ပျောက်ဆုံးနေသည့် ပုဂေါဇွန်းရွာသားငါးဦးအနက် သုံးဦး၏အလောင်းတွေ့
diz_admin
August 2, 2022ရေဖြူမြို့နယ် ပုဂေါဇွန်းရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်း ပစ်ခတ်ဝင်ရောက်ပြီးနောက် ပျောက်ဆုံးနေသည့် ရွာသား ငါးဦးအနက် သတ်ဖြတ်မြှုပ်နှံခံထားရသူသုံးဦး၏ ရုပ်အလောင်းကို ယနေ့ (ဩဂုတ် ၂) တွေ့ရှိကြောင်း ဒေသခံများက ပြောသည်။ ဇူလိုင် ၃၁ ရက် ညနေပိုင်းက ပုဂေါဇွန်းအရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယင်းရွာသို့ ဝင်ရောက်လာကာ နေအိမ်တစ်ဆောင်ရှေ့တွင် သေနတ်ဖြင့် ၁ဝချက်ခန့် ပစ်ခတ်ခဲ့ပြီးနောက် ဒေသခံ ရွာသားငါးဦး ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ယင်းသေနတ်သံမှာ ဦးမောင်ကြည်ဆိုသူ၏ နေအိမ်ကို ပိတ်ဆို့ဖမ်းဆီးရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ဇူလိုင်လ ၃၁ရက် ည ၇နာရီခန့်တွင် ဦးမောင်ကြည်ဆိုသူ၏ နေအိမ်ကို ဝင်ဝိုင်းရာ ၎င်း၏ သားမက်ဖြစ်သူ ဦးစောရှီမှာ ထွက်ပြေးရာမှ ပစ်ခတ်ခံလိုက်ရကြောင်း ဒေသခံအချို့ကို ယနေ့ […]


