဖွဲ့ထံသို့ အကူအညီတောင်းခံနိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာအချို့မှာ မတ်လကနေ မေလအထိ သောက်သုံးရေရှားပါးမှု နှစ်တိုင်းနီးပါး လိုလိုကြုံတွေ့နေရသည်။ ယင်းအတွက်ကြောင့် ထားဝယ်မြို့၏ အနီးဝန်းကျင် ကျေးရွာများတွင် သောက်သုံးရေပြတ်လပ်လျှင် လိုက်လံကူညီပေးမည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ဥက္ကဋ္ဌဖြစ်သူ ဦးနိုင်မျိုးသွင်က ပြောသည်။ “နှစ်တိုင်းက သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်ပြီးစ ကာလတွေမှာ သောက်သုံးရေ အကူအညီတောင်းခံ လာတာမျိုးရှိတယ်။ နှစ်တိုင်းလိုလို သောက်သုံးရေ လိုက်လှူပေးရတယ်” ဟု ၎င်းက ဆိုသည်။ ဒေသအတွင်းနှစ်စဉ်သောက်သုံးရေ အခက်အခဲကြုံရလေ့ရှိသော ကျေးရွာအချို့မှာ လောင်းလုံးမြို့နယ်က ဝေဒီ၊ ကညုံကျွန်း၊ သရက်ချောင်းမြို့နယ်က ရှင်မုတ္ထီး၊ ညောင်ဇင်၊ ပန်းချီရှောင်ကျေးရွာတို့ ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ဝေဒီရွာတွင် ယခင်နှစ်များက ယခုလိုကာလမျိုးတွင် တွင်းရေများ […]


