ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ထိတွေ့ပစ်ခတ်မှုဖြစ်

Dawei Watch

October 25, 2025

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွာရေးဇုန်ဧရိယာအတွင်း စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ယနေ့ အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်းတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၁၈ ရက်က ရေဖြူဘက်မှ ခမောင်းချောင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ခမောင်းချောင်းနှင့် ဝက်ချောင်းကျေးရွာကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် သီတင်းပတ် တစ်ပတ်ခန့်အကြာတွင် ထိတွေ့ပစ်ခတ်မှုထပ်မံ ဖြစ်ပွားခြင်းဖြစ်သည်။ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံသို့ ချိတ်ဆက်ဖောက်လုပ်ထားသည့် လမ်းမကြီးပေါ်တွင် ယနေ့ ၂၅ရက် နံနက် ၇နာရီခွဲမှ ၈နာရီဝန်းကျင်အထိ နာရီဝက်ခန့်ကြာ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “စစ်ကြောင်းကတော့ ဟိုနေ့က တိုက်ပွဲဖြစ်တဲ့ စစ်ကြောင်းပဲ။ အဲဒီနားတစ်ဝိုက်ပဲ ပတ်သွားနေတာ။ အခုမနက်ပစ်ကြတာ နာရီဝက်လောက်ရှိမယ်” ဟု ၎င်းက ဆိုသည်။ နှစ်ဖက် ထိတွေ့ပစ်ခတ်မှုကြောင့် နဘုလယ်ဒေသက […]

ဇာဒီရွာတွင် စစ်အာဏာရှင်တပ် တပ်စွဲပြီး လျှပ်စစ်မီးပြန်ပေးကာ ရွာသားများကို ပြန်ခေါ်၊ ရွာမပြန်ရဲဟု ရွာသားများပြော

Dawei Watch

October 24, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီရွာတွင် စစ်အာဏာရှင်တပ် ဝင်ရောက်တပ်စွဲကာ လျှပ်စစ်မီး ပြန်ပေးပြီး ရွာသားများကို ရွာတွင်ပြန်လည်လာရောက်နေထိုင်ရန် ပြောဆိုနေကြောင်း ရွာသားများထံမှ သိရသည်။ စစ်အာဏာရှင်တပ်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဇာဒီရွာကို လျှပ်စစ်မီး ဖြတ်တောက်ခဲ့ပြီး အောက်တိုဘာလ ၂၃ ရက်တွင် လျှပ်စစ်မီး ပြန်ပေးကြောင်း ရွာသားများက ပြောသည်။ စစ်အာဏာရှင်တပ်သား အင်အားတစ်ရာခန့်သည် အောက်တိုဘာလ ၂၀ရက်တွင် စစ်ကြောင်းထိုး ရောက်ရှိလာပြီး ဇာဒီရွာအတွင်းရှိ နေအိမ်အချို့နှင့် ဘုန်းကြီးကျောင်းတွင် ယနေ့ အောက်တိုဘာလ ၂၄ရက်အထိ တပ်စွဲနေထိုင်နေကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများက ဆိုသည်။ လျှပ်စီးမီး ပြန်ရပြီးနောက် လျှပ်စစ်နှင့် လည်ပတ်ရသည့် ဖုန်းဆက်သွယ်ရေး တာဝါတိုင်အချို့ ပြန်လည် လည်ပတ်နိုင်ပြီး ဆက်သွယ်ရေးလည်း ပြန်လည်ရရှိနေကြောင်း ၎င်းတို့က ပြောဆိုသည်။ “စစ်သားတွေက […]

