မိုးစပါးချေးငွေ ၂ နှစ်ဆက်တိုက် မရသဖြင့် အခက်တွေ့ဟု လယ်သမားအချို့ပြော
diz_admin
June 25, 2022တနင်္သာရီတိုင်း၌ လယ်လုပ်ရာသီတွင် မိုးစပါးချေးငွေ ၂ နှစ်ဆက်တိုက် မရသဖြင့် အခက်အခဲကြုံတွေ့ရကြောင်း ဒေသခံလယ်သမားအချို့က ပြောသည်။ စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်ကတည်းက မိုးစပါးချေးငွေ မရခြင်းဖြစ်ပြီး ယခုနှစ်ပါဆိုလျှင် ၂ နှစ် ဆက်တိုက် ရှိလာပြီဖြစ်ကြောင်း တောင်သူလယ်သမားအချို့က ပြောသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး မရှိသည့်ကျေးရွာများမှ လယ်သမားများမှာ ချေးငွေမရကြခြင်းဖြစ်ကြောင်း လယ်သမားများ ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်ကတည်းက မိုးစပါးချေးငွေထုတ်ယူရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ သွားရောက်မေးမြန်းခဲ့ရာ ထောက်ပံ့ ကြေး ကျမလာဟုဆိုကြောင်း ထားဝယ်မြို့၊ ဥဿရံရပ်ကွက်မှ လယ်သမား ဦးကျော်ကျော်လင်းက ပြောသည်။ “မိုးစပါးချေးငွေ မရတာ ဒီနှစ်နဲ့ပါဆို ၂ နှစ်ရှိပြီ။ အရင်တုန်းကဆို ရပ်ကွက်မှာ ထုတ်ပေးတယ်။ အခုလည်း အဲဒါ ဘာသံမှ မကြားဘူး။ မနှစ်တုန်းက သွားမေးလည်း အဖြေမရ။ […]


