ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ဝါဆိုလပြည့်နေ့ ထားဝယ်မြို့မြင်ကွင်း

diz_admin

July 12, 2022

ဝါဆိုလပြည့် (ဓမ္မစကြာနေ့) ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် ထားဝယ်မြို့ပေါ်နှင့် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းက မြင်ကွင်းများ ဖြစ်သည်။

ပန်းဒလဲ ပျူစောထီးအိမ်တိုက်ခိုက်ခံရပြီးနောက် အိမ်ရှေ့မှဖြတ်သွားသော လူငယ်သုံးဦး ပစ်ခတ်ခံရ

diz_admin

July 11, 2022

လောင်းလုံးမြို့နယ် ပန်းဒလဲရွာတွင် ပျူစောထီးအဖွဲ့ဝင်များစုနေထိုင်သော အိမ်ကို တိုက်ခိုက်ခံရပြီးနောက် ယင်းနေအိမ်ရှေ့မှ ဆိုင်ကယ်စီး၍ ဖြတ်သန်းသွားလာသည့် လူငယ်သုံးဦး ပစ်ခတ်ခံရပြီး တစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ အဆိုပါနေအိမ်ကို PDF ပူးပေါင်တပ်ဖွဲ့ဝင်များ ဇူလိုင်လ ၉ ရက်ည ၁၁နာရီကျော်တွင် ဝင်ရောက်တိုက်ခိုက်ပြီး ည ၁နာရီခွဲအထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း ဒေသခံများက ပြောသည်။ “အဲဒီနေ့က တကယ့်ငရဲကျနေသ‌လိုပဲ။ သေနတ်သံတွေ မနည်းဘူး။ တစ်ဖက်နဲ့ တစ်ဖက် ပစ်နေကြတာ။ ထကြည့်လို့လည်း မရဲ။ တစ်နေကုန် လမ်းလည်း မထွက်ရဲကြဘူး” ဟု ယင်းရွာက ဒေသခံတစ်ဦးက ပြောဆိုသည်။ ယင်းနောက် ဇူလိုင် ၁၀ ရက်နေ့ ညနေပိုင်းတွင် ယင်းနေအိမ်ရှေ့မှ ဆိုင်ကယ်နှစ်စီးဖြင့် ဖြတ်သန်းသွားသည့် လူငယ် သုံးဦးကို ပျူစောထီးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရာ […]

လောင်းလုံးတွင် ကလေးတစ်ဦးအသတ်ခံရမှုအပေါ်အခြေခံကာ စစ်ကောင်စီဟောပြောစည်းရုံး

diz_admin

July 11, 2022

လောင်းလုံးမြို့နယ် ဝေဒီကျေးရွာတွင် ကလေးတစ်ဦး အသတ်ခံရသည့်အပေါ် အခြေပြု၍ စစ်ကောင်စီက ပြည်သူများကို ဟောပြောစည်းရုံးနေကြောင်း လမ်းသွား၊ လမ်းလာခရီးသည်အချို့ထံမှ သိရသည်။ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့ အဝင်အထွက်နေရာတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားပြီး မော်တော်ယာဉ်များ၊ လမ်းသွားလမ်းလာများကို တားကာ ဟောပြောမှုကို နားထောင်ပြီးမှ ခရီးဆက်သွားခွင့်ပြုကြောင်း ၎င်းတို့က ဆိုသည်။ “အဓိကကတော့ PDF တွေက အပြစ်မဲ့ကလေးတွေကို လိုက်သတ်နေလို့ သူတို့အနေနဲ့ လုံခြုံရေး လုပ်ပေးနေရတယ်ဆိုပြီး ပြောတယ်။ ပြီးတော့ အခုဟောပြောလိုက်တာကို မိသားစု၊ ဆွေမျိုးတွေကို တစ်ဆင့်ပြန်ပြောပြပေးပါဆိုပြီး မှာတယ်” ဟု ယနေ့ (ဇူလိုင်၁၁) နံနက်ပိုင်းတွင် ကိုယ်တိုင်နားထောင်ခဲ့ရသူတစ်ဦးက ပြောဆိုသည်။ ပြည်သူများ လုံခြုံရေးအတွက် စစ်ဆေးနေခြင်းသာဖြစ်သောကြောင့် စိုးရိမ်စိတ်မထားဘဲ ခရီးသွားကြရန်လည်း ထည့်သွင်းဟောပြောစည်းရုံးနေကြောင်း အခြားခရီးသည်တစ်ဦးက ဆိုသည်။ ဇူလိုင်လ ၉ […]

