ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် လယ်ယာလုပ်ငန်းများ အခက်ကြုံ

diz_admin

November 16, 2022

အထွေထွေစရိတ်ကြီးမြင့်လာမှုနှင့်အတူ လယ်ယာလုပ်ငန်းတွင်လည်း သွင်းအားစုစရိတ်များမြင့်တက်လာပြီး လယ်လုပ်သည့်တောင်သူများ တွက်ခြေမကိုက်ဖြစ်လာကြောင်း ထားဝယ်ခရိုင်မှ လယ်သမားအချို့က ပြောသည်။ လယ်ကို စတင်ထွန်ယက်သည့်အချိန်မှ ရိတ်သိမ်းသည်အထိ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ တစ်ဧကလျှင် ကျပ် သုံးသိန်းခွဲခန့် ကုန်ကျကြောင်း ထားဝယ်ခရိုင်မှ လယ်သမားအချို့က ပြောသည်။ မိမိပိုင်လယ်၊ မိမိပိုင်ထွန်စက်နှင့် မိမိဘာသာလုပ်သည်ကိုပင် သုံးပုံ တစ်ပုံသာကိုယ့်အတွက်ကျန်သည်ဟု သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာမှ လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ “အခနဲ့ ငှားပြီးလုပ်ရမယ်ဆိုရင် သူ့ဟာနဲ့သူ ဒုံရင်းဒုံရင်းပဲ၊ အပိုငွေဆိုတာ မရှိဘူး၊ ဘာလို့လဲဆို ပစ္စည်းဈေးတွေက ကြီးနေတယ်လေ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ စက်သုံးဆီဈေးကြီးခြင်း၊ ဓာတ်မြေဩဇာဈေး အဆမတန်မြင့်တက်နေခြင်းတို့ကြောင့် လယ်ဧက နည်းနည်းလုပ်ကိုင်သူများအဖို့ ပို၍တွက်ခြေမကိုက်ဖြစ်ကြသည်ဟု လယ်သမားအချို့က ဆိုသည်။ လယ်အခြေအနေနှင့် ဓာတ်မြေဩဇာကျွေးနိုင်မှုပေါ်မူတည်ကာ လယ်တစ်ဧကကို စပါး တင်း […]

ထားဝယ် မောင်မယ်ရှောင်တွင် အမျိုးသားနှစ်ဦးထံမှ လက်နက်နှင့် မူးယစ်ဆေးဖမ်းမိ

diz_admin

November 16, 2022

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ လမ်းပိုင်းတစ်နေရာတွင် နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ညီအစ်ကို ဝမ်းကွဲတော်စပ်သည့် အမျိုးသားနှစ်ဦးထံမှ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ဒေသခံများက ပြောသည်။ ဖမ်းဆီးခံရသူများမှာ မောင်မယ်ရှောင်ရွာသား ကိုသားထူးနှင့် ကိုစိုးစိုးဆိုသူတို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူတို့နှစ်ဦးက တစ်ဝမ်းကွဲ ညီအစ်ကိုတော်တယ်။ ရွာထဲမှာလည်း မူးယစ်ဆေး သုံးစွဲရောင်းဝယ်နေကြတယ်လို့ နာမည်ကြီးတယ်။ ကိုစိုးစိုးကတော့ မူးယစ်ဆေးအမှုနဲ့ ထောင်ကျခဲ့ဖူးတယ်။ အာဏာသိမ်းပြီးမှ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတယ်” ဟု ၎င်းက ပြောသည်။ မူးယစ်ဂိုဏ်းအဖွဲ့ဝင် အဆိုပါ အမျိုးသားနှစ်ဦးကို ထားဝယ်အခြေစိုက် PDF အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Dawei Guerrilla Revolutionary Force -DGRF အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ထားချက်အရသိရသည်။ ဖမ်းဆီးရမိစဉ် ကိုစိုးစိုးထံမှ […]

