ထားဝယ်မှ သရက်ချောင်းသို့ ဆန်တင်ပို့မှုများ တင်းကျပ်စွာစစ်ဆေးနေ
diz_admin
July 3, 2022ထားဝယ်မြို့မှ သရက်ချောင်းမြို့နယ်ဘက်သို့ ဆန်သယ်ယူမှုကို ထားဝယ်မြို့အထွက် ပေါက်တိုင်းတံတား စစ်ဆေးရေး ဂိတ်တွင် တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ ၂၄ ရက်နေ့မှစတင်၍ ဇူလိုင်လ ၃ ရက်နေ့အထိ ၁၀ ရက်အတွင်းမှာ စစ်ဆေးမှုများလာခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့နယ်မှ ထားဝယ်မြို့သို့ ပြေးဆွဲနေသည့် ထားဝယ်-သရက်ချောင်းပြေးဆွဲသည် ယာဉ်လိုင်းများမှ ယာဉ်မောင်းအချို့က ဆိုသည်။ ဇွန်လ ၂ ရက်နေ့က ပြင်းဖြူသားရွာသို့ ဆန်အိတ် ၄၀ နီးပါးတင်လာသည့်ကားကို ရွာလူကြီးထောက်ခံစာမပါသဖြင့် ပေါက်တိုင်းတံတားဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သန်းခွင့်မပေးဘဲ ခေတ္တခေါ်ယူထားကာ စစ်ဆေးမေးမြန်း ခဲ့ကြောင်း ယာဉ်မောင်းအချို့က ပြောဆိုသည်။ ဆန်အိတ်များမှာ ရွာသူ၊ ရွာသားများ စားသုံးရန် တင်ဆောင်လာခြင်းဟုတ်မဟုတ် ပြင်းဖြူသားရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးထံ စစ်ဆေးရေးဂိတ်မှ စစ်ဗိုလ်တစ်ဦးက ဖုန်းဆက်မေးမြန်းခဲ့ကြောင်း ပြင်းဖြူသားရွာက […]


