သရက်ချောင်းမြို့နယ် စော်ဖျားရွာသားတစ်ဦး အသတ်ခံရ
diz_admin
April 26, 2022ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာက ရွာသားတစ်ဦး ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက ရော်ဘာခြံတစ်ခုတွင် အသတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အသတ်ခံရသူမှာ အသက် ၄၀ ကျော်အရွယ် ဦးလားဆိုသူဖြစ်ပြီး ကင်းရှေ့ရွာနှင့် မိုးရွှေကုန်းရွာကြားရှိ ရော်ဘာခြံတစ်ခုတွင် သေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “သေတာကတော့ မနေ့ညတည်းက အသတ်ခံရတယ်လိုလို ပြောသံကြားတယ်။ အလောင်းသွား ကောက်သူ မရှိသေးဘူးလို့လည်း ရွာထဲမှာ ပြောဆိုနေကြတယ်” ဟု စော်ဖျားရွာမှ ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။ ဦးလားကို မည်သူတို့က မည်သည့်အတွက်ကြောင့် သတ်ဖြတ်ခဲ့သည်ကိုမူ မသိရသေးပေ။ ဦးလား၏ အစ်ကိုဖြစ်သူ ဦးသိန်းမဲကိုမူ ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် Dawei Defense Force အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်။ ပျူစောထီးအဖွဲ့ဝင်ဖြစ်သဖြင့် […]


