ထားဝယ်တွင် အလူမီနီယံလုပ်ငန်းများ အလုပ်အပ်သူ မရှိသလောက်နည်းဟုဆို
diz_admin
November 1, 2022ထားဝယ်မြို့ရှိ အလူမီနီယံအိမ်သုံးပရိဘောဂ လုပ်ကိုင်သည့်လုပ်ငန်းများ အလုပ်အပ်သူ မရှိသလောက် နည်းပါးလာကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်နေသူအချို့ထံမှ သိရသည်။ ထားဝယ်တွင် ပြတင်းပေါက်၊ တံခါးပေါက်၊ ဗီဒို၊ ဆိုင်ကောင်တာ အစရှိသည့် အလူမီနီယံဖြင့်လုပ်သည့် အိမ်သုံးပစ္စည်းလုပ်ငန်း ဆယ်နှင့်ချီရှိသည်။ ယမန်နှစ်နှင့် ယခုနှစ် နှိုင်းယှဉ်ပါက အလုပ်အပ်သူ သိသိသာသာနည်းသွားပြီး ယခုလတွင် အလုပ်တစ်ခုသာ လက်ခံရရှိကြောင်း ထားဝယ်မြို့ပေါ် အလူမီနီယံဆိုင်ဖွင့်ထားသည့် အမျိုးသားတစ်ဦးက ပြောသည်။ ဒေသခံအများစုက စီးပွားရေးကျပ်တည်းနေကြပြီး စားရေးသောက်ရေးကိုသာ အဓိကထားရုန်းကန်နေရသည့်အတွက် အလုပ်အပ်သူ မရှိသလောက်နည်းခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။ ပြီးခဲ့သည့်နှစ်ကမူ တစ်လလျှင် ပျမ်းမျှ ငွေကျပ်ဆယ်သိန်းခန့် အသားတင်လက်ခရရှိပြီး ယခုနှစ်တွင်မူ တစ်သိန်းခန့်သာ ရတော့ကြောင်း အဆိုပါအမျိုးသားက ပြောဆိုသည်။ “အခုက ဆိုင်ဖွင့်ထားပြီး ထိုင်နေရတဲ့ ရက်တွေချည်းပဲ။ ဆိုင်ခန်းခတောင် အိတ်စိုက်ပေးနေရတာ” ဟု ၎င်းက […]


