သရက်ချောင်း ကနက်သီရိရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ
diz_admin
June 20, 2022ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင် ယနေ့ (ဇွန် ၂၀) ည ၇ နာရီခွဲခန့်က စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူးဟောင်း ဦးနိုင်မိုးဆိုသူ သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ ၎င်းသည် နေအိမ်တွင် ရှိနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ကျည်လေးချက် ထိမှန်ထားသည်ကို တွေ့ရကြောင်း ၎င်းတို့က ဆိုသည်။ ဦးနိုင်မိုးမှာ စစ်တပ်၊ ရဲတို့နှင့် ပေါင်းကာ ကျေးရွာတွင်းရှိ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်သူများ နှင့် NLD ပါတီဝင်များကို ဖမ်းဆီးရန် သတင်းပေးခဲ့သူဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ၎င်း၏ သတင်းပေးမှုကြောင့် ဒေသခံများ ဖမ်းဆီးခံခဲ့ရပြီး အချို့မှာ ငွေကြေးပေးပြီးမှ ပြန်လည်လွတ်မြောက်လာကြောင်း ကနက်သီရိကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဦးနိုင်မိုးကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဧပြီလတွင် […]


