ပျူစောထီးခေါင်းဆောင်၏ညီမဖြစ်သူ အသတ်ခံရအပြီး NLD ပါတီဝင် နှစ်ဦး ပစ်သတ်ခံရ
diz_admin
April 29, 2022လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာတွင် ပျူစောထီးခေါင်းဆောင်၏ ညီမဖြစ်သူ ပစ်သတ်ခံရပြီးနောက် ယင်းနေ့ည ကိုးနာရီခွဲခန့်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၂ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ဧပြီလ ၂၈ ရက်နေ့ မနက်ပိုင်းက ပျူစောထီးခေါင်းဆောင် ဦးဇော်၏ ညီမဖြစ်သူ ဒေါ်သန်းသန်းသက် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး ယင်းနေ့ညပိုင်းတွင် ယင်းရွာနေ NLD ပါတီဝင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရကာ သေဆုံးသွားကြောင်း ယင်းနောက်အမျိုးသားတစ်ဦး ထပ်မံပစ်ခတ်ခံရ၍ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ “ကားတစ်စီးနဲ့ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်နှိုးပြီးပစ်တယ်”ဟု သေဆုံးသူများနှင့် နီးစပ်သူတစ်ဦးထံမှသိရသည် ယင်းနေ့ည ပစ်ခတ်မှုမှာ ပျူစောထီးအဖွဲ့ဝင်အဖြစ်နာမည်ထွက်သူ ဒေါ်သန်းသန်းသက်(သေဆုံး)သူ ၏သား မောင်နိုင်လင်းအောင်ဦးဆောင်လာပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများအကြား သတင်းထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ “သူအမေလဲ မနက်ကပစ်ခံရလို့သေတယ် သူ့အမေလဲသေနတ်ကိုင်တယ်။ သူသားလည်းသေနတ်ကိုင်တယ်။ ရွာထဲမှာလည်း မကြာခဏသူတို့အုပ်စုနဲ့ အပေါင်းပါတွေပဲ […]