သရက်ချောင်း ညောင်ဇင်ရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

diz_admin

November 16, 2022

သရက်ချောင်းမြို့နယ် ညောင်ဇင်စံပြကျေးရွာတွင် နိုဝင်ဘာလ ၁၅ ရက် နံနက် ၆ နာရီကျော်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၅၀ အရွယ် ဦးနိုင်ဆိုသူကို ညောင်ဇင်ရွာရှိ ၎င်း၏နေအိမ်တွင် အမည်မသိအဖွဲ့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ အဆိုပါအမျိုးသားမှာ သေနတ်ဒဏ်ရာများဖြင့် ထားဝယ်တွင် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း ဒေသခံအချို့က ပြောသည်။ ၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်ခတ်ခဲ့သည်ကိုလည်း မသိရသေးပေ။ ဦးနိုင်ဆိုသူမှာ ရွာတွင် ဆိုင်ကယ်တက္ကစီ ဆွဲနေသူဖြစ်ပြီး စစ်တပ်၊ ရဲများနှင့် ပြောဆိုသွားလာ ပူးပေါင်းကာ သတင်းပေးဒလန်ဟု ကျေးရွာတွင်နာမည်ထွက်နေသူဖြစ်ကြောင်း ညောင်ဇင်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “သူက အစကတည်းက အဲဒီလိုင်းနဲ့ ပတ်သက်တယ်။ စီးပွားရေးအရလည်း ဖြစ်ချင်ဖြစ်မယ်။ သူက […]

သရက်ချောင်းရဲစခန်းအနီး လက်လုပ်မိုင်းတွေ့

diz_admin

November 16, 2022

သရက်ချောင်းမြို့မရဲစခန်းအနီးတွင် နိုဝင်ဘာလ ၁၅ ရက် ညနေပိုင်းက မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်တွင် အမျိုးသားတစ်ဦး လမ်းလျှောက်လာပြီး သရက်ချောင်းမြို့မရဲစခန်းနှင့် မျက်နှာချင်းဆိုင် ရှိ မြေတူးဘိုဒူဇာရပ်ထားသည့်နေရာသို့ လက်လုပ်မိုင်းတစ်ခု ပစ်ချထားခဲ့ကြောင်း သရက်ချောင်းမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။ “မိုင်းက လက်လုပ်မိုင်း။ ပလပ်စတစ်အိပ် အမဲလေးနဲ့ ထုပ်ထားတယ်” ဟု ၎င်းက ဆိုသည်။ လက်လုပ်မိုင်းချထားခဲ့သည်ကို ရဲစခန်းမှ သိရှိသွားခဲ့ပြီး စစ်ကောင်စီတပ်အား အကြောင်းကြားခဲ့သဖြင့် လာရောက် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ ၎င်းလက်လုပ်မိုင်းအား မည်သူတို့က ချထားခဲ့သည်ကိုမူ မသိရပေ။ လက်လုပ်မိုင်းတွေ့ရှိပြီးနောက် ယင်းလမ်းပိုင်းအား ခေတ္တပိတ်ထားပြီး ဖောက်ခွဲပြီးချိန်တွင် ဖြတ်သန်းသွားလာခွင့် ပေးခဲ့ကြောင်း အခြားမြို့ခံတစ်ဦးက ဆိုသည်။ […]

လောင်းလုံး ကရင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

November 16, 2022

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု ကရင်ကြီးရွာက ဒေသခံအမျိုးသားတစ်ဦးသည် နိုဝင်ဘာလ ၁၅ ရက်က ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၃၅ နှစ်အရွယ်ရှိ ဦးထွန်းထွန်းနိုင်ဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၁၅ရက် နံနက်က သဘော့ဆိပ်နှင့် ကျောက်ဆင်ရွာကြားလမ်းပိုင်းတစ်နေရာတွင် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဖြစ်တာကတော့ မနက်စောစော ခြောက်နာရီကျော်လောက်ရှိမယ်။ သေနတ်သံတွေ လေးငါးချက်ကြားရတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါအမျိုးသားကို Dawei Defense Team-DDT တပ်ခွဲ (၃) (ထားဝယ်-ပကဖ) ၊ Dawei Guerrilla Revolutionary Force-DGRF (ထားဝယ်-ပကဖ) နှင့် Launglone People Defence Force-LLPDF (လောင်းလုံး-ပကဖ) အဖွဲ့တို့ ပူးပေါင်း၍ ရှင်းလင်းခဲ့ကြောင်း […]

