ထားဝယ်တွင် ထိုင်းထီရောင်းအားတက်လာဟုဆို
diz_admin
November 12, 2022ထားဝယ်တွင် ထိုင်းထီရောင်းအား ယခင်ကထက် တက်လာကြောင်း ထိုင်းထီရောင်းသူအချို့က ပြောသည်။ စစ်တပ်အာဏာသိမ်းမှုအပြီးတွင် အစိုးရကရောင်းသည့် အောင်ဘာလေထီ ရောင်းသူမရှိတော့သလို ထီထိုးသူလည်းမရှိတော့သဖြင့် ထီရောင်းချသူအချို့က ထိုင်းထီကို ပြောင်းလဲရောင်းချလာခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် ဧပြီလမှ စ၍ ထိုင်းထီ စောင်ရေ ၂၀ ခန့် စတင်ရောင်းချခဲ့ရာ တဖြည်းဖြည်းရောင်းအားတက်သည်ဟု ထားဝယ်မြို့မှ ထိုင်းထီရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ရောင်းအားကတော့ တက်လာတာပေါ့။ အရင်က စရောင်းတုန်းကနဲ့စာရင်တော့ တက်လာတယ်။ စရောင်းတုန်းက စောင်ရေ ၂၀ လောက်ပဲ စရောင်းတယ်။ ခုက စောင်ရေ ၃၀၀ လောက်ထိဖြစ်လာတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။ ထိုင်းထီကို ကော့သောင်းမှတစ်ဆင့် ထားဝယ်သို့ မှာယူရောင်းချခြင်းဖြစ်ပြီး Online မှလည်းရောင်းသလို အိမ်ရှိအထည်ဆိုင်တွင်လည်း ရောင်းကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။ […]


