လောင်းလုံးတွင် ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်လာ
diz_admin
June 15, 2022လောင်းလုံးမြို့နယ်တွင် ဓါးပြတိုက်လုယက်မှုများ ဆက်တိုက်ဖြစ်လာပြီး ဓားပြတိုက်ခံရမှုကို ထုတ်ဖော်ပြောဆိုလျှင် သတ်မည်ဟုလည်း ခြိမ်းခြောက်ခံရကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။ သဗျာရွာတွင် မေ ၁၄ နေ့ မွန်းလွဲပိုင်းက ဆိုင်တစ်ဆိုင် ဓါးပြတိုက်ခံရပြီးနောက် ဆက်တိုက်ဆိုသလို ယင်းနေ့ ညနေပိုင်းတွင် လောင်းလုံးမြို့ပေါ် (ဃ) ရပ်ကွက် ရဲစခန်းရှိ နေအိမ်တစ်ဆောင်ကိုလည်း ဓါးပြတိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ သဗျာရွာဖြစ်ရပ်တွင် ဆိုင်ကယ်စီးလူငယ်အမျိုးသားနှစ်ဦးက မွန်းလွဲ ၁နာရီခန့်တွင် လာရောက်ကာ သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ပြည်သူများထံမှ စိန်လက်စွပ်တစ်ကွင်း၊ နားကတ်နှစ်ရံ၊ ငွေသုံးသိန်းခန့် လုယူသွားကြောင်း ဒေသခံများနှင့် ဆွေမျိုးနီးစပ်သူများထံမှ သိရသည်။ အလားတူ လောင်းလုံးမြို့ပေါ် (ဃ) ရပ်ကွက်တွင် တစ်ပတ်အတွင်း နေအိမ်နှစ်ဆောင် ဓါးပြတိုက်ခံရရာ ရွှေနှင့် ငွေသား အချို့ပါသွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ဓားပြတိုက်ခံရမှုများကို […]


