ထားဝယ်မြို့တွင် ဆွမ်းတော်ကြီးတင်ပွဲကျင်းပမည့်အချိန် သစ်သီးပြတ်လပ်
Dawei Watch
September 4, 2025ထားဝယ်မြို့ပေါ်တွင် ဘာသာရေးထုံးတမ်းအစဉ်လာအရ တော်သလင်းလပြည့်တွင် သစ်သီးဆွမ်း အပါအဝင် ဆွမ်းတော်ကြီး တင်လှူပူဇော်ပွဲကျင်းပလေ့ရှိပြီး လက်ရှိတွင် သစ်သီးများ ပြတ်လပ်နေကြောင်း ထားဝယ်မြို့ရှိ သစ်သီးအရောင်းဆိုင်များနှင့် မြို့ခံများထံမှသိရသည်။ ထားဝယ်မြို့ပေါ်ရှိ သစ်သီးရောင်းသည့်ဆိုင်ကြီး ခြောက်ဆိုင်ထက်မနည်းရှိပြီး ဆိုင်အားလုံးနီးပါးတွင် သစ်သီး အမျိုးအစား အားလုံးနီးပါး ပြတ်လပ်လျက်ရှိကြောင်း ထားဝယ်မြို့ ပေါ်ရှိ သစ်သီးဈေးကွက်ထံမှ စုံစမ်းသိရသည်။ ထားဝယ်ဒေသ၏ ရပ်ကွက်နှင့် ကျေးရွာအချို့တွင်ရှိသော ထင်ရှားသည့် ဘုရားစေတီများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ တော်သလင်းလဆန်း (၁၄) ရက် ညနေပိုင်းနှင့် လပြည့်နေ့တို့တွင် သစ်သီး၊ မုန့်၊ ခဲဖွယ်များဖြင့် နှစ်စဉ်နှစ်တိုင်း ဆွမ်းတော်ကြီးတင်လှူပူဇော်ပွဲ ကျင်းပလေ့ရှိကြသည်။ ထို့ကြောင့် လပြည့်နေ့မတိုင်မီ လဆန်း ၁၃ ရက်၊ ၁၄ ရက်များတွင် ဆွမ်းတော်ကြီးတင်လှူရန် သစ်သီးအရောင်းရဆုံး ရက်များဖြစ်၍ ယခုနှစ်ထိုရက်တွင်မူ ရောင်းရန် သစ်သီးမရှိကြောင်း […]


