မြိတ်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ကုမ္ပဏီတစ်ခု ကြိုးပမ်း
diz_admin
June 8, 2022တနင်္သာရီတိုင်း မြိတ်ခရိုင်ရှိ မြို့နယ်သုံးခုတွင် နေရောင်ခြည်၊ ဇီဝလောင်စာ၊ ရေအားတို့မှ လျှပ်စစ်ထုတ်လုပ်ရန် ကုမ္ပဏီတစ်ခုက ကြိုးပမ်းလျှက်ရှိသည်။ တောင်ပိုင်းလျှပ်စစ်ဖြန့်ဖြူးရေး (Southern Power Grid) ကုမ္ပဏီက ယင်းကဲ့သို့ကြိုးပမ်းနေခြင်းဖြစ်သည်။ အဆိုပါကုမ္ပဏီသည် တနင်္သာရီမြို့နယ် ဇဝဲ ဘန်းလမွတ်ဒေသတွင် ၁၀ မီဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးစီမံကိန်း၊ သမုတ် လွတ်လွတ်ဒေသတွင် ၂၆ မီဂါဝပ် ဇီဝလောင်စာသုံး လျှပ်စစ်အား ထုတ်လုပ်ရေးစီမံကိန်း၊ ပုလောမြို့နယ် ပလောက်ချောင်းတွင် ၁၀ မီဂါဝပ် ရေအားလျှပ်စစ်စီမံကိန်း စသော စီမံကိန်းသုံးခု ဆောင်ရွက်နိုင် ကြိုးပမ်းနေခြင်းဖြစ်သည်။ တောင်ပိုင်းလျှပ်စစ်ဖြန့်ဖြူးရေး ကုမ္ပဏီတာဝန်ရှိသူတို့သည် စစ်ကောင်စီခန့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ရုံးခန်းသို့ ဇွန်လ ၇ ရက်က လာရောက်ပြီး လျှပ်စစ်ထုတ်မည့် စီမံကိန်းများအကြောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း တိုင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။ […]


