ထားဝယ်တွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦး အသတ်ခံရ
diz_admin
November 26, 2022ထားဝယ်မြို့၊ သင်္ဘောဆိပ်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးနှင့် သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးရွာမှ အမျိုးသားသုံးဦး၏ အလောင်းလေးလောင်းကို နိုဝင်ဘာ ၂၅ ရက်နေ့ (မနေ့က) မနက်ပိုင်းတွင် ဆင်ဖြူပြင်ဆိပ်ကမ်းအနီးတွေ့ရှိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ရွာ ဆိပ်ခံတံတားအနီးတွင် ငါးဖမ်းလှေတစ်စီး မျောပါနေသည်ကို တွေ့ရှိရပြီး လှေပေါ်တွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့ပေါ်ရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လှေပေါ်တွင်သေဆုံးနေသူ အမျိုးသမီးမှာ ထားဝယ်မြို့ သင်္ဘောဆိပ်ရပ်ကွက်မှ မခိုင်(ခေါ်) ဒေါ်ဝင်းခိုင်ကျော်ဖြစ်ပြီး သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးရွာမှ အမျိုးသား သုံးဦးမှာ ရွာအခေါ် သားသား(ခ) ကိုအောင်မျိုးသန်း၊ အာလူး၊ ချူးဝါး တို့ဖြစ်သည်ဟု ပြင်းဖြူကြီးရွာမှ ဒေသခံအချို့က ပြောသည်။ အသက် ၃၅ နှစ်ခန့်ရှိ သားသားမှာ ရွာတွင် လှေငယ်ဖြင့် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး […]