လောင်းလုံး ကြယ်တောင်ကျောင်းဆရာတော်နှင့် ကိုရင်၊ ကျောင်းသားများ အဖမ်းခံရ

diz_admin

November 14, 2022

လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာ ကြယ်တောင်ကျောင်းဆရာတော် ယနေ့ နိုဝင်ဘာလ ၁၄ ရက် နံနက်စောစောတွင် ဖမ်းဆီးခံရကြောင်း ဒေသခံအချို့က ပြောသည်။ အာရုဏ်တက်ချိန်တွင် စစ်ကောင်စီတပ်သားအများအပြား လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့်အတွက် ဖမ်းဆီးခံရသည်ကိုမူ သေသေချာချာမသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။ ကျောင်းတွင်းရှိ ကိုရင်၊ ဘုန်းကြီးကျောင်းသားများအားလုံးကိုပါ ဖမ်းဆီးသွားခဲ့ပြီး ကျောင်းပိုင်ကားတစ်စီးကိုလည်း လိုင်စင်မရှိဟုဆိုကာ သိမ်းဆည်းသွားကြောင်း ဆရာတော်၏ တပည့်တကာတစ်ဦးက ပြောဆိုသည်။ “ဘာကြောင့်ဘယ်လိုဖမ်းသွားတယ်ဆိုတာတော့ ဘာမှမသိရသေးဘူး။ ‌ဆရာတော်နဲ့ ကျောင်းမှာရှိတဲ့သူ အကုန်လုံးကို ခေါ်သွားတယ်။ ကာရှေ့က (ကြယ်တောင်ကျောင်းလို့ စာတမ်းထိုးထားတဲ့) စာတွေကို ဖျက်ပြီးတော့ ယူသွားတယ် လို့တော့ သိရတယ်” ဟု ၎င်းက ပြောသည်။ ဆရာတော်အား လာရောက်ဖမ်းဆီးစဉ် ညင်းမော်ကျေးရွာနှင့် ဂေါ့အင်းကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းချထားခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ PDF […]

ကာလရှည် ပွဲမကရသဖြင့် ဇာတ်သမားများ စားဝတ်နေရေးခက်ခဲ

diz_admin

November 13, 2022

ဇာတ်ပွဲမကရသည်မှာ နှစ်ချီကြာလာပြီဖြစ်၍ ထားဝယ်ဒေသ ဇာတ်သဘင်သမားများမှာ စားဝတ်နေရေး အခက်တွေ့လာနေကြကြောင်း ထားဝယ်မြို့နယ် သဘင်အစည်းအရုံးထံမှ သိရသည်။ ၂၀၂၀ ကိုဗစ်ကာလမှစပြီး ပွဲလမ်းသဘင်ကျင်းပခွင့်မရှိတော့ဘဲ အာဏာသိမ်းပြီးနောက်မှာလည်း လူစု၊လူဝေးမလုပ်ရ၊ ညမထွက်ရအမိန့်ကြောင့် ညဘက်ပွဲကသည့် အလုပ်များအားလုံး ရပ်နားခဲ့ကြရသည်မှာ ၃ နှစ်နီးပါးရှိလာပြီ ဖြစ်သည်။ ထားဝယ်ဒေသတွင် ဇာတ်သဘင် အနုပညာအလုပ်ဖြင့် အသက်မွေးသူ ၁၅၀ မှ ၂၀၀ အကြားရှိပြီး ၎င်းတို့အထဲမှ ၇၀ ရာနူန်းမှာ စားဝတ်နေရေး အခက်တွေ့နေရကြောင်း ထားဝယ်မြို့နယ် သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးတင်မောင်ရွှေက ပြောသည်။ “တစ်ချို့တစ်ချို့သော အနုပညာသမားတွေဆိုရင် သက်ကြီးရွယ်အိုပိုင်းတွေရှိတယ်လေ။ အလုပ်ကြမ်းတွေမလုပ်နိုင်ကြဘူး။ ဒါကြောင့် သဘင်လောကသားတွေ ဒုက္ခရောက်ကြရတဲ့သူက ပိုများပါတယ်။ ထမင်းမငတ်ရုံတစ်မည်ပါပဲ” ဟု ၎င်းကဆိုသည်။ တခြားဒေသမှနေပြီး ထားဝယ်‌ဒေသတွင် ဇာတ်ကလာကြသည့် သဘင်သမားများမှာ အိမ်ခန်းလခ […]

