ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားသုံးဦး ဆေးကုသခွင့်ရနေဟုဆို
diz_admin
July 15, 2022ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားသုံးဦး ဆေးကုသခွင့်ရရှိနေကြောင်း ၎င်းတို့၏ မိသားစုဝင်များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းအချို့ထံက သိရသည်။ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်က နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး၊ မြို့တွင်းရပ်ကွက်က မစုလှိုင်နွေးနှင့် တောင်ပျောက်တိုက်နယ်၊ ဝင်းကဖော်ကျေးရွာက မခင်ကေခိုင်တို့ ဆေးဝါးကုသခွင့်ရရှိနေပြီဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ အသက် ၂၁ နှစ်ခန့်ရှိ ကိုဝေယံဖြိုးကို ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်က ကြက်စားပြင်ရပ်ကွက်၊ စောမိညိုလယ်ကွင်းစပ်တွင် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့မှုကြောင့် လက်မောင်းတွင် ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး လက်မောင်းအရိုး ကြေသွားခဲ့ခြင်းဖြစ်သည်။ ကိုဝေယံဖြိုး၏လက်မောင်းမှာ ထားဝယ်တွင်ကုသ၍ မရသဖြင့် ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်ခန့်က ရန်ကုန်အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခွင့်ရခဲ့ပြီး ဧပြီလ ၂၀ ရက်ခန့်တွင် အင်းစိန်ဆေးရုံ၌ တက်ရောက်ကာ ခွဲစိတ်ကုသခွင့်ရကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက […]