ထားဝယ်မှာ ရော်ဘာရာသီအဖွင့်ဈေး မနှစ်ကထက်ဈေးကျ

Dawei Watch

October 24, 2025

ထားဝယ်မှာ ရာသီဖွင့်စ ရော်ဘာဈေး မနှစ်ကထက် ဈေးလျော့ကျနေကြောင်း တောင်သူများနှင့် ပွဲရုံလုပ်ငန်းရှင်အချို့က ပြောသည်။ ပြီးခဲ့သည့်နှစ် ပွင့်လင်းရာသီအစပိုင်းတွင် နေလှန်းပြား တစ်ပေါင် ၂၈၀၀ ကျပ်ခန့်ရှိသော်လည်း ယခုနှစ် ရာသီဖွင့်စတွင် နေလှန်းပြား တစ်ပေါင်ဈေးနှုန်းမှာ ၂၆၂၀ ကျပ်ခန့်သာရှိသည်ဟု ထားဝယ်မြို့က ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ “ဈေးလျော့တာက အဓိက Export ပေါ့ လမ်းကြောင်းပိတ်တာနဲ့ဘာနဲ့” ဟု ၎င်းက ပြောသည်။ ရော်ဘာချေး(ခွက်ကပ်)တစ်ပိဿာလျှင် ပြီးခဲ့သည့်နှစ်က ၅၀၀၀ ကျပ်ဝန်းကျင်ရှိသော်လည်း ယခုနှစ်တွင် တစ်ပိဿာ ၄၀၀၀ ကျပ်ဝန်းကျင်ခန့်သာရှိသည်ဟု သရက်ချောင်းမြို့နယ် ဝဲရစ်ကျေးရွာက ရော်ဘာခြံရှင်အမျိုးသားတစ်ဦးက ပြောသည်။ “မနှစ်တုန်းကနဲ့စာရင် ဈေးနည်းနည်းလျော့တာပေါ့” ဟု အထက်ပါအမျိုးသားက ပြောသည်။ နေလှန်းပြားမှာ ပြီးခဲ့သည့်နှစ်စက တစ်ပိဿာ တစ်သောင်းတစ်ထောင်ကျပ်ခန့် ရှိသော်လည်း ယခုနှစ်တွင် နေလှန်းပြား […]

မြိတ်-ထားဝယ်ကားလမ်းရှိ လဘရွာတွင် တိုက်ပွဲဖြစ်၊ စစ်အာဏာရှင်တပ် နေအိမ်များကိုမီးရှို့

Dawei Watch

October 23, 2025

သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ လဘကျေးရွာတွင် ယနေ့ အောက်တိုဘာဘ ၂၃ ရက် နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းကျေးရွာက နေအိမ်များကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးကြောင်း စစ်ရေးသတင်းအရင်းအမြစ်နှင့် ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၀ ရက်တည်းက သရက်ချောင်းမြို့အထွက် ဆင်ကူးရွာမှ ဘုတ်ကိုင်း၊ ဆင်ကျန်း၊ လဘ စသည့် ကျေးရွာ များကို စစ်အာဏာရှင်တပ်စစ်ကြောင်း ထိုးနေသည်။ ယင်းနောက် အောက်တိုဘာလ ၂၁ ရက်ကစပြီး မြိတ်-ထားဝယ် ကားလမ်းကို တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ထားသည်။ ယနေ့ အောက်တိုဘာလ ၂၃ရက် နံနက် ၉ နာရီခန့်တွင် နှစ်ဖက်ပစ်ခတ်သံများ စတင်ကြားရပြီး နံနက် ၁၀ နာရီခန့်တွင် လဘကျေးရွာက နေအိမ်များမီးရှို့ခံရခြင်းဖြစ်ကြောင်း အဆိုကျေးရွာနှင့် အနီးဝန်းကျင်ရှိ ပိတိုင်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ […]

လောင်းလုံး ကျောက်ဆင်ကျေးရွာအုပ်စုတွင် တိုက်ပွဲထပ်ဖြစ်

Dawei Watch

October 23, 2025

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ ကမ်းပနီကျေးရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ ထပ်ပွဲထပ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်း အောက်တိုဘာလ ၂၁ရက်တွင် ကရင်ကြီးကျေးရွာသို့ စစ်ကြောင်းထိုးလာချိန် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနောက် ညအိပ်တပ်စွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာလ ၂၂ရက်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာပြီး ညနေပိုင်းတွင် ကမ်းပနီးကျေးရွာသို့ ရောက်ရှိချိန်တွင် တော်လှန်ရေးတပ်တို့က ထပ်မံတိုက်ခိုက်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ တိုက်ပွဲဖြစ်နေစဉ် ကမ်းပနီ‌‌ကျေးရွာ၏ အနောက်ဘက် ပင်လယ်ပြင်တွင်ရှိသည့် စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ယင်းအပြင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးသည့် အောက်တိုဘာလ ၂၀ ရက်မှစ၍ ဖမ်းဆီးခံထားရသည့် ‌သဘော့ဆိပ်ပြင်ကြီး၊ ကရင်ကြီး၊ ကျေးရွာများမှ ဒေသခံပြည်သူများ ၅၀ ဝန်းကျင်မှာလည်း ယနေ့ နံနက်ပိုင်းအထိ ပြန်လည်မလွတ်မြောက်သေးကြောင်း ဒေသခံများ၏ […]

လောင်းလုံး ကရင်ကြီးရွာတွင် တိုက်ပွဲဖြစ်ပြီး‌နောက် စစ်ရှောင်ဆယ်နှင့်ချီ ဖမ်းဆီးခံထားရ

