ရေခဲလုံးရောင်းသူအမျိုးသား ရလိုင်တံတားပေါ်တွင် ပစ်သတ်ခံရ
diz_admin
November 28, 2022အသက် ၃၀ ကျော်အရွယ်ရှိ ရေခဲလုံးရောင်းသူ အမျိုးသားတစ်ဦး ရေဖြူမြို့နယ် ရလိုင်တံတားပေါ်တွင် ယနေ့ နိုဝင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ ယနေ့ နေ့လယ် ၁၂နာရီဝန်းကျင်တွင် တံတားဖက်က သေနတ်ပစ်ခတ်သံနှစ်ချက် ဆက်တိုက်ကြားရပြီးနောက် တံတားပေါ်တွင် အမျိုးသားတစ်ဦး သေဆုံးနေသည်ကိုတွေ့ရကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက ဆိုသည်။ အဆိုပါအမျိုးသားသည် ဆိုင်ကယ်စီးလျက်သား လဲကျနေခြင်းဖြစ်ပြီး ဦးခေါင်းတွင် သွေးများစီးကျနေသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။ ဆိုင်ကယ်နောက်ထိုင်ခံတွင် ရေခဲချောင်းထည့်ထားပြီး အဝါရောင်တိတ်ဖြင့် ပတ်ထားသည့် ပုံးအဝါတစ်လုံးပါကြောင်း ၎င်းက ပြောဆိုသည်။ အဆိုပါအမျိုးသားသည် ရလိုင်၊ ပုဂေါဇွန်းကျေးရွာဘက်တွင် နို့အေးလုံးရေခဲချောင်း လာရောင်းနေသည်မှာ မကြာသေးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ သို့သော် ယင်းအမျိုးသား၏ အမည်နှင့် […]