သရက်ချောင်း ကျောက်လှေကားရွာတွင် တိုက်ပွဲဖြစ်

diz_admin

July 10, 2022

သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားရွာတွင် ယနေ့ (ဇူလိုင် ၁၀) နံနက်ပိုင်းက စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်-PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ စော်ဖျားရွာဘုရားကုန်းဘက်မှ ကျောက်လှေကားရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ နံနက် ၅ နာရီခန့်တွင် စတင်ဖြစ်ပွားခြင်းဖြစ်ကာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမှာ နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုမှာ တစ်နာရီကျော်ကြာမြင့်ခဲ့ကြောင်း စောဖျားရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ စော်ဖျားရွာဘုရားကုန်းနှင့် ကျောက်လှေကားရွာမှာ တဆက်တည်းရှိသည်။ “၅ နာရီထိုးတည်းက လက်နက်ကြီးပဲ သီးသန့်ပစ်တာ။ သေနတ်ငယ်က နည်းနည်းပဲ ပစ်သံကြားတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းတိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင် သုံးဦးကျဆုံးပြီး နှစ်ဦးဖမ်းဆီးခံရသည့်အနက် […]

ဝေဒီရွာတွင် သေနတ်ကျည်ဆန်ထိ၍ မိန်းကလေးငယ်တစ်ဦးသေဆုံး

diz_admin

July 10, 2022

လောင်းလုံးမြို့နယ် ဝေဒီရွာတွင် ဇူလိုင် ၉ ရက် ယမန်နေ့ညက သေနတ်ကျည်ဆန် ထိမှန်၍ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။ ယင်းနေ့ည ၁၁ နာရီခန့်က ဝေဒီကျေးရွာသား အသက်လေးဆယ်ကျော် အရွယ်ရှိ ဦးကျော်ဟိန်းကို လက်နက်ကိုင်လူတစ်စုက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ရာ ယင်းအမျိုးသားမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ သို့သော်ဇနီးဖြစ်သူ ဒေါ်ဖြူသန်းမှာ ခြေထောက်ကို ကျည်ဆန်ထိမှန်ခဲ့ပြီး တူမဖြစ်သူ မငုဝါနိုးမှာ တင်ပါး(ခါးအနီး)တွင် ကျည်ဆန်ထိမှန်ရာမှ သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သေနတ်သံက ကျွန်တော်နိုးလာတော့ လေးငါးချက်လောက်ကြားရတယ် “ဟု ၎င်းကပြောသည်။ ဖြစ်စဉ်မှာ ရှုပ်ထွေးသည့် အခြေအနေတွင် ရှိနေပြီး ယင်းပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ-လောင်းလုံး)နှင့် ဒီမိုကရေစီရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)တို့၏ […]

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲ လုံးဝလက်မခံကြောင်း NLD ထုတ်ပြန်

diz_admin

July 9, 2022

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြု လက်ခံမည်မဟုတ်ကြောင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ယနေ့ (ဇူလိုင် ၉) ထုတ်ပြန်လိုက်သည်။ သမ္မတကသာလျှင်ဖွဲ့စည်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် တရားဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး ကော်မရှင်အသစ်ဖွဲ့ခြင်းမှာ တရားမဝင်သဖြင့် ယင်းအဖွဲ့၏ လုပ်ဆောင်ချက် အားလုံးကို လက်မခံကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းစဉ်များ အားလုံး (ရွေးကောက်ပွဲအပါအဝင်) သည် မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မျှ ညီညွတ်မှု မရှိပါကြောင်း ထုတ်ပြန်ထားသည်။ လက်ရှိတိုင်းပြည်အခြေအနေ လွန်စွာဆိုးဝါးနေစဉ် ပြည်သူလူထုနှင့် နိုင်ငံတကာကို လှည့်စားရန်အတွက် နောက်ထပ် ရွေးကောက်ပွဲတစ်ခုကျင်းပရန် စစ်ကောင်စီက ကြံစည်အားထုတ်နေသည်ကို ကြားသိရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။   NLD သည် ၂၀၂၀ […]

