ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီဟောင်း တစ်ပိဿာ ကျပ် ၅၀၀၀ ခန့်ရောက်ရှိ
diz_admin
December 8, 2022ထားဝယ်တွင်လူကြိုက်များသည့် ကြက်သွန်နီအဟောင်း တစ်ပိဿာ ကျပ် ၅၀၀၀ အထိရောက်ရှိနေပြီး အတက်ဈေးတွင် ဆက်ရှိနေဦးမည်ဟု စားသုံးကုန်စည် လက်လီလက်ကား ရောင်းချသည့် ဈေးကွက်ထံမှသိရသည်။ ဒီဇင်ဘာလ ကုန်လောက်တွင် လက်ရှိကြက်သွန်နီအဟောင်းမှာ ပြတ်လတ်သွားတော့မည် ဖြစ်သည့်အတွက် ထားဝယ်မြို့၏ လက်ကား အရောင်းဆိုင်တစ်ချို့တွင် ပြီးခဲ့သည့် အောက်တိုဘာ ပထမပတ်မှစပြီး ဒီဇင်ဘာ ပထမပတ်အထိ တစ်ပိဿာ ကျပ်သုံးထောင်ကျော်မှ ကျပ်ငါးထောင်နီးပါးအထိ စျေးတက်သွားခြင်းဖြစ်သည်။ “မော်လမြိုင်မှာအဟောင်းကမရှိတော့ဘူး အသစ်ကတော့ဝင်နေတယ်ပေါ့နော် ဈေးကတော့ကျမသွားဘူး မာနေတဲ့သဘောတော့ရှိတာပေါ့”ဟု သူမကပြောသည်။ လက်ရှိထားဝယ်လက်ကားဈေးကွက်တွင် ကြက်သွန်ဟောင်းတစ်ပိဿာ ၄၈၀၀ ခန့်နှင့် ကြက်သွန်သစ်တစ်ပိဿာမှာ ၄၂၀၀ ကျပ် ဖြင့် ဈေးကွက်တွင်ရောင်းချလျက်ရှိသည်။ သို့သော်ထားဝယ်မြို့၏ လက်လီဈေးကွက်တွင် ကြက်သွန်ဟောင်းတစ်ပိဿာ ကျပ် ငါးထောင်ေကျာ်ဝန်းကျင်ခန့်ပေးဝယ်ခဲ့ရကြောင်း လောင်းလုံးမြို့နယ်ရှိ မုန့်လက်သုတ် ဆိုင်ဖွင့်ထားသူ အမျိုးသမီးကပြောသည်။ “ကြက်သွန်သစ်က မြင်တောင်မမြင်ရသေးဘူး ကြက်သွန်ဟောင်းကတော့ […]


