PPTT တစ်နှစ်သင်တန်းကို ၂ လခွဲသာသင်ပြီး လက်ထောက်မူလတန်းပြများခန့်အပ်
diz_admin
May 4, 2022ယခင်ကတစ်နှစ်တက်ရသည့် PPTT(လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း) ကို နှစ်လခွဲသာ တက်ခိုင်းပြီး သင်တန်းဆင်းများကို လက်ထောက်မူလတန်းပြများအဖြစ် ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီ၏ ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။ စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ PPTT အမှတ်စဉ်(၇/၂၀)သင်တန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့အထိ ၂ လခွဲကျော် သင်တန်းပေးပြီးနောက် အောင်မြင်သူများကို မေလ ၂ ရက်နေ့မှစ၍ လက်ထောက်မူလတန်းပြများ အဖြစ် ခန့်ထားလိုက်ခြင်းဖြစ်သည်။ ယင်းသင်တန်းဆင်းများကို အခြေခံပညာကျောင်းများသို့ မေလ ၂ ရက်နေ့တွင် စတင်ခန့်ထားရာ ထားဝယ်ပညာရေးကောလိပ်မှ အောင်မြင်သူ ၁၀၆ ဦးပါဝင်ကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရှိရသည်။ (PPTT) အပတ်စဉ် (၇/၂၀)ကို ၂၀၂၀ […]


