ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

CDM အခြေခံပညာကျောင်းသားများအတွက် ပညာရေးအခွင့်အလမ်းသစ်များ ပေါ်ပေါက်

diz_admin

April 9, 2022

စစ်ကောင်စီ၏ပညာရေးကို သပိတ်မှောက်ပြီး ကျောင်းမတက်ဘဲ ဆန္ဒပြခဲ့ကြသော CDM ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးအခွင့်အလမ်းသစ်များ ပေါ်ပေါက်လာကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရှိရသည်။ ကိုဗစ်ကြောင့် ကျောင်းတက်ခွင့်တစ်နှစ် ဆုံးရှုံးနစ်နာခဲ့သော မြန်မာနိုင်ငံမှ ကျောင်းသားများမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် စစ်ကောင်စီ၏ပညာရေးစနစ်ကို သပိတ်မှောက်ပြီး ကျောင်းဆက် မတက်ကြ သဖြင့် ပညာရေးရပ်တန့်မှုများနှင့် ကြုံတွေ့နေကြရသည်။ သို့သော် အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာလာချိန်တွင်တော့ မြန်မာနိုင်ငံမှ ကျောင်းသားများ ပညာဆက် လက်သင်ယူနိုင်မည့် အခွင့်အလမ်းသစ်များ စတင်ပေါ်ပေါက်လာပြီဖြစ်သည်။ အထက်တန်းအဆင့်တွင် ပညာရေးရပ်တန့်နေသူများမှာ နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများဖြစ်သော IGCSE ၊ GED ၊ Cambridge စသည့် သင်ရိုးများကို လေ့လာကာ ဝင်ရောက်ဖြေဆို နိုင်ရေး လုပ်ဆောင်လာကြသည်။ သို့သော် ယင်းစာမေးပွဲများမှာ ငွေကုန်ကြေးကျ များနိုင်သည့်အတွက် ငွေကြေးတတ်နိုင်သူများက အဓိကသွားသည့် […]

တိုက်ခိုက်ခံရမှုကြောင့် လောင်းလုံးမြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး တိမ်းရှောင်

diz_admin

April 8, 2022

အမည်မသိအဖွဲ့တစ်ခု၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသည့် ထားဝယ်ခရိုင် လောင်းလုံးမြို့ (ဃ) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းမှာ မိသားစုနှင့်အတူ တိမ်းရှောင်သွားကြောင်း  ဒေသခံအချို့ထံမှ သိရသည်။ ဦးမင်းသိန်းမှာ (ဃ) ရပ်ကွက် လောင်းလုံးမြို့နယ်တရားရုံးနှင့် မြို့မအားကစားကွင်းအနီးရှိ နေအိမ်ထဲတွင် ရှိနေစဉ် ဧပြီလ ၇ ရက်နေ့ နေ့လယ်ပိုင်းက အဖွဲ့တစ်ခု၏ လာရောက်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားကြောင်း ယင်းရပ်ကွက်နေသူတစ်ဦးကပြောသည်။ “သေနတ်ဒင်နဲ့ ခေါင်းကိုထုသွားတယ်လို့ပြောတယ်” ဟု အခင်းဖြစ်ပြီးနောက် နေအိမ်သို့ သွားရောက်ခဲ့သူတစ်ဦးက ပြောသည်။ အခင်းဖြစ်ပွားပြီးနောက် ဦးမင်းသိန်းအား ရဲကားဖြင့် လာရောက်ခေါ်ဆောင်သွားပြီး ယင်းမှတစ်ဆင့် အခြား နေရာတစ်ခုသို့ မိသားစုအလိုက် တိမ်းရှောင်သွားပြီဖြစ်ကြောင်း ယင်းရပ်ကွက်သားတစ်ဦးက ဆိုသည်။ ဦးမင်းသိန်းမှာ NLD အစိုးရလက်ထက်မှ ယနေ့အချိန်အထိ (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်ယူထားသူဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဦးမင်းသိန်းဖြစ်စဉ်နှင့် […]

လောင်းလုံးမြို့နယ်အတွင်း အလှူ၊ မင်္ဂလာပွဲအချို့ ရပ်နားရွှေ့ဆိုင်း

diz_admin

April 8, 2022

PDF အဖွဲ့သုံးဖွဲ့က မေတ္တာရပ်ခံချက်ပူးပေါင်း ထုတ်ပြန်ပြီးနောက် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ပြုလုပ်ရန်ရှိသည့် အလှူနှင့် မင်္ဂလာပွဲအချို့ ရပ်နားခြင်း၊ ရက်ရွှေ့ခြင်းတို့ လုပ်ဆောင်နေကြာင်း စုံစမ်းသိရှိရသည်။ ဧပြီလ ၈ ရက်မှစပြီး လောင်းလုံးမြို့နယ်အတွင်း အလှူ၊ မင်္ဂလာဆောင်နှင့် ပျော်ပွဲ၊ ရွှင်ပွဲများ ရပ်တန့် ပေးကြပါရန် အနူးအညွန့် မေတ္တာရပ်ခံပါကြောင်းနှင့် သတ်မှတ်ရက်ထက် ကျော်လွန်ပြီး ကျင်းပ၍ တစ်စုံတစ်ရာဖြစ်ပေါ်လာလျှင် တာဝန်ယူမည်မဟုတ်ကြောင်း PDF အဖွဲ့သုံးခုက မေတ္တာရပ်ခံချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ယင်းထုတ်ပြန်ချက်ကို Laung Lone people Defence Force (LLPDF) ၊ Nway Po Guerrilla Force၊ Dawei Defence Team (DDT) အဖွဲ့တို့က ဧပြီလ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ […]