ပုဂေါဇွန်းရွာသားတစ်ဦးကို လူတစ်စုက ဖမ်းခေါ်သွားပြီးနောက် ‌သေဆုံးလျက်ပြန်တွေ့

diz_admin

November 13, 2022

ရေဖြူမြို့နယ်၊ ပုဂေါဇွန်းရွာတွင် လက်နက်ကိုင်လူတစ်စုက ပုဂေါဇွန်းရွာသားတစ်ဦးကို ဖမ်းခေါ်သွားပြီးနောက်ရက်တွင် သေဆုံးနေသည့် အလောင်းသာ လမ်းဘေးတွင် ပြန်တွေ့ခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့ ညရှစ်နာရီဝန်းကျင်တွင် ပုဂေါဇွန်းရွာသားတစ်ဦးဖြစ်သူ အသက်ငါးဆယ်ကျော် အရွယ်ရှိ ဦးစိန်လင်းကို လက်နက်ကိုင်လူတစ်စုက ကြိုးတုတ်ဖမ်းဆီးသွားခြင်းဖြစ်သည်။ နိုဝင်ဘာလ ၁၂ ရက် မနက်ပိုင်းတွင် ယင်းကျေးရွာ၏အရှေ့ဘက်ဒေသ အခေါ် ရှမ်းဆိုဒ်အနီး လမ်းပိုင်းတစ်နေရာတွင် ဦးစိန်လင်း၏ ရုပ်အလောင်းကို တွေ့ရသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ဒဏ်ရာက တစ်ကိုယ်လုံးအနှံ့ ရှစ်ချက်လောက် ရှိမယ်။ အူတွေလည်းထွက်နေတယ် “ဟု ၎င်းကပြောသည်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များမိုင်းထောင်ထားသည်ကို စစ်ကောင်စီတပ်ကသိရှိပြီး မိုင်းဖြုတ်သွားနိုင်ခြင်းမှာ ၎င်းကသတင်းပေးလိုက်ခြင်းကြောင့် ဖြစ်သည်ဟု ကျေးရွာအတွင်း သတင်းများထွက်ပေါ်‌နေသည်။ သို့သော် ဦးစိန်လင်းအား မည်သူတို့က မည်သည့်အကြောင်းရင်းကြောင့် သတ်သွားသည်ဆိုသည်ကို Dawei watch အနေဖြစ် သီးခြားအတည်မပြုနိုင်သေးပေ။ ဦးစိန်လင်းမှာ လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က အခြားဒေသကနေ ပုဂေါဇွန်းရွာကို ဆီအုန်းခြံလုပ်သားအဖြစ် ပြောင်းရွှေ့လာပြီး ပုဂေါဇွန်းရွာသူနှင့်အိမ်ထောင်ကျခဲ့သည်။ ဆီအုန်းခြံလုပ်ငန်းများ ရပ်တန့်ထားချိန်မှ ယနေ့အထိ ရလိုင်ရွာ ရေလွှဲဆည်တွင် ဆည်မြောင်းဝန်ထမ်းတစ်ဦးအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်းလည်း အခြားဒေသခံတစ်ဦးကပြောသည်။ ၎င်း၏ရုပ်အလောင်းကို နိုဝင်ဘာလ ၁၂ ရက် နေလယ်ပိုင်းက ရွာသားများက သွားရောက်သယ်ယူပြီး မီးရှို့ သင်္ဂြိုဟ်လိုက်သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။