သရက်ချောင်း စုံစင်ဖျားရွာထဲတွင် တပ်စွဲထားသောကြောင့် ရွာသားအချို့ပြောင်းရွှေ့

diz_admin

July 8, 2022

သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာထဲတွင် စစ်ကောင်စီတပ်က တပ်လာစွဲထားတာကြောင့် ဒေသခံရွာသားအချို့ အခြားနေရာကို ပြောင်းရွှေ့နေထိုင်မှုများရှိလာကြောင်း ယင်းကျေးရွာမှ ဒေသခံများက ပြောသည်။ တောင်ပျောက်တိုက်နယ်အတွင်း ဇွန်လကုန်ပိုင်းတွင် စစ်ကြောင်းထိုးရောက်ရှိနေသည့် စစ်ကောင်စီတပ် များသည် သဲချောင်းကြီးရွာ ရဲကင်းစခန်းနှင့် ကပ်လျက်ရှိနေသည့် ထားဝယ်-မြိတ်သွား ကားလမ်းမဘေးရှိ စုံစင်ဖျား ကျေးရွာ မီးသတ်ရုံး၊ စာသင်ကျောင်းနှင့် ရွာထဲမှ နေအိမ်နှစ်လုံးတွင် တပ်လာစွဲထားကြောင်း ၎င်းတို့က ဆိုသည်။ စုံစင်ဖျားရွာတွင် တပ်လာစွဲထားသည်မှာ ၁၀ ရက်ခန့်ရှိလာပြီ ဖြစ်သည်။ ယင်းသို့ တပ်လာစွဲထားသဖြင့် စိုးရိမ်ထိတ်လန့်ကာ ဒေသခံများ အခြားကျေးရွာအချို့သို့ ပြောင်းရွှေ့နေထိုင်ကြ ခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ပိုမိုများပြားလာကြောင်း ယင်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “လက်ရှိအနေအထားကတော့ ကောလာဟလ အသံကြားရင်းနဲ့ နောက်ထပ် ဒီထက်ကြမ်းတဲ့ တပ်တွေလာမယ် ဆိုတော့ လူတွေကက ပြေးကြတာ။ […]

ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် လတ်တလောဆိုင်ကယ်စီးသွားလာခွင့်ရနေဟုဆို

diz_admin

July 7, 2022

အာဏာသိမ်းပြီးနောက် စစ်ဆေးမှုတင်းကျပ်လေ့ရှိသည့် ထားဝယ်မြို့နှင့် လောင်းလုံးမြို့ကို ချိတ်ဆက်ထားသော ကမြောကင်းတံတားဂိတ်တွင် ဆိုင်ကယ်တွန်းသွားရန် မလိုတော့ဘဲ လတ်တလောတွင် သွားလာခွင့်ရရှိနေကြောင်း ဒေသခံခရီးသွားပြည်သူများထံမှ သိရသည်။ ယမန်နှစ် ဩဂုတ်လမှစတင်၍ ထားဝယ်ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် မော်တော်ယာဉ်များကို ရပ်တန့် စေကာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ကိုဗစ်ကာကွယ်ဆေးထိုးပြီးလက်မှတ်၊ မော်တော်ယာဉ်လိုင်စင် စသည်တို့ကို တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ ထို့နောက် နိုဝင်ဘာလမှစတင်၍ ပိုမိုတင်းကျပ်လာကာ ခရီးသွားပြည်သူများ ယင်းစစ်ဆေးရေးဂိတ်များကို ဖြတ်သန်း သွားလာပါက ဆိုင်ကယ်စီးနင်းခွင့် မပေးတော့ဘဲ ယာဉ်ပေါ်ကဆင်းကာ လမ်းဆင်းလျှောက်စေကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ လကုန်လောက်ကတင်စကာ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများ ယာဉ်ပေါ်က ဆင်းရန် မလိုတော့ဘဲ စီး၍သွားလာခွင့်ရနေကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရသည်။ ဂိတ်တွင် စစ်ကောင်စီ […]