ထားဝယ်အရှေ့တော ပကာရီရွာတိုက်ပွဲတွင် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်စီး၊ အရပ်သားနှစ်ဦး ဒဏ်ရာရ
Dawei Watch
September 16, 2025ထားဝယ်အရှေ့တောဒေသ ပကာရီရွာတွင် နှစ်ဖက်တိုက်ပွဲအတွင်း ယက္ကန်းစင်ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်လေးလုံး ထိခိုက်ပျက်စီးပြီး အရပ်သားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ ယက္ကန်းစင်ဘုန်းကြီးကျောင်းတွင် ယာယီစခန်းလာချသည့် အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိ စစ်အာဏာရှင်တပ်ဖွဲ့ကို စက်တင်ဘာလ ၁၄ ရက် ညနေတွင် ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ရာ စက်တင်ဘာလ ၁၅ နံနက်အထိ တိုက်ပွဲဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းနောက် စက်တင်ဘာလ ၁၅ ရက် နေ့လယ် ၁၂နာရီခွဲတွင် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သလို စက်သေနတ်များဖြင့်လည်း ပစ်ခတ်ကြောင်း ၎င်းတို့က ပြောသည်။ ယင်းအပြင် ထားဝယ်မြို့ရှိ စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့်လည်း ပစ်ကူပေးခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ အဆိုပါတိုက်ပွဲအတွင်း ယက္ကန်းစင်ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းဆောင်အချို့ ခေါင်းမိုး ပွင့်ထွက်ခြင်း၊ မျက်နှာကျက်များ ပြိုကျပျက်စီးခြင်း၊ […]