ရန်ကုန်-ထားဝယ် လေယာဉ်လက်မှတ်ဈေး ကျပ်တစ်သိန်းကျော်အထိ မြင့်တက်

diz_admin

April 8, 2022

သင်္ကြန်အချိန် နီးလာသည်နှင့်အမျှ လေယာဉ်လက်မှတ်ဈေးနှုန်းလည်း တဖြေးဖြေး မြင့်တက်လာနေကြောင်း ထားဝယ်မြို့ရှိ လေယာဉ်လက်မှတ်ရောင်းချနေသည့်ဆိုင်အချို့နှင့် ခရီးသည်အချို့ထံမှ သိရသည်။ မတ်လကုန်ပိုင်းက ထားဝယ် – ရန်ကုန် ခရီးစဉ်အတွက် ကျပ်ခုနစ်သောင်းငါး‌ထောင်ဝန်းကျင် ရှိနေရာမှ ဧပြီလ ဒုတိယအပတ်တွင်မူ အနိမ့်ဆုံး ကျပ်ကိုးသောင်းဝန်းကျင်မှ အမြင့်ဆုံး တစ်သိန်းသုံးသောင်းအထိ ဈေးမြင့် တက်လာခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ “အရင်က ငါးသောင်းကနေ ရှစ်သောင်းဝန်းကျင်ဖြစ်တယ်။ အဲဒီက‌နေမှ ကိုးသောင်းဝန်းကျင်၊ အခုတစ်သိန်း ဝန်းကျင် အဲဒီလိုမျိုးဈေးက တောက်လျှောက်တက်နေတာ။ ဘာကြောင့်ဈေးတက်တာလဲတော့ မပြောတတ် ဘူး။ ကျွန်တော်တို့က သူတို့ရောင်းခိုင်းတဲ့ဈေးနဲ့ ရောင်းပေးနေတာပဲ” ဟု ထားဝယ်မြို့ရှိ ‌လေယာဉ်လက်မှတ် အရောင်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ ယင်းဈေးနှုန်းသည် အခြားအပိုထပ်ဆောင်းခ အပါအဝင် အပြီးအစီးနှုန်းထားများ ဖြစ်သည်။သို့သော် လေယာဉ်အမျိုးအစား၊ သွားမည့်နေ့ရက်အပေါ်မူတည်ပြီး ဈေးနှုန်းကွာဟမှု ရှိကြောင်း […]

တနင်္သာရီဂျာနယ်၏ ဆောင်းပါးရှင်ဟောင်း အောင်လွင် (ကံပေါက်သား) အဖမ်းခံရ

diz_admin

April 8, 2022

ထားဝယ်အခြေစိုက် ထုတ်ဝေခဲ့သည့် တနင်္သာရီဂျာနယ်၏ ဆောင်းပါးရှင်ဟောင်း တစ်ဦးဖြစ်သူ အောင်လွင် (ကံပေါက်သား) (ဦးအောင်လွင်)ကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့ရှိ စစ်ဆေးရေး ဂိတ်တစ်ခုတွင် ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံမှ သိရသည်။ မျက်မြင်တွေ့ရှိသူများ၏ အဆိုအရ ဦးအောင်လွင် စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်ကို ထားဝယ်မြို့ အထွက် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းနှင့် အတူ ဖမ်းဆီးသွားကြောင်း သိရသည်။ ဦးအောင်လွင်နှင့် ယာဉ်မောင်းဖြစ်သူကို မည်သည့်အတွက်ကြောင့် မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မိသားစုဝင်များက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက အတည်ပြု ပြောဆိုသည်။ အသက် ၃၀ ကျော် အရွယ်ရှိ ဦးအောင်လွင်သည် အောင်လွင် (ကံပေါက်သား) အမည်ဖြင့် တနင်္သာရီဂျာနယ်တွင် ဆောင်းပါးများ ရေးသားလေ့ရှိသူဖြစ်ပြီး တနင်္သာရီဂျာနယ်ကို ၂၀၂၁ ခုနှစ် […]

