စစ်ရေးလှုပ်ရှားမှုများ ရှိနေ၍ သရက်ချောင်းဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
diz_admin
October 25, 2022ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ လှုပ်ရှားမှုများရှိနေပြီး စစ်ကြောင်းထိုးမည့်အခြေအနေကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။ ကနက်သီရိကျေးရွာ၊ ရငဲ၊ ပြင်းဖြူကြီး၊ ချောက်ချောင်း၊ ပဲဒက်၊ စုံစင်ဖျား၊ သဲချောင်းကြီးနှင့် ဆီတောကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ ခြေရှုပ်လျက်ရှိသည်ဟု ဒေသခံအချို့က ပြောသည်။ ကနက်သီရိချောင်းဝတွင် ရေတပ်သင်္ဘော တစ်စီး၊ ပဲဝကမ်းခြေတွင် ရေတပ်သင်္ဘောတစ်စီးစီရှိနေပြီး အမြှောက်လည်း တွေ့ရကြောင်း ဒေသခံအချို့က ဆိုသည်။ ပျူစောထီးတပ်ဖွဲ့များတွင် ထားဝယ်စကားပြောသည့် နယ်ခံများ များစွာပါဝင်သဖြင့် ကျေးရွာများရှိ ဒေသခံအချို့မှာ ကြောက်ရွံ့စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေ ကြခြင်းဖြစ်သည်။ “အခြေနေမကောင်းလို့ ရှောင်နေရတယ်၊ တပ်နဲ့ ပျူပူးပေါင်းလာတာဖြစ်တယ်၊ ပျူအဖွဲ့ထဲမှာ နယ်ခံ(ထားဝယ်သား)တွေပါလို့ ပိုဂရုစိုက်နေရတယ်၊ ဘာကိစ္စနဲ့ လာတယ်ဆိုတာ ဘာမှန်းမသိကြသေး” ဟု ရငဲကျေးရွာမှ တိမ်းရှောင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။ အောက်တိုဘာ […]


