ကလိန်အောင်မြို့ အမှတ် (၂) တံတားအနီး စစ်ကောင်စီတပ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ
diz_admin
May 8, 2022ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အမှတ် (၂) တံတားအနီး၌ စစ်ကောင်စီတပ် ကားတန်းကို မေလ ၇ ရက်နေ့တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Kanbauk Denfense Force (KBDF) က ထုတ်ပြန်ထားသည်။ မေလ ၇ရက်နေ့ နံနက် ၈နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား လေးဦး သေဆုံးကာ အနည်းဆုံး ခြောက်ဦးဒဏ်ရာရခဲ့သည့်အပြင် ကား ထိခိုက်ပျက်စီးမှုရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ကလိန်အောင်မြို့တွင်နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက အမှတ် (၂) တံတားအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခံရသည်ဟု ကြားသိရသော်လည်း ထိခိုက်သေဆုံးမှု ရှိမရှိ သေချာမသိကြောင်း ပြောသည်။ “အသိတွေပြောတာတော့ မိုင်းဆွဲသံလည်း ကြားတယ်။ ပြီးရင် သေနတ်တွေလည်း နည်းနည်း ပစ်တယ် လို့တော့ ပြောတယ်” ဟု […]