လောင်းလုံး ညင်းမော်ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဈေးတွင် ပစ်သတ်ခံရ

diz_admin

April 7, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်လည်းဖြစ်၊ ကျေးရွာအရံ မီးသတ် တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ ဦးနိုင်ဦးကို ယနေ့ (ဧပြီ ၇) နံနက်ပိုင်းက ရွာဈေးတွင် ပစ်သတ်ခံရပြီး ဈေးသည် အမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း မျက်မြင်တွေ့သူအချို့က ပြောသည်။ ပစ်ခတ်ခံရသဖြင့် သေဆုံးသွားသူ အသက် ၅၀ ကျော်အရွယ် ဦးနိုင်ဦးမှာ ညင်းမော်ဘုန်းကြီးကျောင်းနံဘေး နေအိမ်တွင် အရက်ဆိုင် ဖွင့်လှစ်ရောင်းချနေသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဦးနိုင်ဦးသည် ညင်း‌မော်ဘော်လုံးကွင်းတွင် ဖွင့်လှစ်ထားသည့် ဈေးတွင် နံနက် ၆ နာရီခွဲခန့်တွင် ဈေးလာဝယ်နေစဉ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၇ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားသည်။ သေဆုံးသူ ဦးနိုင်ဦးမှာ ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး ရဲသတင်းပေးဖြစ်သဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ရင်ဘတ်မှာ […]

သယ်ယူစရိတ်ကြီးသဖြင့် ထားဝယ်တွင် ဝါးဈေးနှစ်ဆတက်

diz_admin

April 6, 2022

သယ်ယူစရိတ်ကြီးမြင့်မှုကြောင့် ထားဝယ်တွင် ဝါးဈေး ယမန်နှစ်ထက် ဈေးနှစ်ဆတက်သွားကြောင်း ထားဝယ် ကမ်းနားလမ်းရှိ ဝါးရောင်းချသူအချို့ထံမှ သိရသည်။ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အိမ်သုံး ဝါးကြီးတစ်လုံးကို ယမန်နှစ်က ငါးရာကျပ်ခန့်သာရှိရာမှ ယခုနှစ်တွင် တစ်ထောင်ခန့်ဖြစ်လာပြီး ဝါးငယ်တစ်လုံး သုံးရာကျပ်ခန့်ရှိရာမှ ခြောက်ရာခန့်ဖြင့် ရောင်းချနေရကြောင်း ဝါးရောင်းချသူတစ်ဦးက ပြောသည်။ “ပင်ရင်းကတော့ ဈေးမတက်ဘူး။ ပုံမှန်ပါ။ အဓိက သယ်ယူစရိတ်ကြီးသွားတော့ ဈေးကွက်ထဲမှာ ဈေးတင်ရတာပေါ့” ဟု ဝါးရောင်းချသူ အမျိုးသားတစ်ဦးက ပြောသည်။ ယမန်နှစ်က ဝါးလုံးရေ တစ်ထောင်ပါ ကားတစ်ခေါက်ကို သယ်ယူစရိတ် ရှစ်သောင်းခန့်သာ ပေးရပြီး ယခုနှစ်မှာ တစ်သိန်းလေးသောင်းခန့်ပေးရကြောင်း ဝါးရောင်းချသူအချို့ထံမှ သိရသည်။ “ဝါးကြီးတစ်လုံးကို အိမ်အရောက်ပို့ တစ်ထောင်ဆိုလို့ တစ်လုံးရှစ်ရာနဲ့ ကိုယ်တိုင်သွားသယ်လိုက်ရတယ်။ မနှစ်က ငါးရာပဲ ရှိတယ်” ဟု လောင်းလုံးမြို့နယ်ရှိ ဒေသခံတစ်ဦးက […]

နိုင်ငံခြားငွေကြေး မူဝါဒသစ်ကြောင့် ရာဘာလုပ်ငန်းရှင်များ အခက်တွေ့

diz_admin

April 6, 2022

နိုင်ငံခြားငွေကြေးမူဝါဒ အပြောင်းအလဲကြောင့် ရာဘာဈေးမဖွင့်ရဲဘဲ အခြေအနေကို စောင့်ကြည့်နေကြရကြောင်း ထားဝယ်အခြေစိုက် ရာဘာဒိုင်အချို့က ပြောသည်။ ပြည်ပမှ ဝင်ရောက်လာသည့် နိုင်ငံခြားငွေများကို မြန်မာကျပ်အဖြစ် ဝင်ရောက်သည့်နေ့မှ တစ်ရက်အတွင်း ပြောင်းလဲ၍ မြန်မာကျပ်ငွေစာရင်းသို့ ထည့်သွင်းပေးရမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဧပြီလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ယင်းသို့ကျပ်ငွေသို့ ပြောင်းလဲရာတွင်လည်း အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ် နှုန်းဖြင့် လဲလှယ်ရမည်ဖြစ်ပြီး နိုင်ငံခြားသုံးငွေကို ပြည်ပသို့ လွှဲပြောင်းမည်ဆိုပါက နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ အမေရိကန် တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်ဖြင့်လဲလှယ်ရမည်ဆိုသည့် အချက်က နိုင်ငံခြားသို့ ရာဘာတင်ပို့ရောင်းချနေသူများအတွက် ထိခိုက်မူရှိကြောင်း ထားဝယ်မြို့ရှိ ရာဘာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ “အရင်ဒေါ်လာဈေးက ၂၀၀၀ ကျော်မှာရှိနေတယ်။ အခုက ၁၈၅၀ […]