မိုးရာသီအတွင်း တနင်္သာရီတိုင်းက စစ်ဘေးရှောင်တစ်သောင်းကျော် စားဝတ်နေရေးအခက်ကြုံ
diz_admin
July 22, 2022တနင်္သာရီတိုင်းတွင် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသော စစ်ဘေးရှောင်တစ်သောင်းကျော်သည် ဇူလိုင်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် နေရေး၊ စားသောက်ရေးနှင့် ဆေးဝါးများ အခက်ခဲကြုံတွေ့ နေရကြောင်း စစ်ဘေးရှောင်များအရေးဆောင်ရွက်သူများထံမှ သိရသည်။ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ပွဲပြင်းထန်မှုကြောင့် ဇူလိုင်လ ၁၉ ရက်နေ့အထိ သရက်ချောင်း၊ ထားဝယ်၊ ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၁၀၀၀၀ ကျော်ရှိကြောင်း ဒေါနတနင်္သာရီ- စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ထံမှ သိရသည်။ ၎င်းတို့မှာ စားနပ်ရိက္ခာ၊ ဆေးဝါးများလိုအပ်နေပြီး စစ်ဘေးရှောင်အချို့မှာ စစ်ဘေးရှောင်စခန်းတွင် မဟုတ်ဘဲ နီးစပ်ရာ တောတောင်ဥယျာဉ်ခြံတို့တွင် နေထိုင်နေသဖြင့် ယခုမိုးရာသီနေ့ရက်များတွင် နေထိုင်စားသောက်ရေးအတွက် အကူအညီ ပိုမိုလိုအပ်လျက်ရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ တနင်္သာရီတိုင်း၌ ဇူလိုင်လ ၁၁ ရက်မှစ၍ ငါးရက်ဆက်မိုးကြီးခဲ့ပြီး ၁၆၊ ၁၇ ရက်များတွင် မိုးလျော့နည်းခဲ့သော်လည်း […]