Dawei Watch

October 22, 2025

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ ကရင်ကြီးကျေးရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ် တို့ကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်ဘေးရှောင်ဒေသခံ ဆယ်နှင့်ချီကို စစ်အာဏာရှင်တပ်က ဖမ်းဆီးထားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သည့် ဒေသခံတို့ထံမှသိရသည်။ အင်အား တစ်ရာခန့်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၂၁ ရက် ညနေပိုင်းတွင် သဘော့ဆိပ်ပြင်ကြီး ကျေးရွာဘက်မှ ကရင်ကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း ဒေသခံများက ပြောသည်။ ယင်းသို့ စစ်ကြောင်းထိုးလာချိန် ကရင်ကြီးကျေးရွာအနီးတွင် တော်လှန်ရေးတပ်တို့က တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု နှစ်နာရီခန့်ကြာ ဖြစ်ပွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ယင်းနောက် စစ်ကြောင်းသည် ကရင်ကြီးကျေးရွာရှိ လူနေအိမ်များတွင် ညအိပ်တပ်စွဲပြီး ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းတွင် ကရင်ကြီးကျေးရွာမှာ ကမ်းပနီကျေးရွာဘက်သို့ တောင်ကြောအတိုင်း စစ်ကြောင်းထိုးလာကြောင်း […]

တိုက်ပွဲမဖြစ်ဘဲ ရေဖြူ နတ်တွင်းရွာကို စစ်အာဏာရှင်တပ် လက်နက်ကြီးဖြင့်ပစ်ခတ်

Dawei Watch

October 21, 2025

ရေဖြူမြို့နယ်၊ နတ်တွင်းကျေးရွာကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။ ရေဖြူမြို့နယ်၊ ကျောက်ကညာကျေးရွာအခြေစိုက် အမှတ် ၃၀၄ အမြောက်တပ်က ယနေ့ အောက်တိုဘာလ ၂၁ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နတ်တွင်းရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။ ကျောက်ကညာကျေးရွာသည် ထားဝယ်မြစ်၏ အရှေ့ဘက်ကမ်းတွင်ရှိပြီး နတ်တွင်းကျေးရွာမှာ ထားဝယ်မြစ်၏ နောက်ဘက်ကမ်းတွင် တည်ရှိသည်။ “(လက်နက်ကြီး ပစ်ခတ်သံ) လေးငါချက်ကြားတယ်။ ရွာထဲကိုပဲ ကျတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောဆိုသည်။ အဆိုပါပစ်ခတ်မှုကြောင့် နတ်တွင်းကျေးရွာရှိ နေအိမ် ၃ ဆောင်နှင့် ကားတစ်စီး ထိမှန်ပျက်စီးပြီး လူထိခိုက်မှု မရှိကြောင်း ၎င်းက ဆိုသည်။ ယင်းအပြင် လက်နက်ကြီးကျည်တစ်လုံးသည် […]

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း တိုက်ပွဲဖြစ်ပြီးနောက် နေအိမ်တစ်ဆယ်ကျော်ကို စစ်အာဏာတပ်မီးရှို့

Dawei Watch

October 21, 2025

ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်အာဏာရှင်တပ်က ခမောင်းချောင်းနှင့် ဝက်ချောင်းကျေးရွာ နှစ်ရွာတွင် နေအိမ်တစ်ဆယ်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အင်အား ၁၀၀ နီးပါးရှိသည့် စစ်အာဏာရှင်တပ်သည် အောက်တိုဘာလ ၁၈ရက် ညနေပိုင်းတွင် ရေဖြူမြို့နယ် ဒေါက်လောက် ကျေးရွာဘက်မှ ခမောင်းချောင်းကျေးရွာဘက်သို့ ရောက်ရှိချိန် ခမောင်းချောင်းနှင့် ဝက်ချောင်းရွာကြားတွင် နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားကြောင်း ခမောင်းချောင်းရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ ရွာထဲမှာပဲ ဖြစ်တာ။ ရွာသားတွေ အကုန်ထွက်ပြေး။ တိုက်ပွဲဖြစ်ပြီး (စစ်အာဏာရှင်တပ်) သူတို့ဘက်က ပစ်နေတာ တစ်ညလုံးပါပဲ။ PDF တွေက ထိခိုက်မှု မရှိဘူးလို ကြားရတယ်” ဟု ၎င်းက ဆိုသည်။ တိုက်ပွဲဖြစ်ပြီးနောက် စစ်အာဏာရှင်တပ်သည် အောက်တိုဘာလလ ၁၈ ရက် […]