မောင်းမကန်ရွာတွင် ပစ်သံကြားရ၊ ရဲစခန်းဝင်တိုက်ခံရဟု သတင်းထွက်
diz_admin
December 4, 2022လောင်းလုံးမြို့နယ် မောင်းမကန်ရွာတွင် ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်းတွင် သေနတ်ပစ်သံတွေ အဆက်မပြတ်ထွက်ပေါ်နေပြီး ရဲစခန်း ဝင်စီးခံရသည်ဆိုသည့် သတင်းများထွက်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ည ၈ နာရီ ဝန်းကျင်ကနေ မောင်းမကန်ရွာ၏ အရှေ့မြောက်ဘက်ကသေနတ်ပစ်ခတ်သံများဆက်တိုက်ထွက်ပေါ်နေပြီး လက်နက်ကြီးသံများလည်း ကြားရကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ည ၈ နာရီလောက်ကတည်းက ရဲစခန်းဖက်ကကြားရတယ်အများကြီးပဲ။ ၉နာရီလောက်ထိ ကြားနေရတယ်” ဟု၎င်းကပြောသည်။ အဆိုပါသေနတ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေမှုကြောင့် ဒေသခံများက မအိပ်ရဲဘဲ အခြေအနေစောင့်ကြည့်နေကြရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ “စစ်ကားတွေနဲ့ အရေးပေါ်ကားတွေ အသံတိတ်ဆင်းနေကြာတယ် ဘာဖြစ်နေတယ်ဆိုတာ မသိသေးဘူး”ဟု ထားဝယ် မောင်းမကန်သွားလမ်းပိုင်းကဒေသခံတစ်ဦးကပြောသည်။ မောင်းမကန်နယ်မြေရဲစခန်း ဝင်တိုက်ခံရသည်ဟု သတင်းထွက်ပေါ်နေသော်လည်း Dawei watch အနေဖြင့်သီးခြားအတည်မပြုနိုင်သေးပေ။ မောင်းမကန်နယ်မြေရဲစခန်းသည် လောင်းလုံးမြို့နယ်ရဲတပ်ဖွဲ့၏ မောင်းမကန်နယ်မြေခံရဲတပ်ဖွဲ့ စခန်းတစ်ခုဖြစ်ပြီး […]


