တနင်္သာရီတိုင်းပြင်ပမှသူများ ထားဝယ်တွင် နိုင်ငံကူးလက်မှတ်လျှောက်ခွင့်မပြုတော့
diz_admin
December 6, 2022တနင်္သာရီတိုင်းပြင်ပကသူများ ထားဝယ်မြို့တွင် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားခြင်းကို ခွင့်မပြုတော့ကြောင်း စစ်ကောင်စီ၏ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးကဆိုသည်။ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ၊ ဒေသတွင်း မတည်ငြိမ်မှုများနှင့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုများကြောင့် မြန်မာနိုင်ငံသားများမှာ ပြည်ပသို့ထွက်ခွာမှု အလွန်များပြားလာနေသည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးအပါအဝင် နယ်မြို့များရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများတွင် လျှောက်ထားသူ အလွန်များနေသည်။ ယင်းကြောင့် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများမှာ လူနည်းသည့် ဒေသများရှိ နိုင်ငံကူးလက်မှတ်ရုံးများကို သွားရောက်ကာ လျှောက်ထားကြသည်များ ရှိနေသည်။ တနင်္သာရီတိုင်း ထားဝယ်မြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင်လည်း တိုင်းပြင်ပမှသူများ လာရောက်လျှောက်ထားမှု အများအပြားရှိနေချိန်တွင် ယင်းသို့ကန့်သတ်ချက် ထုတ်လိုက်ခြင်းဖြစ်သည်။ အခြားပြည်နယ်နှင့်တိုင်းနေသူတို့သည် အုပ်စုလိုက် ကားစီးလုံးဖြတ်ငှားရမ်းပြီး ထားဝယ်မြို့တွင် တည်းခိုနေထိုင်ကာ နိုင်ငံကူးလက်မှတ် လျှောက်ထားနေကြခြင်း ဖြစ်သည်။ ယင်းကဲ့သို့လာရောက်လျှောက်ထားသူများသဖြင့် […]


