လောင်းလုံးတွင် စစ်ရေးတင်းမာ၊ စစ်ကောင်စီတပ်ကား မိုင်းခွဲခံရ
diz_admin
December 23, 2022စစ်ရေးတင်းမာနေသည့် လောင်းလုံးတွင် မြို့အထွက်လမ်းပိုင်းတစ်နေရာ၌ စစ်ကောင်စီတပ်ကားနှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယနေ့(ဒီဇင်ဘာ ၂၃)နံနက် ငါးနာရီခန့်က စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် Vigo ကားနှစ်စီးဖြတ်သန်းချိန်တွင် လောင်းလုံးမြို့နှင့် ညင်းမော်ရွာကြား၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ လောင်းလုံး- ညင်းမော်သွားလမ်း မိုးလေဝသရုံးအနီးတွင် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ “လူထိခိုက်တာမျိုးတော့ မရှိဘူးလို့ သိရတယ်”ဟု ၎င်းက ပြောသည်။ ထိုသို့ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်ရောက်လာပြီး အခင်းဖြစ်နေရာမှ ညင်းမော်ရွာအထိ လမ်းတစ်လျှောက်တွင် နေရာယူထားကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းအပြင် ညင်းမော်ရွာရှိ နေအိမ်အများစုကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးနေကြောင်း ၎င်းတို့က ပြောသည်။ နံနက် ၉ နာရီခွဲခန့်တွင်မူ စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ပြီး ညင်းမော်ရွာ အနောက်ဘက်ရှိ ဆီအုန်းတောအတွင်း နေရာယူထားသည်ဟု ဆိုသည်။ “ဆီအုန်းတောထဲ အင်အားထပ်ဖြည့်ပြီး […]


