ဝေဒီရွာတွင် သေနတ်ကျည်ဆန်ထိ၍ မိန်းကလေးငယ်တစ်ဦးသေဆုံး
diz_admin
July 10, 2022လောင်းလုံးမြို့နယ် ဝေဒီရွာတွင် ဇူလိုင် ၉ ရက် ယမန်နေ့ညက သေနတ်ကျည်ဆန် ထိမှန်၍ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။ ယင်းနေ့ည ၁၁ နာရီခန့်က ဝေဒီကျေးရွာသား အသက်လေးဆယ်ကျော် အရွယ်ရှိ ဦးကျော်ဟိန်းကို လက်နက်ကိုင်လူတစ်စုက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ရာ ယင်းအမျိုးသားမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ သို့သော်ဇနီးဖြစ်သူ ဒေါ်ဖြူသန်းမှာ ခြေထောက်ကို ကျည်ဆန်ထိမှန်ခဲ့ပြီး တူမဖြစ်သူ မငုဝါနိုးမှာ တင်ပါး(ခါးအနီး)တွင် ကျည်ဆန်ထိမှန်ရာမှ သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သေနတ်သံက ကျွန်တော်နိုးလာတော့ လေးငါးချက်လောက်ကြားရတယ် “ဟု ၎င်းကပြောသည်။ ဖြစ်စဉ်မှာ ရှုပ်ထွေးသည့် အခြေအနေတွင် ရှိနေပြီး ယင်းပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ-လောင်းလုံး)နှင့် ဒီမိုကရေစီရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)တို့၏ […]


