လောင်းလုံးတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ
diz_admin
June 9, 2022လောင်းလုံးမြို့နယ် မြခါးပတ်ရွာတွင် ယနေ့ (ဇွန် ၉ )နံနက်ပိုင်းက အသက် လေးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်ခတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ပစ်ခတ်ခံရသူမှာ မြခါးပတ်ရွာတွင် နေထိုင်သော ဦးဌေးဝင်းဆိုသူဖြစ်ပြီး ယနေ့ နံနက်ပိုင်းနေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်သွားစဉ် ယင်းကျေးရွာသို့ ဝင်ရောက်ရာလမ်းထိပ်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ရွာထိပ်မှာပါ သုံးချက်ထိတယ်လို့ကြားတယ်။ ရင်ဖက်မှာကတစ်ချက် လက်မောင်းမှာကတစ်ချက် ခြေထောက်မှာတစ်ချက်က ထုတ်ချင်းပေါက်သွားတယ်”ဟု ၎င်းကပြောသည်။ ဦးဌေးဝင်းဆိုသူမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတင်းပေးဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သွားလာလေ့ရှိသူဖြစ်ကြောင်း အခြားဒေသခံတစ်ဦး၏ ပြောကြားချက်အရသိရသည်။ ယင်းပစ်ခတ်မှုကြောင့် အဆိုပါအမျိုးသားမှာ စိုးရိမ်ဒဏ်ရာရရှိပြီး ထားဝယ်တွင် ဆေးကုသမှုခံယူနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့ နေ့လယ်ပိုင်းကလည်း ယင်းကျေးရွာအနီး ဟင်းချိုတောရွာတွင် ဒလန်ဟုဆိုသူ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီး […]


